Connect with us

Asia

အာဖဂန်သမ္မတဂါနီက သွေးထွက်သံယိုဖြစ်ပွားမှုမှ ရှောင်လွှဲရန် ၎င်းအနေဖြင့် ထွက်ခွါခဲ့ခြင်းဖြစ်ကြောင်းဆို

ဒူဘိုင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်သမ္မတ Mohammad Ashraf Ghani က သွေးထွက်သံယိုဖြစ်ပွားမှုမှ ရှောင်လွှဲရန် အလို့ငှာ ၎င်းအနေဖြင့် ကာဘူးလ်မြို့နှင့် နိုင်ငံမှထွက်ခွါရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ် ၁၈ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှနေ၍ ဂါနီသည် ၎င်း၏ မိခင်ဘာသာစကား ပက်ရှ်တိုဘာသာ ဖြင့် အာဖဂန်ပြည်သူမျာအား facebook မှတဆင့် live လွှင့်ပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်။
“တကယ်လို့ ကျွန်တော်သာဆက်နေခဲ့ရင် ကာဘူးလ်မှာ သွေးမြေကျတာကို ကျွန်တော်တွေ့ရပါလိမ့်မယ်’’ ဟု ဂါနီကပြောသည်။

အာဖဂန်နစ္စတန်မှ အလျင်အမြန်ထွက်ပြေးသွားသည်ဟု ၎င်းအပေါ် ဝေဖန်ပြောဆိုနေမှုများကို ဂါနီက ပယ်ချခဲ့ပြီး ထိုသူများအနေနှင့် အသေးစိတ် အခြေအနေအားလုံးကို မသိရှိဘဲ မိမိထွက်ပြေးခဲ့သည်ဟု စိစစ်ဝေဖန်မှု မလုပ်သင့်ကြောင်း ၎င်းကဆိုသည်။

တာလီဘန်တပ်ဖွဲ့များ ကာဘူးလ်မြို့ထဲသို့ ဝင်ရောက်စဉ်မှာပင် သမ္မတ ဂါနီသည် နိုင်ငံမှ ရုတ်ချည်းထွက်ခွါသွားခြင်းအပေါ် ဝန်ကြီးဟောင်းများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။
အာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကာဘူးလ်၌ တာလီဘန်တို့ကသမ္မတနန်းတော်ကို ထိန်းချုပ်ပြီးနောက်ဂါနီသည်သြဂုတ် ၁၅ ရက် ညပိုင်း တိုင်းပြည်မှထွက်ခွာသွားခဲ့သည်။ လုံခြုံရေးတာဝန်ရှိသူများ ပေးသည့်အကြံဉာဏ်အတိုင်း ကာဘူးလ် မှ ထွက်ခွါခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယူအေအီးနိုင်ငံသည် ဂါနီ နှင့် ၎င်း၏ မိသားစုအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံစိတ်ဓာတ် ဖြင့် ကြိုဆိုခဲ့ကြောင်း ယူအေအီးနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက် တွင် အတည်ပြုခဲ့သည်။ (Xinhua)

————————————————–
(English Version)

Afghan President Ghani says he left to prevent “bloodshed”

DUBAI, Aug. 18 (Xinhua) — Afghan President Mohammad Ashraf Ghani claimed on Wednesday night that he “was forced to leave Kabul and decided to leave my country in order to prevent bloodshed.”

Ghani made the statement, addressing his compatriots in their native language Pashto, during a live Facebook broadcast from the United Arab Emirates (UAE).Ghani said, “If I had stayed, I would be witnessing bloodshed in Kabul.”

He also issued a rebuttal against his critics who said he left Afghanistan hastily, saying that “those who think that I fled should not judge if they don’t know all the details.”

Ghani has been bitterly criticised by former ministers for leaving the country suddenly as Taliban forces entered Kabul.

Ghani left his country on Sunday night after the Taliban took control of the presidential palace in Afghan capital Kabul. He said he left Kabul on the advice of his security officials.

On Wednesday, the UAE Ministry of Foreign Affairs and International Cooperation confirmed that the country welcomed Ghani and his family “on humanitarian grounds.” Enditem