Connect with us

North America

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၌ ဧက ၂၀၀,၀၀၀ ကျော် Caldor တောမီးလောင်ကျွမ်း ၊ ၂၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားတွင် Caldor တောမီးလောင်ကျွမ်းမှုသည် စက်တင်ဘာ ၁ ရက်အထိ ဧက ၂၀၀,၀၀၀ ကျော်လောင်ကျွမ်းထားပြီး South Lake Tahoe မြို့ အရှေ့ဘက်ရှိ Meyers ရပ်ကွက်သို့ ဆက်လက် ကူးစက်ပျံ့နှံ့နေကြောင်း မီးသတ်တာဝန်ရှိသူများက ပြောခဲ့သည်။လေပြင်းတိုက်ခိုက်မှုကြောင့် Caldor တောမီးသည် Tahoe Basin ဘက်သို့ ဦးတည်ခြိမ်းခြောက်နေပြီး မီးတောက်မီးလျှံများသည် လူနေအိမ်များနှင့် နှင်းလျှောစီးအပန်းဖြေစခန်းများဆီသို့ ရွှေ့လျား နီးကပ်လာနေကြောင်း စက်တင်ဘာ ၁ ရက် ထုတ် San Francisco Chronicle သတင်းစာကဖေါ်ပြခဲ့သည်။

တာဟိုးရေကန်တောင်ပိုင်း ဧရိယာတစ်ခုလုံးအား သြဂုတ် ၃၀ ရက်မှစ၍ နီဗားဒါးနယ်စပ်ကိုဖြတ်ကျော်ကာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းမှုအသစ်များပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၎င်းတောမီးကြောင့် မြေ ၂၀၄,၃၉၀ ဧက (၈၂၇ စတုရန်းကီလိုမီတာခန့်) လောင်ကျွမ်းခဲ့ပြီး စက်တင်ဘာ ၁ ရက် နံနက်ပိုင်းအထိ ၂၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ El Dorado နှင့် Amador ကောင်တီများရှိ အဆောက်အဦပေါင်း ၇၂၉ လုံး ပျက်စီးသွားခဲ့ကြောင်းနှင့် ထောင်ချီသော အဆောက်အဦများလည်း ခြိမ်းခြောက်ခံနေရကြောင်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဦးစီးဌာန (Cal Fire) မှ သိရသည်။

လွန်ခဲ့သော ၁၇ ရက်က စတင်လောင်ကျွမ်းခဲ့သည့် မီးကြောင့် မီးသတ်သမား ၃ ဦးနှင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CAL FIRE မှ သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းလျက်ရှိသောကြောင့် မတော်တဆမှုများ ပိုမိုဖြစ်ပွားနိုင်ကြောင်း ယင်းအခင်းဖြစ်ပွားရာနေရာမှ လုံခြုံရေးအရာရှိ Jamal Cook က သတိပေးခဲ့သည်။ “ ပင်ပန်းနွမ်းနယ်ကြမှာပေါ့ ၊ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့မှာလုပ်စရာတွေအများကြီး ရှိနေတယ် “ ဟု ၎င်း ၏ ပြောစကားကို San Francisco Chronicle သတင်းစာက ဖော်ပြခဲ့သည်။ (Xinhua)

——————————————-
(English Version)

Caldor Fire in U.S. California surpasses 200,000 acres with 20 pct containment

SAN FRANCISCO, Sept. 1 (Xinhua) — The Caldor Fire in U.S. Northern California surpassed 200,000 acres on Wednesday, spreading into Meyers, a community on the east side of South Lake Tahoe, the fire officials said.

A forecast of heavy winds threatened to push the Caldor Fire further into the Tahoe Basin, as flames on several fronts moved closer to residential communities and ski resorts, according to a report by the San Francisco Chronicle on Wednesday.

The entire South Lake Tahoe area has been under evacuation orders since Monday, with new evacuations across the Nevada border.

The blaze has burned 204,390 acres (about 827 square km) with 20 percent containment as of Wednesday morning, destroyed 729 buildings in El Dorado and Amador County and threatened thousands more, according to the California Department of Forestry and Fire Protection (CAL FIRE).

Three firefighters and two civilians have suffered injuries since the fire started 17 days ago, CAL FIRE said.

The incident safety officer Jamal Cook warned that crews are mentally and physically tired, which could lead to more accidents.

“Fatigue can and will set in … We all know we have a long grind ahead of us,” he was quoted as saying in the San Francisco Chronicle report. Enditem