Connect with us

Africa & Middle East

အာဖဂန်အမျိုးသမီးများ ကျောင်းတက်ခွင့်ရှိ ၊ သို့သော် အမျိုးသား-အမျိုးသမီး သီးသန့် အခန်းများ၌သာ သင်ကြားရမည်ဟု တာလီဘန်ပြော

အာဖဂန်နစ္စတန်နိုင်ငံ ဂျော်ဂျန်ပြည်နယ် မြို့တော် Shiberghan တွင် အာဖဂန်အမျိုးသမီးငယ်များ ကော်ဖီဆိုင်တစ်ခု၌ စာအုပ်ဖတ်နေကြစဉ်(ဆင်ဟွာ)

ကဘူလ်း ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်အမျိုးသမီးများအနေဖြင့် အထက်တန်းပညာရေး နှင့် တက္ကသိုလ်ပညာရေးများကို တက်ရောက်သင်ကြားနိုင်ကြောင်း ၊ သို့သော် အမျိုးသား-အမျိုးသမီး သီးသန့်ခွဲခြား သင်ကြားပေးသော စာသင်ခန်းများ၌သာ တက်ရောက်ရမည်ဖြစ်ကြောင်း တာလီဘန်အစိုးရသစ် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Abdul Baqi Haqqani က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ အစိုးရအစီအစဉ်နဲ့ သွားနေတဲ့ တက္ကသိုလ်တွေအားလုံး မကြာခင် ပြန်ဖွင့်ပါမယ်။ ကျောင်သားတွေအနေနဲ့ သူတို့ရဲ့စာသင်ခန်းကို ပြန်လာနိုင်ဖို့ အဆင့်မြင့်ပညာရေးအာဏာပိုင်တွေဟာ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နေပါတယ် ” ဟု Haqqani က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးက “ ယောကျ်ားလေးနဲ့ မိန်းကလေး အတူတကွ စာသင်ကြားခွင့် မရနိုင်ပါဘူး ၊ သူတို့ဟာ အခန်းခွဲပြီး သက်သက်ဆီ သင်ကြားရပါမယ် ” ဟု မှတ်ချက်ပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောက်ျား မိန်းမ အတူတကွ တွဲ၍ ပညာသင်ကြားခြင်းသည် အစ္စလာမ်မစ်စဉ်းမျဉ်းများ နှင့် အမျိုးသားယဉ်ကျေးမှုတန်ဖိုးများအား ဆန့်ကျင်ရာရောက်နေကြောင်း ၎င်းက ဆိုသည်။

“ စာသင်ခန်းထဲ ဝင်ရောက်ချိန်မှာ ကျောင်းသူတွေဟာ အစ္စလာမ်မစ်ထုံးတမ်းအစဉ်အလာ ဝတ်စုံတွေကို မဖြစ်မနေ ဝတ်ဆင်ထားဖို့ လိုအပ်ပါတယ်”ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ် အမျိုးသားတက္ကသိုလ်ဝင်တန်း စာမေးပွဲတစ်ခုတွင် အာဖဂန်ကျောင်းသူတစ်ဦးက ထိပ်ဆုံးနေရာမှ ဖြေဆိုအောင်မြင်ခဲ့သဖြင့် ဝန်ကြီး၏ပြောဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် COVID-19 လော့ဒေါင်းပိတ်ဆို့မှု သက်ရောက်နေစဉ် ဩဂုတ်လလယ်ပိုင်းက နိုင်ငံအား တာလီဘန်တို့ထိန်းချုပ်လိုက်ပြီးနောက် အာဖဂန်တက္ကသိုလ်များကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ သို့သော်လည်း အာဖဂန်နိုင်ငံ၌ တာလီဘန်တို့က အိမ်စောင့်အစိုးရကြေညာပြီးနောက်တွင် ယခုရက်သတ္တပတ်အစောပိုင်းက ပုဂ္ဂလိကတက္ကသိုလ်အချို့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Afghan women can attend schools but in gender-separated classes: Taliban official

KABUL, Sept. 13 (Xinhua) — Afghan female students can attend higher education institutions and universities but in gender-separated classes, Abdul Baqi Haqqani, acting minister of higher education of the new Taliban government, said on Sunday.
“All government-run universities will reopen soon. Higher education authorities are working on regulations as students will return to their classes,” Haqqani told reporters.

The minister noted that “boys and girls would not study together … They will be separated,” as co-education scheme has been against Islamic principle and national values.
The minister noted that the “Islamic dress was also necessary for the female students while attending classes.”
The report came as an Afghan female student secured a top position at a national university entrance exam this year.
Being affected by the COVID-19 lockdown earlier this year, the Afghan universities were closed after the Taliban takeover of the country in mid-August. However, a number of private universities reopened earlier this week after the Taliban announced a caretaker government in Afghanistan.

Photo – Afghan girls read books at a coffee shop managed by Malalai Mobariz in Shiberghan, capital of Jawzjan province, Afghanistan, Feb. 20, 2021. (Photo by Mohammad Jan Aria/Xinhua)