Connect with us

Asia

အာဖဂန်အစိုးရအရာရှိများက ၎င်းတို့လေပိုင်နက်အပေါ် ဒရုန်းဖြင့်ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်း

ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ကမ္ဘာ့နိုင်ငံများအားလုံး အထူးသဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အာဖဂန်အစိုးရအား ၎င်းတို့ ပေးထားသော ကတိကဝတ်ကို အလေးဂရုပြုသင့်ကြောင်း နှင့် လေပိုင်နက်အား ကျူးကျော်ထိပါးခြင်း မပြုသင့်ကြောင်း မည်သူမည်ဝါဟု ဖော်ပြထားခြင်း မရှိသော တာဝန်ရှိသူများ၏ ပြောကြားချက်ကို သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၏ လေကြောင်းပိုင်နက်အပေါ် ဒရုန်းအသုံးပြု၍ ကင်းလှည့်မှု ပြုလုပ်ခြင်းဖြင့် မကြာသေးမီက အာဖဂန်အချုပ်အခြာအာဏာကို ထိပါးခဲ့ကြောင်း အာဖဂန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံတိုင်းနိုင်ငံတိုင်းသည် နိုင်ငံတကာ ဥပဒေအရ မိမိတို့ နယ်မြေပိုင်နက် နှင့် ဝေဟင်အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွင် တစ်ဦးတည်းသော ပိုင်ရှင် ဖြစ်ကြောင်း အာဖဂန်အရာရှိများက အလေးအနက် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၏ တစ်ခုတည်းသော တရားဝင်အဖွဲ့အစည်း အဖြစ် အာဖဂန်နစ္စတန်အစ္စလာမ်မစ်စော်ဘွားနိုင်ငံအစိုးရသည် အာဖဂန်ပိုင်နက်နယ်မြေ နှင့် ဝေဟင်ပိုင်နက်များကို ကာကွယ်စောင့်ရှောက်သူ ဖြစ်ကြောင်း သို့သော် အမေရိကန်နိုင်ငံသည် ကာတာနိုင်ငံ ဒိုဟာမြို့၌ အစ္စလာမ်မစ်စော်ဘွားနိုင်ငံအပေါ် ပေးထားသည့် ကတိကဝတ်များ နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအားလုံးကို ချိုးဖောက်သည့် အပြုအမူကို မကြာသေးမီက ပြုလုပ်ခဲ့ကြောင်း အာဖဂန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုကဲ့သို့သော ချိုးဖောက်မှုများကို ပြန်လည်သုံးသပ်ပြင်ဆင်မှု နှင့် ကာကွယ်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ၎င်းအရာရှိများက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
#Afghanistan #U.S #drone #patrolling #အာဖဂန်နစ္စတန်နိုင်ငံ #အမေရိကန်နိုင်ငံ #ဒရုန်း #ကင်းလှည့်ခြင်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

———————————————
(English Version)

Afghan government officials urge U.S. to halt drone patrolling over airspace

KABUL, Sept. 28 (Xinhua) — Afghan government officials urged the United States to halt pilotless drone patrolling over Afghan territory, the state-run Bakhtar News Agency reported on Tuesday.
All international countries, especially the United States, should heed their commitment to the Afghan government and not encroach on its airspace, the officials, without being identified, were quoted by the news agency as saying.

The officials said the U.S. has recently violated Afghan sovereignty by conducing drone patrolling over Afghanistan’s airspace.
They stressed that all countries were the “sole owners of the territorial and air sovereignty” of their states under international law.

“The Islamic Emirate of Afghanistan, as the sole legal entity of Afghanistan, is the guardian of Afghanistan’s land and airspace; but the United States has recently acted in violation of all international law and the United States’ commitments to the Islamic Emirate in Doha, Qatar,” said the officials.
Such violations must be rectified and prevented, the officials added. Enditem

Photo – Afghan Taliban members patrol at a security checkpoint in Kunduz, northern Afghanistan, on Sept. 15, 2021. The Taliban intelligence chief in Afghanistan’s northern Kunduz province has rejected reports of the local presence of militants affiliated with the Islamic State (IS) group as baseless and fabricated. (Photo by Ajmal Kakar/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.