Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်ရှိ ရေပန်းဥယျာဉ်၌ ဓာတုယိုဖိတ်မှု ဖြစ်ပွားပြီး လူဒါဇင်ပေါင်းများစွာ ကုသမှုခံယူရ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ် San Antonio မြို့၌ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက ပြန်လည်ဖွင့်လှစ်လိုက်သည့် Six Flags Fiesta Texas ၌ ရိုလာကိုစတာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်ရှိ ရေပန်းဥယျာဉ်တစ်ခုအတွင်း ရေကူးသည့် နေရာ၌ အမျိုးအမည်မသိ ဓာတုယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၃၀ ဦးကျော်အား ဆေးကုသပေးထားရကြောင်း Harris ကောင်တီ မီးသတ်တပ်ဖွဲ့ဆိုင်ရာ အကြီးအကဲရုံးထံမှ ဇူလိုင် ၁၇ ရက်တွင် သိရသည်။ ယင်းယိုဖိတ်မှုသည် ဟူစတန်ပြည်နယ်မြောက်ပိုင်းရှိ ရေပန်းဥယျာဉ်တစ်ခုဖြစ်သော Six Flags Hurricane Harbor Splashtown ၌ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အန္တရာယ်ရှိသောပစ္စည်းများ စီမံခန့်ခွဲမှုဌာန (HAZMAT) တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်လေထုအား စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

လူပေါင်း ၃၀ ကျော်သည် ဓာတုပစ္စည်း ဓာတ်ရောင်ခြည်သင့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။၎င်းတို့အနေဖြင့် အသေးစား အရေပြားထိတွေ့မိခြင်း သို့မဟုတ် အငွေ့ရှူရှိုက်မိခြင်း မှတဆင့် ယားယံခြင်းများ ကြုံတွေ့ခံစားရသည်ကို ပြောပြခဲ့သည်ဟု  ဌာနက ဆိုသည်။

တာဝန်ရှိသူများက ယင်းဖြစ်စဉ်သည် ဓာတုယိုစိမ့်မှုမှတဆင့် ယိုဖိတ်မှု ဖြစ်လာခြင်း ဟုတ်မဟုတ် မသေချာသေးကြောင်း ပြောကြားခဲ့သည်။ အန္တရာယ်ရှိသောပစ္စည်းများ စီမံခန့်ခွဲမှုဌာန (HAZMAT) အဖွဲ့ဝင်များက ယိုဖိတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား ဖော်ထုတ်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————————–

(English Version)

Dozens treated after chemical spill in water park in U.S. Texas

HOUSTON, July 17 (Xinhua) — More than 30 people were treated after an unknown chemical spilled in a pool area at a water park in U.S. Texas, the Harris County Fire Marshal’s Office said Saturday.

The authorities said the spill happened in Six Flags Hurricane Harbor Splashtown, a water park north of Houston. Hazardous Materials Management (HAZMAT) officials arrived at the scene to monitor the air.

The office said over 30 people were going through decontamination. The people who were affected said they experienced minor skin and/or inhalation irritation, said the office.

Officials said they were unsure if the spill came from a chemical leak. HAZMAT crews were trying to identify the cause of the spill. Enditem

Photo – Photo taken on June 20, 2020 shows a roller coaster at the reopened Six Flags Fiesta Texas in San Antonio, Texas, the United States. The famous Six Flags Fiesta Texas reopened to public on June 19. Due to COVID-19 pandemic, the park was closed since mid-March. (Photo by Lie Ma/Xinhua)