Connect with us

Asia

ကမ္ဘောဒီးယားဘုရင်က ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲ တက်ရောက်ရန် တရုတ်နိုင်ငံသို့ထွက်ခွာ

ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် နိုရိုဒွန်သီဟာမိုနီအားတွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်နိုရိုဒွန်သီဟာမိုနီသည် ဖေဖော်ဝါရီ ၄ ရက် (သောကြာနေ့)တွင် စတင်ကျင်းပပြုလုပ်မည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ဦးတည်ကာ ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်တန်ချိုဟွန်ဆန် ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian နှင့် အခြားအဆင့်မြင့်အရာရှိကြီးများက ဘုရင်သီဟာမိုနီအား ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ကမ္ဘောဒီးယားပြည်သူများအား ပြောကြားသော သတင်းစကားတွင် ဘုရင်သီဟာနုက သူသည် ဖေဖော်ဝါရီ ၃ မှ ၅ ရက်အထိ နိုင်ငံတွင်ရှိနေမည်မဟုတ်ကြောင်း နှင့် ၎င်းမရှိချိန်ကာလအတွင်း လွှတ်တော်ဥက္ကဌ Samdech Say Chhum က နိုင်ငံ့အကြီးအကဲရာထူးကို ခေတ္တခဏ ရယူသွားမည်ဖြစ်ကြောင်း ဆိုသည်။

မကြာသေးခင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီ(NOCC) အထွေထွေအတွင်းရေးမှူး Vath Chamroeun နှင့် ဆင်ဟွာသတင်းဌာနတို့ တွေ့ဆုံမေးမြန်းမှုတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အိုလံပစ်အားကစားပြိုင်ပွဲကို အပြည့်အဝအားပေးထောက်ခံကြောင်း နှင့် အားကစားကို နိုင်ငံရေးပြုလုပ်သည့် အသွင်သဏ္ဍာန်အားလုံးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီ ကိုယ်စား ကျနော်ပြောချင်တာက ဒီဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပေကျင်းအတွက် အပြည့်အဝထောက်ခံအားပေးပြီး ကြီးမားတဲ့အောင်မြင်မှုရရှိတဲ့ ပြိုင်ပွဲကြီးဖြစ်ပါစေလို့ ဆုတောင်းပတ္တနားပြုပါတယ်” ဟု ၎င်းက ဆိုသည်။

“ အားကစားပွဲတော်ကြီးဟာ COVID-19 ကပ်ရောဂါကာလအတွင်းကျရောက်နေပေမယ့် ကပ်ရောဂါပြန့်နှံ့မှုမရှိအောင် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေလုပ်ထားသလို အဲဒီလုပ်ဆောင်ချက်တွေကလည်း သိပ်ကို ကောင်းမွန်ပြည့်စုံပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် “ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းကို ပေကျင်းက အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက် ထားပါတယ်” ဟု Chamroeunက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————
(English Version)
Cambodian King heads to China for Beijing Winter Olympics

PHNOM PENH, Feb. 3 (Xinhua) — Cambodian King Norodom Sihamoni on Thursday left here for the Chinese capital Beijing to attend the opening ceremony of the Beijing 2022 Winter Olympics, which will be held on Friday.
At the Phnom Penh International Airport, the monarch was seen off by Cambodian Prime Minister Samdech Techo Hun Sen, Chinese Ambassador to Cambodia Wang Wentian and other high-profile figures.
In a royal message to the Cambodian people, Sihamoni said he will be absent from the country from Feb. 3 to 5 and during his absence, Senate’s President Samdech Say Chhum will assume the title of the acting head of state.
In a recent interview with Xinhua, the National Olympic Committee of Cambodia (NOCC) secretary-general Vath Chamroeun said Cambodia fully backed the Games and opposed all forms of the politicization of sports.
“On behalf of the National Olympic Committee of Cambodia, I would like to express my full support for Beijing in hosting this Winter Olympics and I wish the Games a great success,” he said.
“Although the games are in the time of COVID-19, measures have been taken thoroughly to prevent the spread of COVID-19, and these measures are good,” he said. “Beijing has done a good job in the preparation for the Games.” Enditem