Connect with us

China

အေဒင်ပင်လယ်ကွေ့တွင် အစောင့်အရှောက်တာဝန်ထမ်းဆောင်ရန် တရုတ်ရေတပ်သင်္ဘောအုပ်စုသစ်အား စေလွှတ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် အေဒင်ပင်လယ်ကွေ့တွင်သွားရောက်တာဝန်ထမ်းဆောင်မည့် အကြိမ် ၄၀ မြောက် PLA ရေတပ်၏ သင်္ဘောအုပ်စုအား စစ်သားများက လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ကွမ်ကျိုး ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီကမ်းလွန်ပင်လယ်ပြင်တို့၌ အစောင့်အရှောက်တာဝန် ထမ်းဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) ရေတပ်၏ အကြိမ် ၄၀ မြောက် သင်္ဘောအုပ်စုသည် ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခုမှ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် အထူးစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် ဒုံးကျည်ဖရီးဂိတ်စစ်သင်္ဘော Yueyang စတင်ထွက်ခွာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် ထောက်ပို့သင်္ဘော Luomahu စတင်ထွက်ခွာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Hohhot အား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါရေတပ်သင်္ဘောအုပ်စုသည် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Hohhot ၊ ဒုံးကျည်ဖရီးဂိတ်စစ်သင်္ဘော Yueyang နှင့် သင်္ဘောပေါ်တွင် အထူးစစ်သည်များ ဒါဇင်ပေါင်းများစွာ နှင့် ရဟတ်ယာဉ်နှစ်စင်း ပါဝင်သည့် ထောက်ပို့သင်္ဘော Luomahu တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

တာဝန်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရေတပ်သင်္ဘောအုပ်စုသည် ပင်လယ်ပြင်၌ လက်နက်များ အသုံးပြုခြင်း ၊ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေး နှင့် ပင်လယ်ဓားပြမှုနိမ်နင်းရေး တို့အပြင် ပင်လယ်ပြင်၌ အားဖြည့်ခြင်းတို့အား လေ့ကျင့်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်သည် အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တို့၌ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အစောင့်အရှောက်တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
New Chinese fleet sent for Gulf of Aden escort mission
GUANGZHOU, Jan. 15 (Xinhua) — The 40th fleet of the Chinese People’s Liberation Army (PLA) Navy set out from a military port in the city of Zhanjiang, south China’s Guangdong Province, on Saturday to conduct an escort mission in the Gulf of Aden and the waters off Somalia.
The fleet is composed of the guided-missile destroyer Hohhot, the missile frigate Yueyang, and the supply ship Luomahu, with dozens of special-operation soldiers and two helicopters on board.
In preparation for the mission, the fleet conducted training on the use of weapons, counter-terrorism and anti-piracy, as well as replenishment at sea.
The PLA Navy began conducting escort missions in the Gulf of Aden and the waters off Somalia in December 2008. ■
Photo 1 – Soldiers wave goodbye to the fleet of the Chinese People’s Liberation Army (PLA) Navy at a military port in Zhanjiang City, south China’s Guangdong Province, Jan. 15, 2022. (Photo by Jiang Xiaowei/Xinhua)
Photo 2 – Special operation soldiers line up at a military port in Zhanjiang City, south China’s Guangdong Province, Jan. 15, 2022. The 40th fleet of the Chinese People’s Liberation Army (PLA) Navy set out from a military port in the city of Zhanjiang on Saturday to conduct an escort mission in the Gulf of Aden and the waters off Somalia. (Photo by Jiang Xiaowei/Xinhua)
Photo 3 – Soldiers untie the rope of missile frigate Yueyang at a military port in Zhanjiang City, south China’s Guangdong Province, Jan. 15, 2022. The 40th fleet of the Chinese People’s Liberation Army (PLA) Navy set out from a military port in the city of Zhanjiang on Saturday to conduct an escort mission in the Gulf of Aden and the waters off Somalia. (Photo by Jiang Xiaowei/Xinhua)
Photo 4 – Supply ship Luomahu leaves a military port in Zhanjiang City, south China’s Guangdong Province, Jan. 15, 2022. The 40th fleet of the Chinese People’s Liberation Army (PLA) Navy set out from a military port in the city of Zhanjiang on Saturday to conduct an escort mission in the Gulf of Aden and the waters off Somalia. (Photo by Jiang Xiaowei/Xinhua)
Photo 5 – Guided-missile destroyer Hohhot is seen at a military port in Zhanjiang City, south China’s Guangdong Province, Jan. 15, 2022. The 40th fleet of the Chinese People’s Liberation Army (PLA) Navy set out from a military port in the city of Zhanjiang on Saturday to conduct an escort mission in the Gulf of Aden and the waters off Somalia. (Photo by Chen Runchu/Xinhua)