Connect with us

China

တရုတ်နိုင်ငံက “လ”၏ တောင်ဝင်ရိုးစွန်းပိုင်း ခရီးစဉ်အတွက် စီစဉ်နေ

တရုတ်နိုင်ငံ၏ လဆင်းယာဉ် ချန်အဲ-၄ အား လပေါ်သွားယာဉ် Yutu-2 သို့မဟုတ် Jade Rabbit-2 က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရိုက်ကူးထားသည် ဓာတ်ပုံအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် လာမည့် ဆယ်စုနှစ်တွင် လမျက်နှာပြင်ပေါ်၌ သုတေသနအခြေစိုက်စခန်းတစ်ခုတည်ဆောက်ရေး အခြေခံပုံစံတစ်ခု အပါအဝင် လစူးစမ်းရှာဖွေရေးအစီအစဉ် စတုတ္ထအဆင့်အတွက် အတည်ပြုခဲ့ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်အရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် လစူးစမ်းရှာဖွေရေးအတွက် အနာဂတ်တွင် ချန်အဲ-၆ ၊ ချန်အဲ-၇ နှင့် ချန်အဲ ၈ လကမ္ဘာသွားခရီးစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး Wu Yanhua ကဆိုသည်။

ချန်အဲ-၇ ခရီးစဉ်သည် လ၏ တောင်ဝင်ရိုးစွန်းပိုင်းသို့ ပထမဆုံးသွားရောက်ရန် ရည်မှန်းထားသည်။ ချန်အဲ-၅ နမူနာစုဆောင်းရေးခရီးစဉ် ပြန်လာတည်းက ချန်အဲ-၆ ကို အရန်အဖြစ် အသင့်ထားရှိပြီး ၎င်းအား ချန်အဲ-၇ က လတောင်ဝင်ရိုးစွန်းမှ နမူနာများ စုဆောင်းယူဆောင်ပေးပြီးနောက်တွင် လွှတ်တင်သွားမည်ဖြစ်သည်။ ချန်အဲ-၆ ခရီးစဉ်သည် ချန်အဲ-၈ ၏ လသိပ္ပံသုတေသနအခြေစိုက်စခန်းတည်ဆောက်ရေး အခြေခံပုံစံတစ်ခု ဦးတည်ဆောင်ရွက်စဉ် နောက်ဆက်တွဲအဖြစ် လွှတ်တင်သွားမည်ဖြစ်သည်။

“ လသုတေသနအခြေစိုက်စခန်း အခြေခံပုံစံတစ်ခုတည်ဆောက်ရေးအတွက် ရုရှားနိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ ကျွန်တော်တို့ပြင်ဆင်နေပါတယ်” ဟု မကြာသေးခင်က ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် Wuက ဖြေကြားထားသည်။ လပေါ်တွင် အခြေစိုက်စခန်းတည်ဆောက်ရေးသည် လအရင်းအမြစ်များကို မည်သို့မည်ပုံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အသုံးပြုရေးအတွက် အပါအဝင် လပတ်ဝန်းကျင်း နှင့် အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ စူးစမ်းရှာဖွေရန် ကျွန်ုပ်တို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုဖြစ်လိမ့်မည်ဟု ၎င်း ကဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် စေလွှတ်ခဲ့သည့် ချန်အဲ-၅ ခရီးစဉ်သည် လနမူနာပစ္စည်းပေါင်း ၁,၇၃၁ ဂရမ်ကို ယူဆောင်ပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် ချန်အဲ-၄ လဆင်းယာဉ် နှင့် ယူတူ ၂ (Yutu 2) လပေါ်သွားယာဉ်ဖြင့် လ၏ အစွန်ပိုင်းသို့ သွားရောက်လျက်ရှိသည်။ ၎င်းတို့သည် ၂၀၁၉ ခုနှစ်က လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်း South Pole-Aitken Basin ရှိ Von Karman မီးတောင်တွင်းပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် ငြင်သာစွာဆင်းသက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
China plans missions to moon’s south pole
BEIJING, Jan. 4 (Xinhua) — China has approved the fourth phase of its lunar exploration program, including a basic model of a research station built on the moon over the coming decade, according to the China National Space Administration.
Wu Yanhua, deputy director of the administration, said China would carry out lunar exploration in the future Chang’e-6, Chang’e-7 and Chang’e-8 missions.
As planned, Chang’e-7 probe will be launched to the south pole of the moon first. Since Chang’e-6 is a backup of Chang’e-5 sample-return mission, it will be launched after Chang’e-7 to bring back samples on the lunar south pole. Chang’e-6 mission will be followed by Chang’e-8, a step toward building a model of a lunar scientific research station.
“We also prepare to work with Russia to build the basic model of the lunar research station,” Wu said in a recent interview. “The construction of the station will lay a solid foundation for us to better explore the lunar environment and resources, including how to use and develop lunar resources peacefully.”
The Chang’e-5 probe was launched in 2020, having retrieved a total of 1,731 grams of lunar samples. China is currently operating Chang’e-4 lander and the Yutu 2 rover on the far side of the moon. They made the first-ever soft landing on the Von Karman Crater in the South Pole-Aitken Basin on the lunar far side in 2019.

Photo taken by the rover Yutu-2 (Jade Rabbit-2) on Jan. 11, 2019 shows the lander of the Chang’e-4 probe. (Xinhua/China National Space Administration)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.