Connect with us

Europe

အမေရိကန်နိုင်ငံ၏ နျူကလီးယား ရေငုပ်သင်္ဘော ပါဝင်မှုအပေါ် ရှင်းလင်းချက်ပေးရန် တရုတ်စစ်တပ်က တောင်းဆို

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ပါဝင်ပတ်သက်သည့် အဖြစ်အပျက်ကို အသေးစိတ် ရှင်းလင်းရန် တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အား နိုဝင်ဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။အမေရိကန်ဘက်မှ ရေငုပ်သင်္ဘောမောင်းနှင်သွားလာခြင်း၏ ရည်ရွယ်ချက်အစစ်အမှန်၊ အချင်းဖြစ်ပွားသည့်နေရာ အတိအကျနှင့် ယင်းဖြစ်ရပ်သည် နျူကလီးယားယိုစိမ့်မှုနှင့် ပင်လယ်ရေကြောင်းညစ်ညမ်းမှုဖြစ်စေခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wu Qian က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန် သင်္ဘောများမှ ပမာဏများများနှင့် မကြာခဏ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်မှုအပြင် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးအသွင်ပုံသွင်းမှုနှင့် ရေကြောင်းသွားလာရေးကြီးစိုးမှုများအဖြစ် တရုတ်နိုင်ငံဘက်မှ မှတ်ယူကြောင်း Wu မှ ပြောကြားခဲ့သည်။

“အချိန်မနှောင်းမီမှာ ဒီလှုပ်ရှားမှုတွေကို ချက်ချင်းရပ်ပစ်ဖို့ အမေရိကန်ဘက်ကို တိုက်တွန်းပါတယ်” ဟု Wu က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Chinese military demands clarification of U.S. nuclear-sub incident

BEIJING, Nov. 25 (Xinhua) — A Chinese military spokesperson Thursday urged the United States to explain in detail the incident involving a U.S. nuclear submarine in the South China Sea.

The U.S. side must make clear the real intention of the submarine navigation, the accurate location where the incident occurred, and whether the incident caused nuclear leakage and marine pollution, said Wu Qian, a spokesperson for the Ministry of National Defense, at a press conference.

The Chinese side attributes the incident to large-scale and frequent military activities by U.S. vessels in the Asia-Pacific region, as well as the U.S. acts seeking militarization in the South China Sea and navigation hegemony, said Wu.
“We urge the U.S. side to immediately cease these moves before it is too late,” Wu said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.