Connect with us

International Organizations

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံ့အကြီးအကဲ ၈၃ ဦးတက်ရောက်ရန် မျှော်လင့်

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ဥက္ကဌ Volkan Bozkir က လာမည့် စက်တင်ဘာ ၁၄ ရက်တွင် စတင် ဖွင့်လှစ်မည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA ၇၆) သို့ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ ၈၃ ဦးတက်ရောက်ရန် မျှော်လင့်ရကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။“ ဒီနေ့ထိတော့ နိုင်ငံ့အကြီးအကဲ ၈၃ ဦးဟာ ကိုယ်တိုင်ကိုယ်ကျ အစည်းအဝေးတက်ရောက်ဖို့ ထုတ်ဖော်ကြေညာထားပါတယ်။ ၂၆ ဦး ကတော့ ရုပ်သံ(တိတ်ခွေမှတ်တမ်း) ကတဆင့်မိန့်ခွန်းပြောကြားဖို့ ပေးပို့ထားပါတယ်” ဟု UNGA ဥက္ကဌအဖြစ် ၎င်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ နောက်ဆုံး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Bozkir က ထည့်သွင်းပြောကြားခဲ့သည်။

လူကိုယ်တိုင်တက်ရောက်ကြမည့်သူများထဲတွင် ဒုတိယသမ္မတတစ်ဦး ၊ အစိုးရအဖွဲ့အကြီးအကဲ ၄၃ ဦး ၊ ဒုတိယဝန်ကြီးချုပ် ၃ ဦး နှင့် နိုင်ငံခြားရေးဝန်ကြီး ၂၃ ဦး ပါဝင်ကြောင်း Bozkir ကဖြည့်စွက်ပြောကြားခဲ့သည်။
“ ဒီနေရာကိုလာရောက်ဖို့ ရည်ရွယ်ထားတဲ့ လူပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေအများကြီးပါပဲ ၊ ဒါပေမယ့်လည်း အဆောက်အဦထဲကို ဝင်ရောက်ဖို့ လူ အရေအတွက်ကို ကျွန်တော်တို့ကန့်သတ်ထားရပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်နဲ့အတူ လိုက်ပါလာတဲ့ အဖွဲ့ဝင်အရေအတွက်ဟာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် တစ်ကြိမ်ပြီးတစ်ကြိမ် ပိုပိုများလာလို့ပါပဲ ၊ ဒါကြောင့်မို့ ကိုယ်စားလှယ်အဖွဲ့တစ်ခုချင်းစီအတွက် ကိုယ်စားလှယ်တစ်ဦး+အဖွဲ့ဝင် ၆ ဦး (၁+၆) လို့ကျွန်တော်တို့ လူအရေအတွက်ကို သတ်မှတ်လိုက်ရပါတယ် ” ဟု UNGA ဥက္ကဌက ဆိုသည်။

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 76) ၏ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် အထွေထွေဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ပထမဆုံးနေ့အဖြစ် စတင်ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်တွင် ပြီးဆုံးမည်ဟု သိရသည်။(Xinhua)

————————————————-
(English Version)

83 heads of state expected to attend 76th session of UN General Assembly

UNITED NATIONS, Sept. 9 (Xinhua) — President of the 75th session of the United Nations General Assembly (UNGA), Volkan Bozkir, said on Thursday that 83 heads of state are expected to attend the 76th session of the UN General Assembly (UNGA 76), which opens on Sept. 14.

“To date, the heads of 83 states have personally announced their intention to attend, 26 have applied for a recorded performance,” Bozkir said at his final press conference in his capacity as the UNGA president.

Those who will participate in person include one vice president, 43 heads of government, three deputy prime ministers and 23 foreign ministers, Bozkir added.
“We have a lot of people, leaders who have the intention to come here. Of course, we also limited the number of people who will come into the building. Because the accompanying delegations are larger than the expectations from time to time, so there will be only 1+6 all together (for each delegation),” said the UNGA president.

The first day of the high-level General Debate of the UNGA 76 will be Sept. 21. It will conclude on Sept. 27.
Photo – United Nations (UN) Secretary-General Antonio Guterres addresses the General Debate of the 75th session of the UN General Assembly at the UN headquarters in New York on Sept. 22, 2020. (Rick Bajornas/UN Photo/Handout via Xinhua)