Connect with us

International Organizations

အိန္ဒိယနိုင်ငံရှိ ပြည်နယ်တစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ တိုးတက်စေရန် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ ၃၂ သန်း ခွင့်ပြု

အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ ဆေးရုံတစ်ရုံ၏ COVID-19 လူနာဆောင်သို့ လူနာတစ်ဦးကို ခေါ်ဆောင်သွားနေစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်နှင့် အရည်အသွေး တိုးတက်မှုရှိစေရန် အိန္ဒိယဖက်ဒရယ်အစိုးရက ကမ္ဘာ့ဘဏ်နှင့် အမေရိကန်ဒေါ်လာ ၃၂ သန်းတန်ဖိုးရှိ ချေးငွေသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဇွန် ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆောင်ရွက်ချက်သည် ယင်းပြည်နယ်ရှိ ထောက်ပံ့မှုမလုံလောက်သောဧရိယာများနှင့် ရပ်တည်ရန်ခက်ခဲသောအုပ်စုများ အကျိုးရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဒီပရောဂျက်က ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဌာနနှင့် ဌာနခွဲများ၏ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု ဖွဲစည်းတည်ဆောက်ပုံကို အားကောင်းစေမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ၏ ကျန်းမာရေးစနစ်များမှ ပေးအပ်သော ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် လွှမ်းခြုံနိုင်မှုအား တိုးတက်စေမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးအဆောက်အဦများ အရည်အသွေးရှိသောထောက်ခံချက် ရရှိစေမည့် ဘက်စုံအရည်အသွေးရှိသော အာမခံချက်အစီအစဉ်၌ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“မီဇိုရမ်ပြည်နယ်မှာ COVID-19 ကပ်ရောဂါကြောင့် မရှိမဖြစ်ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ အကျိုးရှိရှိအသုံးချဖို့ရာမှာ ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ ဒီပရောဂျက်က အနာဂတ်မှာ ရောဂါဖြစ်ပွားမှုတွေ၊ ကပ်ရောဂါတွေနဲ့ အရေးပေါ် ကျန်းမာရေးလုပ်ငန်းတွေကို ပိုမိုကြံ့ကြံ့ခံတုံ့ပြန်ဖို့အတွက် ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့ထိန်းချုပ်ရေးမှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် ၎င်းပရောဂျက်သည် ဇီဝ-ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု (အစိုင်အခဲနှင့် အရည်စွန့်ပစ်ပစ္စည်း) အတွက် ဂေဟစနစ်အလုံးစုံ တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

————————————
(English Version)
World Bank approves 32 mln USD loan to improve healthcare services in Indian state
Source: Xinhua| 2021-06-24 22:41:10|Editor: huaxia
NEW DELHI, June 24 (Xinhua) — India’s federal government signed a 32 million U.S. dollars loan agreement with World Bank to improve management capacity and quality of health services in the northeastern state of Mizoram, according to a statement issued by the federal finance ministry Thursday.
According to officials, the move is particularly aimed at benefiting under-served areas and vulnerable groups in the state.
“The project will strengthen the governance and the management structure of the department of health and family welfare and its subsidiaries, improve the quality and coverage of services delivered by the state government health systems, and invest in a comprehensive quality assurance program which would enable quality certification of health facilities,” said the finance ministry statement.
“The COVID-19 pandemic has had adverse effects on the delivery and utilization of essential health services in the state. The project will invest in infection prevention and control for a more resilient response to future outbreaks, pandemics, and health emergencies,” it said.
The project will also invest in improving the overall ecosystem for bio-medical waste management (both solid and liquid waste). Enditem
Photo : A patient is taken to a COVID-19 ward in a hospital, in Bangalore, India, April 30, 2021. India’s federal health ministry said on Friday morning that 386,452 new cases and 3,498 related deaths were registered in the past 24 hours across the country. (Str/Xinhua)