China
တရုတ်နိုင်ငံက တွန်ဂါနိုင်ငံအား အကူအညီအသစ်များ ပေးပို့မည်
ကွမ်ကျိုး၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် တောင်ပိုင်း ကွမ်ကျိုးမြို့မှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အထောက်အပံ့ပစ္စည်းများ ဒုတိယအသုတ်ကို ဆူနာမီဒဏ်ခံစားခဲ့ရသော တွန်ဂါနိုင်ငံသို့ ပင်လယ်လမ်းကြောင်းမှတစ်ဆင့် ဇန်နဝါရီ ၃၁ ရက်၌ ပေးပို့ရန် စီစဉ်ထားကြောင်း ကွမ်တုန်းပြည်နယ် နိုင်ငံခြားရေးရာရုံးအရ သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများအား ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးမြို့ရှိ နန်ရှားဆိပ်ကမ်းတွင် စုစည်းလျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းနှင့် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ အရေးပေါ်ရန်ပုံငွေ (ကွမ်တုန်း) မှ လှူဒါန်းမှုများ ပါဝင်သည်။
ဘေးအန္တရာယ်လျော့ပါးရေး ထောက်ပံ့ပစ္စည်းများမှာ သောက်ရေ ၁၅ တန်၊ အစားအစာ ၁၀ တန်ခန့်နှင့် မိသားစုသုံး မရှိမဖြစ်အသုံးအဆောင်ပစ္စည်း အထုပ် ၃,၀၀၀ အပါအဝင် တန်ချိန် ၆၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ အထောက်အပံ့ပစ္စည်းများသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် ဖေဖော်ဝါရီလအစောပိုင်း၌ တွန်ဂါနိုင်ငံသို့ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။
အကူအညီပစ္စည်း ပထမအသုတ်သည် တွန်ဂါနိုင်ငံသို့ ဇန်နဝါရီ ၂၈ ရက်က ရောက်ရှိသွားခဲ့ပြီး သောက်ရေ၊ အသားစည်သွပ်ဘူး၊ နှာခေါင်းစည်းများ၊ လက်အိတ်များ၊ ရွက်ဖျင်တဲများနှင့် စကားပြောစက်များ ပါဝင်ကြောင်း သိရသည်။
ကွမ်တုန်းပြည်နယ်နှင့် တွန်ဂါနိုင်ငံတို့သည် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ မကြာခဏပြုလုပ်လျက် အနီးကပ်ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားလျက်ရှိကြောင်း မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တွန်ဂါပြည်သူများ၏ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အနီးကပ်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ပြည်နယ် နိုင်ငံခြားရေးရာရုံး တာဝန်ရှိသူ Li Hongzhi က ပြောကြားခဲ့သည်။ (Xinhua)
………………………………….
(English Version)
China to deliver new batch of aid to Tonga
Source: Xinhua Editor: huaxia
2022-01-28 23:22:45
GUANGZHOU, Jan. 28 (Xinhua) — China plans to send a second batch of disaster-relief supplies from its southern metropolis of Guangzhou to the tsunami-hit Tonga by sea on Jan. 31, according to the foreign affairs office of Guangdong Province.
The supplies are being assembled at the Nansha port in Guangzhou, capital of Guangdong Province, and include donations from the Red Cross Society of China and the China-Pacific Island Countries Reserve of Emergency Supplies (Guangdong).
The relief supplies weigh more than 60 tonnes and include 15 tonnes of drinking water, approximately 10 tonnes of food, and 3,000 packages of household necessities.
The new batch of supplies is expected to reach Tonga in early February under the guidance of the Chinese Ministry of Foreign Affairs.
The first batch of aid flew to Tonga on Friday and included drinking water, canned meat, masks, gloves, tents and walkie-talkies.
Guangdong Province and Tonga have maintained close contact over the years, with frequent cultural exchanges and economic and trade cooperation, according to Li Hongzhi, an official of the provincial foreign affairs office, which works closely with the Chinese foreign ministry concerning the needs of the Tongan people following volcanic eruptions. ■
Photo : Photo taken with a mobile phone shows disaster relief materials loaded onto two Chinese air force transport aircrafts to head for Tonga at the Guangzhou Baiyun International Airport in Guangzhou, south China’s Guangdong Province, Jan. 26, 2022. (Xinhua/Ding Zengyi)