Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသွားသူများအတွက် တရုတ်နိုင်ငံ သံအမတ်ကြီးက ဝမ်းနည်းကြောင်းပြော

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် Veraval မြို့တွင် တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်သည့်အနေဖြင့် ငါးဖမ်းလှေများကို ချည်နှောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ မေ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း အပြင်းအထန်တိုက်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ဝမ်းနည်းကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Sun Weidong က ပြောကြားခဲ့သည်။

“အိန္ဒိယနိုင်ငံမှာ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသက်ဆုံးရှုံးသူများအတွက် ဝမ်းနည်းရပါတယ်။ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားခဲ့ရတဲ့ မိသားစုတွေနဲ့ ပြည်သူတွေအတွက် စာနာဝမ်းနည်းမိပါတယ်။ ဒီခက်ခဲမှုကို မကြာမီမှာ ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု သံအမတ်ကြီးက တွစ်တာပေါ်၌ ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံက “လှေအမှတ် P-305” သည် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် မေ ၁၇ ရက်တွင် မွမ်ဘိုင်းမြို့မှ ၃၅ မိုင်ခန့်အကွာ၌ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ “လှေအမှတ် P-305” နစ်မြုပ်မှုတွင် သေဆုံးသူ အနည်းဆုံး ၂၂ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး အခြားသူ ၇၀ ဦးခန့်ကိုလည်း ရှာဖွေနေဆဲဖြစ်ကြောင်း၊ လူပေါင်း ၁၈၆ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယ ရေတပ် (IN) သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
———————————–
(English Version)
China’s ambassador to India condoles loss of lives due to cyclone
Source: Xinhua| 2021-05-20 00:36:49|Editor: huaxia
NEW DELHI, May 19 (Xinhua) — China’s ambassador to India Sun Weidong Wednesday expressed condolences on the loss of lives in India due to the Cyclone Tauktae that has wreaked havoc on India’s western coast.
“Saddened by the loss caused by Cyclone Tauktae in India. We extend our deep condolence & sympathy to the bereaved families & people who suffer from the disaster. Hope the difficulty will be overcome soon,” tweeted the envoy.
The Indian vessel “Barge P-305” sank on May 17 around 35 miles off Mumbai, the financial capital of India, due the impact of the cyclone.
At least 22 bodies have been recovered so far, and search is on for around 75 others who were onboard the “Barge P-305”. As many as 186 people on the ship have been rescued, according to an Indian Navy (IN) source. Enditem
Fishermen tie their fishing boats for preparation against Cyclone Tauktae in Veraval of India’s western state of Gujarat, May 17, 2021. Cyclonic storm Tauktae Monday intensified into an extremely severe storm and is likely to hit India’s Gujarat coast by the evening, the India Meteorological Department (IMD) said. (Str/Xinhua)