Connect with us

Africa & Middle East

အမျိုးသား နှင့် အမျိုးသမီးများအကြား COVID-19 ရောဂါကာကွယ်သော ပဋိပစ္စည်းပမာဏ ကွဲပြားခြားနားချက်များကို အစ္စရေးနိုင်ငံက လေ့လာတွေ့ရှိ

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiin မြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုစင်တာ၌ ဇွန် ၂၂ ရက်က ကာကွယ်ဆေးထိုးနှံမှုခံယူနေသော အစ္စရေးလူငယ်တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အစ္စရေးဆေးဘက်ဆိုင်ရာသုတေသီများက အမျိုးသား နှင့် အမျိုးသမီးများအကြား သွေးထဲတွင် COVID-19 ရောဂါကာကွယ်သောပဋိပစ္စည်းပမာဏ ကွဲပြားခြားနားချက်များကို တွေ့ရှိခဲ့ကြောင်း တဲလ်အဗစ်တက္ကသိုလ်(TAU)က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ တဲလ်အဗစ်တက္ကသိုလ် နှင့် ရှမီယာဆေးဘက်ဆိုင်ရာစင်တာတို့မှ သုတေသီများက ကိုဗစ်ရောဂါမှ ပြန်လည် သက်သာ ကောင်းမွန်လာသော အမျိုးသမီးများတွင် အသက် ၅၁ နှစ်အရွယ်မှ ရောဂါကာကွယ်သော ပဋိပစ္စည်းများထွက်ရှိမှုအဆင့်သည် မြင့်တက်လာခဲ့ပြီး ယင်းအသက်အရွယ်အပိုင်းအခြားရှိ ပြန်လည်ကောင်းမွန်လာသော အမျိုးသား နှင့် နှိုင်းယှဉ်ပါက ပို၍မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်ဟု preprint server Medrxiv က ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။

ယင်းဖြစ်စဉ်သည် ကိုယ်ခံအားစနစ်ကို သက်ရောက်စေသော အီစထိုဂျင်ဟော်မုန်း(estrogen hormone)ပမာဏ ပြောင်းလဲခြင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သုတေသီများက ရှင်းပြခဲ့သည်။

ပြန်လည်ကောင်းမွန်လာသော အမျိုးသားများတွင် ရောဂါကာကွယ်သောပဋိပစ္စည်းများအဆင့်မြင့်တက်မှုသည် အသက် ၃၅ နှစ်ဝန်းကျင်မှစ၍ အစောပိုင်း အသက်အရွယ်များ၌ တွေ့ရကြောင်း သိရသည်။

ယင်းမှာ အမျိုးသားလိင်ဟော်မုန်း testosterone ပမာဏ ပြောင်းလဲခြင်းဖြင့် ဆက်စပ်နိုင်ကြောင်း နှင့် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံထားသော လူပုဂ္ဂိုလ်များ၏ သွေးထဲတွင် ရောဂါကာကွယ်သောပဋိပစ္စည်းများအဆင့်သည် ပြန်လည်သက်သာကောင်းမွန်လာသူများတွင် တွေ့ရှိရသည့် ပမာဏထက် လေးဆ ပိုများသည်ကို တွေ့ရှိရကြောင်းလည်း သိရသည်။

ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးသော လူငယ်များသည် ကာကွယ်ဆေးထိုးနှံထားသည့် လူကြီးများနှင့် နှိုင်းယှဉ်ပါက ကာလရှည်တွင် ရောဂါကာကွယ်သော ပဋိပစ္စည်းများ ပမာဏအများဆုံး ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရှိရကြောင်း သိရသည်။

လေ့လာမှုတွင် သုတေသီအဖွဲ့က သွေးနမူနာ ၂၆,၀၀၀ ကျော်တွင် ရောဂါကာကွယ်သောပဋိပစ္စည်းများ ပမာဏကို ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်သည်။
သွေးရေကြည်အား စစ်ဆေးသော ရလဒ်များအရ ထို့အပြင် အသက်အရွယ်အုပ်စုများ နှင့် ကျားမမခွဲခြားဘဲ ကာကွယ်ဆေးထိုးနှံချိန်မှစ၍ ရောဂါလက္ခဏာများ နှင့် အချိန် နှင့်အညီ ပဋိပစ္စည်း ပမာဏသည် ပြောင်းလဲနေသည်ကိုလည်း ညွှန်ပြနေကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

Israeli study finds differences between women, men in COVID-19 antibody levels

JERUSALEM, July 13 (Xinhua) — Israeli medical researchers have found differences between women and men in the levels of COVID-19 antibodies in the blood, Tel Aviv University (TAU) reported on Tuesday.

In a study, published in the preprint server Medrxiv, researchers from TAU and Shamir Medical Center in central Israel have found that in recovered women, the level of antibodies rises from the age of 51, and is higher compared to recovered men of similar ages.

This phenomenon may be related to change in levels of the estrogen hormone that affects the immune system, the researchers explained.
In recovered men, a rise in antibody levels is seen at an earlier age, starting around 35.

This may be related to changes in levels of the male sex hormone testosterone, and the effect on the immune system, the researchers said.

It was also found that the level of antibodies in the blood of vaccinated persons was four times higher than that found in convalescents.

In general, young adults were found to have a higher level of antibodies sustained for a longer period compared to older vaccinated persons.

In the study, the team examined antibody levels in over 26,000 blood samples.The serological results indicated that besides age groups and gender, the level of antibodies also changes according to symptoms and time elapsed since vaccination. Enditem

Photo – An Israeli teenager gets vaccinated against the COVID-19 at a healthcare service center in central Israeli city of Modiin, June 22, 2021. (Xinhua/Gil Cohen Magen)