Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ အရေအတွက် ၃၆ ဦးထိ မြင့်တက် ၊ ၁၀၉ ဦး ပျောက်ဆုံးနေ

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Surfside မြို့ ရှိ ၁၂ ထပ် တိုက် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုတွင် အတည်ပြုထားသော သေဆုံးသူအရေအတွက်သည် ၃၆ ဦးထိ မြင့်တက်လာခဲ့ကြောင်း Miami-Dade ကောင်တီမှူး Daniella Levine Cava က ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တိုင်ကြားထားသော ပျောက်ဆုံးနေသူဦးရေမှာ ၁၀၉ ဦး ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ကယ်ဆယ်ရေးသမားများ က အကျိုးအပဲ့များတွင် ဆက်လက်ရှာဖွေနေပြီး လစ်လပ်နေသော နေရာများ သို့မဟုတ် လူရှိနေနိုင်သည့် နေရာများနှင့် ပတ်သတ်၍ အားတက်စရာ လက္ခဏာများ မတွေ့ရှိရကြောင်း Miami-Dade ကောင်တီ မီးသတ်အကြီးအကဲ Alan Cominsky က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် ဇွန် ၂၅ ရက်က တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအား တွေ့ရစဉ် (Photo by Monica McGivern/Xinhua)

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အားတက်စရာ ဘာတစ်ခုမှ မတွေ့ခဲ့ရပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။ရှာဖွေကယ်ဆယ်ရေးများသည် ဇူလိုင် ၆ ရက် နေ့လည်ပိုင်းတွင် နှစ်နာရီခန့် ရပ်နားခဲ့ရပြီး အပူပိုင်းမုန်တိုင်း Elsa နီးကပ်လာသည်နှင့်အတူ မိုးကြိုးပစ်ခြင်း နှင့် တစ်နာရီလျှင် မိုင် ၃၀(၄၈ ကီလိုမီတာ)အထက် လေပြင်းတိုက်ခတ်မှုကြောင့် ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း CNN သတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါ ပြိုကျမှုသည် ဇွန် ၂၄ ရက်တွင် မိုင်ယာမီကမ်းခြေ၏ မြောက်ဘက် ၉ ဒသမ ၆ ကီလိုမီတာအကွာရှိ ကမ်းခြေမြို့၌ Champlain Towers South ကွန်ဒိုမီယံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြိုကျမှုဖြစ်ပွားချိန်မှစ၍ မိုင်ယာမီဧရိယာရှိ အဆောက်အအုံအများအပြားကို ကြံ့ခိုင်မှု စစ်ဆေးခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ (Xinhua)
—————————————————-
(English Verion)

Death toll rises to 36 in U.S. Florida building collapse, 109 still missing

WASHINGTON, July 6 (Xinhua) — The confirmed death toll in the partial collapse of a 12-story residential building in Surfside, southeastern U.S. state Florida, has risen to 36, Miami-Dade Mayor Daniella Levine Cava said at an evening news briefing on Tuesday.

There are 109 “reports of people who are potentially unaccounted for,” the mayor said.
Miami-Dade County Fire Chief Alan Cominsky said they failed to find any positive signs in regard to voids or livable spaces as rescue workers continue to search the rubble left behind.
“Unfortunately we’re not seeing anything positive,” Cominsky said.

Search and rescue were forced to pause for about two hours Tuesday afternoon because of lightning and some gusts of wind that went above 30 miles (48 km) per hour with Tropical Storm Elsa approaching, according to a CNN report.

The collapse occurred on June 24 at the Champlain Towers South condominium in the beachside town that sits around 9.6 km north of Miami Beach.
Since the collapse, multiple Miami-area buildings have been evacuated, local media reported. Enditem

Photo 1 – A screenshot taken from a video released by the Miami-Dade Fire Rescue on June 25, 2021 shows first responders rescuing survivors from a partially collapsed residential building in Miami-Dade County, Florida, the United States. (Miami-Dade Fire Rescue/Handout via Xinhua)

Photo 2 – Photo taken on June 25, 2021 shows the partially collapsed residential building in Miami-Dade County, Florida, the United States. (Photo by Monica McGivern/Xinhua)