Connect with us

North America

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် “လွတ်လပ်ရေးနေ့”အားလပ်ရက်ကာလအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တွင် နှစ်စဉ် သေနတ်ပစ်ခံရ၍ သေဆုံးသွားသူပေါင်း ၄၀,၀၀၀ ကျော်အတွက် အောက်မေ့ဖွယ် အဖြစ် National Mall အဆောက်အဦရှေ့တွင် လွမ်းသူ့ပန်းခြင်းများချထားသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို၊ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပြီးခဲ့သော ရက်သတ္တပတ်အကုန် သောကြာနေ့ မှ အင်္ဂါနေ့ နံနက်အစောပိုင်းထိ “ အမေရိကန်လွတ်လပ်ရေးနေ့” အားလပ်ရက် ၃ ရက် တာ ကာလအတွင်း အနည်းဆုံး လူပေါင်း ၁၀၄ ဦးသေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူ ၁၇ ဦးရှိကြောင်း ချီကာဂိုရဲတပ်ဖွဲ့ နှင့် Chicago Tribune သတင်းစာဖော်ပြချက်များ အရ သိရသည်။ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူများထဲတွင် တနင်္လာနေ့မနက်ပိုင်းက ကားမောင်းနှင်နေသော မိခင်နံဘေးတွင် ထိုင်နေသည့် အသက် ၆ နှစ်အရွယ် သမီးငယ်လေးတစ်ဦးအပါအဝင် အနည်းဆုံး အသက် ၁၄ နှစ်အောက် ကလေးငယ် ၄ ဦး ပါဝင်ကြောင်း Chicago Tribune သတင်းစာ၏ ဇူလိုင် ၆ ရက် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ရဲအရာရှိ ၂ ဦးလည်း အပစ်ခံရကြောင်း ၎င်းတို့သည် ချီကာဂိုမြို့ West Side ၌ လူအုပ်ကြီးအား လူစုခွဲစဉ် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် အပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရဲအရာရှိနှစ်ဦးစလုံး ပြန်လည်သက်သာရန် မျှော်လင့်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ချီကာဂိုမြို့လယ်ခေါင်၌ ဇူလိုင် ၄ ရက် ညပိုင်းက ဖြစ်ပွားသော အုပ်စုလိုက်ရန်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သူ ၅၇ ဦးကိုလည်း ချီကာဂိုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း နှင့် ယင်းတို့အနက် ၅၀ ဦးမှာ လူငယ်လူရွယ်များဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့တော်ကြီး နှင့် အနီးဝန်းကျင်တစ်ဝိုက်တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းနှင့်အတူ တရားမဝင် မီးရှူးမီးပန်းစက်ရုံမှ အလုပ်သမားများ ထိခိုက်ဒဏ်ရာရခဲ့သဖြင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့ရသလို မစ်ရှီကန်ရေကန်ကြီးထဲ အားလပ်ရက် အပျော်လွန်ရာမှ လှေအချင်းချင်းမတော်တဆတိုက်မိခဲ့ခြင်းကြောင့် ရေနစ်သွားသူများကိုလည်း ကယ်ဆယ်ခဲ့ရကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ချီကာဂိုမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၄ ရက် ညပိုင်းမှ ဇူလိုင် ၅ ရက် နံနက်ပိုင်းအထိ အနည်းဆုံး အဆောက်အဦ အလုံး ၃၀ နှင့် ကား ကားဂိုဒေါင် ၂၇ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း နှင့် မီးပုံ၂၉၃ ပုံ အထိ ရှိခဲ့ကြောင်း သိရသည်။

“အမေရိကန်လွတ်လပ်ရေးနေ့” အားလပ်ရက်သည် ၂၀၂၁ ခုနှစ်၏ အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်ပွားသည့် ရက်သတ္တပတ်ကုန်ပိုင်း အားလပ်ရက် တစ်ခုဖြစ်ခဲ့ကြောင်း Chicago Sun-Times သတင်းစာက ရေးသားဖော်ပြခဲ့ပြီး ယင်းဖြစ်စဉ်များကြောင့် လူပေါင်း ၁၀၄ ဦး သေနတ်ပစ်ခတ်ခံရကာ ၎င်းတို့အနက် ၁၉ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရသူများထဲတွင် ကလေးငယ် ၁၃ ဦးပါဝင်ကြောင်းလည်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ချီကာဂိုမြို့တွင် ယခုနှစ်စပိုင်းမှ ဇူလိုင် ၄ ရက် အထိ လူပေါင်း ၂,၀၁၉ ဦး သေနတ်ပစ်ခံရပြီး ယခင်နှစ်အလားတူကာလဖြင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ၊ ထို့ပြင် ၂၀၁၉ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၅၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Chicago Sun-Times သတင်းစာဖော်ပြချက်အရ သိရသည်။(Xinhua)

———————————————–
(English Version)

Chicago reports 17 shooting deaths over holiday weekend

CHICAGO, July 6 (Xinhua) — At least 104 people have been shot and 17 of them died from their injuries in Chicago over the past 3-day “Independence Day” holiday weekend that started Friday and ended early Tuesday morning, according to reports from Chicago police and the Chicago Tribune.

Among those injured in shootings were at least four children younger than 14, including a 6-year-old girl who was wounded along with her mother in a drive-by shooting early Monday, the Chicago Tribune reported on Tuesday.

Two police officers were shot and wounded early Monday while dispersing a crowd on the West Side of Chicago. Both are expected to recover, police said.
Chicago police also arrested 57 people in connection with skirmishes in downtown Chicago on Sunday night, 50 of whom were juveniles.

First responders in the U.S. third largest city and suburbs were busy with fires and injuries resulting from illegal fireworks, as well as water rescues and boating crashes as people flocked to Lake Michigan for recreation, the local newspaper reported. The Chicago Fire Department responded to at least 30 building fires, 27 garage fires and 293 rubbish fires Sunday night through Monday morning.

The Chicago Sun-Times called the past “Independence Day” weekend the most violent weekend of 2021, claiming 104 were shot, and 19 of them killed. And among the wounded were 13 kids.

Through July 4, 2,019 people have been shot in Chicago this year, an increase of almost 13 percent compared to the year before, and a 58 percent increase in shootings compared with 2019, according to the Chicago Sun-Times.

Photo taken on April 13, 2021 shows 40,000 white silk flowers installed on the National Mall to honor the nearly 40,000 Americans who die every year from gun violence in Washington, D.C., the United States. (Xinhua/Liu Jie)