Connect with us

International Organizations

ဥရုဂွေး၊ ဘရာဇီး အသင်းများနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီးနားအတွက် မက်ဆီ အသင့်ဖြစ်

အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ်မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူရိုအေးရိစ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

လီယွန်နယ် မက်ဆီ (Lionel Messi) သည် တံကောက်ကြောနှင့် ဒူးခေါင်းပြဿနာများမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဥရုဂွေးနှင့် ဘရာဇီး အသင်းများနှင့် ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနား၏ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ဝင်ရောက်ကစားနိုင်မည်ဖြစ်ကြောင်း အာဂျင်တီးနား အမျိုးသားဘောလုံးအသင်း (Albiceleste) မန်နေဂျာ Lionel Scaloni က နိုဝင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။

Paris Saint-Germain အသင်း ရှေ့တန်းတိုက်စစ်မှူး မက်ဆီသည် နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် အာဂျင်တီးနားအသင်းနှင့် အလွတ်သဘောလေ့ကျင့်ခဲ့ကြောင်း၊ ဒဏ်ရာလက္ခဏာများ ပြသခြင်းမရှိကြောင်း သိရသည်။

Albiceleste သည် နိုဝင်ဘာ ၁၂ ရက်တွင် မွန်တီဗစ်ဒီအိုမြို့တွင် ဥရုဂွေးနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၆ ရက်၌ အာဂျင်တီးနားနိုင်ငံ အလယ်-အနောက်ပိုင်း San Juan မြို့တွင် ဘရာဇီးနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

“မက်ဆီက နေကောင်းပါပြီ။ မနေ့က (နိုဝင်ဘာ ၁၀ ရက်) မှာ လေ့ကျင့်တုန်းက စိတ်ဓာတ်ပြင်းပြနေခဲ့တယ်။ သူကစားနိုင်ပါပြီ” ဟု Scaloni က သတင်းထောက်များအား ပြောခဲ့သည်။

“လီယိုက ကစားချင်နေသလို ကျွန်တော်ကလည်း သူ့ကို ကစားစေချင်ပါပြီ။ သူက Copa America နဲ့ ကျွန်တော့်အတွက် (ဒီနှစ်) တစ်လျှောက်လုံး ကစားပေးခဲ့တယ်။ သူ့အောင်မြင်မှုက ကျေနပ်စရာပါ။ သူလုပ်သလိုမျိုး ကစားဖို့ အလားတူစိတ်ဆန္ဒရှိတဲ့သူတိုင်းကို ကျွန်တော်သဘောကျတယ်” အာဂျင်တီးနားအသင်းသည် လက်ရှိတွင် ပွဲစဉ် ၁၁ ပွဲမှ ၇ ပွဲနိုင်၊ ၄ ပွဲ သရေဖြင့် ရမှတ် ၆ မှတ်ရရှိထားကာ တောင်အမေရိကန် အသင်း ၁၀ သင်း ခြေစစ်ပွဲအုပ်စု၌ ဘရာဇီးအနောက် ဒုတိယနေရာတွင်ရှိနေကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Messi fit for Argentina World Cup qualifiers against Uruguay, Brazil
Source: Xinhua| 2021-11-12 09:30:33|Editor: huaxia
BUENOS AIRES, Nov. 11 (Xinhua) — Lionel Messi will be available for Argentina’s 2022 World Cup qualifiers against Uruguay and Brazil after recovering from hamstring and knee problems, Albiceleste manager Lionel Scaloni said on Thursday.
The Paris Saint-Germain forward trained freely with the Argentina squad on Wednesday and Thursday, showing no sign of the injuries that kept him out of the French side’s last two matches.
The Albiceleste will meet Uruguay in Montevideo on Friday and Brazil in the central-western Argentine city of San Juan next Tuesday.
“Messi is fine. He intensified his training a little more yesterday [Wednesday] and, in principle, he’s available,” Scaloni told reporters.
“Leo wants to play and I want him to play. He played all the way through [this year’s] Copa America and for me, he is a source of pride. I’d love everyone to have the same desire to play that he does, even when they are not fully fit.”
Argentina are currently second in the 10-team South American qualifying group with seven wins and four draws from 11 matches, six points behind Brazil. Enditem
Photo : Barcelona’s Lionel Messi celebrates the goal during a Spanish league football match between FC Barcelona and Granada CF in Barcelona, Spain, on April 29, 2021. (Photo by Joan Gosa/Xinhua)