Connect with us

Africa & Middle East

အာဖဂန်နစ္စတန်၌ ငြိမ်းချမ်းရေးက ဒေသတွင်း တည်ငြိမ်ရေးကို အားကောင်းစေပြီး စီးပွားရေး လှုပ်ရှားမှုကို လှုံ့ဆော်ပေးကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi (ဝဲ) အား ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားနေသည်ကို ၂၀၂၁ ပြည့်နှစ် သြဂုတ်လ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စနိုင်ငံ၌ ငြိမ်းချမ်းရေးသည် ဒေသတွင်း တည်ငြိမ်ရေးကို အားကောင်းစေခြင်းနှင့် စီးပွားရေးလှုပ်ရှားမှုနှင့် ကွန်ရက်ချိတ်ဆက်မှုကို လှုံ့ဆော်မှုကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi က နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်သို့ အလည်အပတ်ရောက်ရှိနေသော အာဖဂန် နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် တွေ့ဆုံမှု၌ Qureshi က ပါကစ္စတန်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုရှိစေရန် ကတိပြုထားကြောင်း အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အာဖဂန်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ အဆင်ပြေချောမွေ့မှုရှိစေရန် ပါကစ္စတန်၏ ဆက်လက်ကြိုးပမ်းမှုများကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Qureshi က အာဖဂန်နစ္စတန်နှင့် နယ်ပယ်အားလုံးတွင် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် ပါကစ္စတန်၏ သန္နိဋ္ဌာန်ကို ထပ်မံအတည်ပြုပြောကြားခဲ့ပြီး ၎င်းတွေ့ဆုံမှုသည် အောက်တိုဘာလအတွင်းက ၎င်း၏ ကဘူးလ်သို့ သွားရောက်စဉ် အစောပိုင်းတွင် အပြန်အလှန်ပြုခြင်းများအပေါ် အခွင့်အလမ်းတည်ဆောက်ရန် ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းအစည်းအဝေးအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေး အားကောင်းလာစေခြင်းနှင့် ကုန်းကြောင်းနှင့် လေကြောင်းမှ ပြည်သူများ သွားလာလှုပ်ရှားမှု အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့များ၏ အစည်းအဝေး ရလဒ်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

———————————–
(English Version)
Peace in Afghanistan to strengthen regional stability, spur economic activity: Pakistani FM
ISLAMABAD, Nov. 12 (Xinhua) — Pakistani Foreign Minister Shah Mahmood Qureshi said on Thursday that peace in Afghanistan would help strengthen regional stability, spur economic activity and connectivity.
Pakistan is committed to peace, stability and progress in Afghanistan, Qureshi said in a meeting with visiting Afghan acting Foreign Minister Amir Khan Muttaqi, the foreign ministry of Pakistan said in a statement.
The Pakistani foreign minister highlighted Pakistan’s continuing efforts for facilitating humanitarian assistance and economic support to Afghanistan given the challenges being faced by the Afghan people, according to the statement.
Qureshi reaffirmed Pakistan’s resolve to strengthen bilateral relations with Afghanistan in all areas, saying that the meeting had provided an opportunity to build upon the earlier exchanges held during his visit to Kabul in October.
During the meeting, outcomes of the meetings of working groups on strengthening bilateral and transit trade regime and facilitating movement of people by land and air were shared, the statement added. Enditem