Connect with us

Africa & Middle East

အီကွေဒေါနိုင်ငံ ထောင်ဆူမှုအတွင်း သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ရှိလာ

ကီတို ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayaquil ကမ်းရိုးတန်းမြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ထောင်ဆူမှုအတွင်း ကနဦးသတင်းပေးပို့ချက်အရ သေဆုံးသူ အရေအတွက် ၃၀ ရှိခဲ့ရာမှ အီကွေဒေါနိုင်ငံ တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်တွင် အကျဉ်းသားသေဆုံးမှု ၁၀၀ ကျော် အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။Litoral အကျဉ်းထောင်၌ ဖြစ်ပွားသော ပဋိပက္ခအတွင်း ဒဏ်ရာရရှိသူအရေအတွက် ၅၂ ဦး ကျန်ရှိသေးကြောင်း SNAI အကျဉ်းထောင်တာဝန်ခံ အစိုးရအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း သေဆုံးသွားသော အကျဉ်းသား ၁၀၀ ကျော် နှင့် ဒဏ်ရာရရှိသူ ၅၂ ဦးကို ယခုအထိ အတည်ပြုထားကြောင်း အေဂျင်စီက တွစ်တာအကောင့်တွင် ရေးသားဖော်ပြခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့ ၊ အီကွေဒေါအစိုးရရှေ့နေချုပ်ရုံး နှင့် အခြားတာဝန်ရှိသူများက ထောင်ဆူမှုအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၊ ယင်းမှာ အီကွေဒေါနိုင်ငံ၌ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အသေအပျောက်အများဆုံး ထောင်ဆူမှု နှစ်ခုအနက် တစ်ခု အပါအဝင်ဖြစ်ကာ ဆိုးရွားသော အကျဉ်းထောင်အကြပ်အတည်းတစ်ခု ဖြင့် ရင်ဆိုင်နေရကြောင်း အေဂျင်စီက ထည့်သွင်းဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလတွင် အကျဉ်းသား ၇၉ ဦး နှင့် ရဲအရာရှိများအပါအဝင် ဒဏ်ရာရရှိသူ ၂၀ ဦးခန့် ရှိခဲ့သည့် အကျဉ်းထောင် ၄ ခု၌ ညှိနှိုင်းတိုင်ပင်ထားသော ထောင်ဆူမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံ သမ္မတ Guillermo Lasso က ယင်းဖြစ်စဉ်အား ဦးတည်၍ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေး ကာကွယ်တာဆီးရန် အကျဉ်းထောင်အားလုံး ရက် ၆၀ အကြာ အရေးပေါ်အခြေအနေ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)
Ecuadorian jail riot death toll exceeds 100

QUITO, Sept. 29 (Xinhua) — Ecuadorian officials on Wednesday said more than 100 inmates were killed in a prison riot Tuesday in the southwest port city of Guayaquil, after initially reporting the death toll had climbed to 30.

The number of injured in the melee at Litoral Penitentiary remained at 52, according to the government agency in charge of prisons, the National Service for Comprehensive Attention to Adults Deprived of Liberty and Adolescent Offenders (SNAI).

“The @SNAI_Ec reports that up to now more than 100 deceased inmates and 52 injured have been confirmed during the incidents that occurred Tuesday,” the agency posted on its Twitter account.
The National Police, the Ecuadorian Prosecutor’s Office and other authorities continue to investigate the prison riot, one of the two deadliest of the year in Ecuador, which is facing a serious prison crisis, the agency added.

In February, a series of coordinated riots at four prisons left 79 inmates dead and some 20 people wounded, including police officers.

The tragedy led Ecuadorian President Guillermo Lasso on Wednesday to decree a 60-day state of emergency throughout the prison system to prevent further outbreaks of violence. ■
Photo – Policemen mantain order at the prison where riots broke out in Guayaquil, Ecuador, Sept. 28, 2021. (Policia Nacional de Ecuador/Handout via Xinhua)