Connect with us

Africa & Middle East

အီဂျစ်စစ်တပ်က ဆိုင်းနိုင်းမြောက်ပိုင်း၌ စစ်သွေးကြွ ၁၃ ဦးအားသုတ်သင်နိုင်ခဲ့ဟု ပြောရေးဆိုခွင့်ရှိသူပြောကြား

၂၀၁၇ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်းမြောက်ပိုင်း၊ al-Rawda ကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အီဂျစ်စစ်တပ်သည် ဆိုင်းနိုင်း မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုတွင်အစွန်းရောက်စစ်သွေးကြွ ၁၃ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း စစ်တပ်မှ သြဂုတ် ၁၂ ရက် နှောင်းပိုင်းတွင် ပြောသည်။
ပစ်ခတ်မှုအတွင်း စစ်သား ၉ ဦး ကျဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ဖက် ပြောရေးဆိုခွင့်ရှိသူ Gharib Abdel-Hafez က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
သြဂုတ်လအစောပိုင်းတွင် စစ်တပ်အနေဖြင့် အီဂျစ်အရှေ့မြောက်ပိုင်းရှိ ဆိုင်းနိုင်းပြည်နယ် မြောက်ပိုင်း၌ စစ်သွေးကြွ ၈၉ ဦး အား သုတ်သင်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ နယ်စပ်ဖြစ်သော မြောက်ပိုင်း ဆိုင်းနိုင်းဒေသသည် နှစ်ပေါင်းများစွာ စစ်သွေးကြွများ ခိုအောင်းရာနေရာတစ်ခု ဖြစ်နေခဲ့သည်။ (Xinhua)
—————————————————
(English Version)

Egypt’s army kills 13 militants in North Sinai: spokesman

CAIRO, Aug. 13 (Xinhua) — The Egyptian army killed 13 extremist militants in an anti-terrorism campaign in northern and central Sinai, said the military late on Thursday.

During the gunfight, nine soldiers were killed or injured, Egyptian military spokesman Gharib Abdel-Hafez said in a statement.
In early August, the army said it killed 89 militants in the northeastern province of North Sinai.
Bordering Israel and the Palestinian Gaza Strip, North Sinai has for years been a hideout for militants. Enditem