Connect with us

Media

အမေရိကန်၏ COVID-19 မူဝါဒက ကမ္ဘာကြီးအား အဆိပ်သင့်စေ

နယူးယောက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု တွင် COVID-19 ၏ နောက်ဆုံး ဗီဇပြောင်း ဗိုင်းရပ်စ် ဖြစ်သော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရမှုသည် နိုင်ငံတစ်ဝန်းလုံးတွင် စံချိန်တင်မြင့်တက်နေပြီး နိုင်ငံ၏ ပွင့်လင်းသောမူဝါဒကြောင့် ကမ္ဘာအနှံ့ ဗိုင်းရပ်စ်များဆိုးဝါးစွာပျံ့နှံ့စေခဲ့သည်။

အမေရိကန်နိုင်ငံအတွင်း နေ့စဉ် COVID-19 ကူးစက်ခံရမှု အရေအတွက်မှာ စံချိန်တင်မြင့်သထက်မြင့်လာပြီး ဇန်နဝါရီ ၁၀ ရက်က ကူးစက်ခံရသူဦးရေမှာ ၁.၅ သန်းနီးပါးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က နောက်ဆုံး ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။

၇ ရက်တာအတွင်း ဆေးရုံတင်ခဲ့ရသည့် လူဦးရေမှာ ဇန်နဝါရီ ၁၁ ရက်တွင် ၁၄၀,၀၀၀ နီးပါးရှိလာခဲ့ပြီး ယင်းမှာ ပြီးခဲ့သည့်နှစ် ဆောင်းရာသီက ကူးစက်ခဲ့သည့် စံချိန်တင်  ပမာဏထက် ကျော်လွန်ခဲ့ကြောင်း  အမေရိကန်နိုင်ငံ ကျန်းမာရေးနှင့် လူ့စွမ်းအားဝန်ဆောင်မှုအချက်အလက်ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ စံချိန်သစ်သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက သတ်မှတ်ထားသည့်စံချိန်တစ်ခုကို ကျော်လွန်ခဲ့သည်။

COVID-19 ကြောင့်သေဆုံးမှုများသည်လည်း တိုးပွားလျက်ရှိသည်။ နိုင်ငံအတွင်း နေ့စဉ် ပျမ်းမျှလူဦးရေ ၁,၅၀၀ ကျော် သေဆုံးမှုရှိကြောင်း၊ ၎င်းမှာ ယမန်နှစ်က အောက်တိုဘာ လလယ်ကတည်းက စတင်ကာ တိုးမြင့်မှုစံချိန်သစ်ဖြစ်ခဲ့ကြောင်း CDC ၏ ကိန်းဂဏန်းများအရသိရသည်။

အမေရိကန်ပြည်ထောင်စု၏ ပွင့်လင်းသောမူဝါဒသည် ကမ္ဘာကြီးပေါ်တွင် ဆိုးဝါးလျက်ရှိသည်။

နိုင်ငံအတွင်း အဝင်အထွက်များပြားခြင်းနှင့်  ပြည်ပသို့ ခရီးသွားခြင်းမူဝါဒများ လျော့ရဲမှုများ သည် ကမ္ဘာလုံးဆိုင်ရာကူးစက်မှုများ မြင့်တက်ရသည့်အကြောင်းရင်းများဖြစ်သည်။

ဂျပန်နိုင်ငံတွင်ရှိသော အမေရိကန်နိုင်ငံ ပြည်ပ စစ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်တပ်ရှိ တပ်ဖွဲ့ဝင်များအား ဂျပန်နိုင်ငံသို့ မလာရောက်မီနှင့် ရောက်ရှိအပြီး COVID-19 စစ်ဆေးမှု ပေါ်လစီလျော့ရဲမှုကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရမှုဦးရေ တိုးသထက်တိုးလာခဲ့ခြင်း ဖြစ်သည်။

ကပ်ရောဂါ ကာလအတွင်း အမေရိကန်နိုင်ငံသည် အထောက်အထားမရှိသော ရွှေ့ပြောင်းသူများအား ပြည်နှင်ဒဏ်ပေးမှုများအား ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကူးစက်ခံရမှု ဦးရေတိုးပွားမှုရလဒ်ကိုဖြစ်ပွားစေခဲ့သည်။ (Xinhua)

……………………….

(English Version)

GLOBALink | U.S. COVID-19 policy poisons world

NEW YORK, Jan. 13 (Xinhua) — The latest COVID-19 surge has hit a record high in the U.S. as the Omicron variant tears across the country, its open-door policy has exacerbated the global spread of the virus.

The country shattered daily COVID-19 cases record again as nearly 1.5 million new cases were reported on Monday, according to the latest data of Johns Hopkins University.

The seven-day average reached 140,000 people hospitalized on Tuesday, more than the previous high recorded during the surge last winter, according to the U.S. Department of Health and Human Services data. The new record surpassed the one set in January last year.

COVID-19 deaths are also spiking. The country is averaging over 1,500 deaths daily, a new high since mid-October last year, CDC data show.

The U.S. open-door policy has exacerbated global spread. The frequent flow of people in the country and lax policies on outbound travel are reasons for the global outbreak.

Overseas at U.S. military bases in Japan, virus cases surge, caused by the U.S.’ lax approach to administering its military personnel with COVID-19 tests before and after arriving in Japan.

During the pandemic, the U.S. has continued to deport undocumented immigrants that also resulted in pushing up imported caseloads worldwide.

 

Produced by Xinhua Global Service