Connect with us

Asia

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူ ၂၆ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် Alappuzha ခရိုင်၌ အောက်တိုဘာ ၁၇ ရက်တွင် သဘာဝဘေးအတွင်း သက်ကြီးရွယ်အိုတစ်ဦးအား ကယ်ဆယ်ရေးသမားများက ပြောင်းရွှေ့ပေးနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းကာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၂၆ ဦးထက်မနည်း သေဆုံးပြီး အခြားသူ အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်အတွင်း အောက်တိုဘာ ၁၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်အတွင်းမှ ရေများ ခပ်ထုတ်နေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်၌ လမ်းပေါ်တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်ကို အောက်တိုဘာ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကီရာလာပြည်နယ်၏ နေရာအနှံ့အပြားတွင် မိုးရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးခြင်း ၊ ရေကြီးရေလျှံခြင်း နှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက ကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေး ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ အမျိုးသားဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) ဝန်ထမ်းများ နှင့် ကြည်း ၊ ရေ ၊ လေ တပ်ဖွဲ့ဝင်များအား အကြောင်းကြားခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ပေါ်ပေါက်လာသည့် မြေပြိုမှုများကြောင့် လူတစ်ဒါဇင်ကျော် ပျောက်ဆုံးနေကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

Kottayam နှင့် Idukki ခရိုင်များအတွင်းရှိ အပျက်အစီးများအတွင်း ပျောက်ဆုံးနေသူများအား ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ကီရာလာပြည်နယ်ရှိ အခြေအနေအား စောင့်ကြည့်နေကြောင်း နှင့် ပြည်နယ်၏ မိုးဒဏ်ခံရသည့် နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီရန် အမျိုးသားဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးတပ်ဖွဲ့ ဝင်များအား စေလွှတ်ထားပြီး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် ကီရာလာပြည်နယ်ရှိ ဒေသများတွင် အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ၊ ဗဟိုအစိုးရသည် လိုအပ်နေသော ပြည်သူများအား ကူညီရန် တတ်နိုင်သမျှ အထောက်အပံ့များ ပေးသွားမည် ဖြစ်ကြောင်း နှင့် NDRF အဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီရန် စေလွှတ်ထားပြီး ဖြစ်ကြောင်း ၊ လူတိုင်းဘေးကင်းစေရေးအတွက် ဆုတောင်းပေးကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ က ကီရာလာပြည်နယ်၌ သေဆုံးမှုများအား ဝမ်းနည်းကြောင်း နှင့် ပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ က ကီရာလာပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan နှင့် စကားပြောခဲ့ပြီး ကီရာလာပြည်နယ်ရှိ မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် မြေပြိုမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း ၊ ဝန်ကြီးချုပ်မိုဒီက ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် မြေပြိုမှုများကြောင့် အသက်ဆုံးရှုံးမှုများအပေါ် လွန်စွာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ကီရာလာပြည်နယ် ဝန်ကြီးချုပ်က မြေပြိုမှုများ နှင့် ရေကြီးမှုများ ဖြစ်ပွားလေ့ရှိသော နေရာများတွင် နေထိုင်သူများအား ပြောင်းရွှေ့ရေး နှင့် ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအား ကယ်ဆယ်ရေး လိုအပ်သည့် ဆောင်ရွက်မှုများအား လုပ်ဆောင်ကြရန် ပြည်နယ်အစိုးရအဖွဲ့အစည်းများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
26 dead, many missing after heavy rains wreak havoc in India’s Kerala
NEW DELHI, Oct. 17 (Xinhua) — At least 26 people were killed and many others reported missing after heavy rains wreaked havoc in the southern Indian state of Kerala, officials said Sunday.
The rains triggered waterlogging, flooding and landslides in several areas of the state.
Authorities have asked India’s National Disaster Rescue Force (NDRF) personnel and defence forces, army, navy and air force, to carry out rescue and relief efforts.
Local media reports said over a dozen people have been reported missing due to landslides accompanied by a heavy downpour.
“The search operations are underway for the missing persons in the debris in Kottayam and Idukki districts,” an official said.
Federal Home Minister Amit Shah Sunday said the Indian government was monitoring the situation in Kerala and has already deployed NDRF teams to aid rescue operations in the rain-ravaged parts of the state.
“We are continuously monitoring the situation in parts of Kerala in the wake of heavy rainfall and flooding. The central (federal) gov’t will provide all possible support to help people in need. NDRF teams have already been sent to assist the rescue operations. Praying for everyone’s safety,” Shah wrote on social media.
Meanwhile, Indian Prime Minister Narendra Modi has condoled deaths in Kerala and talked to Chief Minister Pinarayi Vijayan.
“Prime Minister Narendra Modi has spoken to Kerala Chief Minister Pinarayi Vijayan and discussed the situation in the wake of heavy rains and landslides in Kerala. The Prime Minister has also expressed deep grief over the loss of lives due to heavy rains and landslides in Kerala,” a statement issued by the Prime Minister’s Office said.
Kerala’s chief minister has directed state government agencies to take necessary steps to rescue people from the affected regions and evacuate those living in areas prone to landslides and floods. Enditem
Photo 1 – Rescuers transfer an old man in Alappuzha district of Kerala state, India, Oct. 17, 2021. Heavy rains hit the state on Saturday, triggering landslides and flooding. (Str/Xinhua)
Photo 2 – A man removes water from his house as heavy rain lashes in Thiruvananthapuram, Kerala, India, Oct. 16, 2021. The death toll due to heavy rains in the southern Indian state of Kerala rose to 18 on Sunday, local media reports said. (Xinhua)
Photo 3 – Photo taken on Oct. 17, 2021 shows a waterlogged street in the southern Indian state of Kerala.
At least 26 people were killed and many others reported missing after heavy rains wreaked havoc in Kerala, officials said on Sunday. (Xinhua/Uni)