Connect with us

China

တရုတ်နိုင်ငံတွင် အဓိကအင်တာနက်ကုမ္ပဏီလုပ်ငန်းများ၏ဝင်ငွေ လျင်မြန်စွာတိုးတက်မှုရှိလာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ကျင်းပသည့် China International Big Data Industry Expo 2021တွင် ပြသထားသည့် ဥာဏ်ရည်တု စက်ရုပ်လေးက ကော်ဖီဖျော်ပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အင်တာနက်နှင့် ဆက်စပ်ကဏ္ဍများ၏ လုပ်ငန်းဝင်ငွေသည် ယခုနှစ် ပထမ (၅)လအတွင်း ရာခိုင်နှုန်းဆယ်ဂဏန်း မြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

အဓိကအင်တာနက်ကုမ္ပဏီများ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကာလတူထက် (၂၄.၄) ရာခိုင်နှုန်းမြင့်တက်လာကာ ယွမ် (၅၉၈.၁)ဘီလီယံ [အမေရိကန်ဒေါ်လာ ၉၂.၄၃ ဘီလီယံခန့်] သို့ရောက်ရှိလာကြောင်း စက်မှုနှင့်သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန(MIIT)၏ ကိန်းဂဏန်းများအရ သိရသည်။

ထိုကာလအတွင်း ၎င်းလုပ်ငန်းများ၏လည်ပတ်မှုအမြတ်ငွေ စုစုပေါင်း ယွမ်(၆၀.၆၆)ဘီလီယံ ရှိပြီး ထိုကဏ္ဍ၏ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသုံးပြုငွေ ယွမ်(၂၉.၀၁)ဘီလီယံရှိရာ (၁၆.၃)ရာခိုင်နှုန်းတိုးတက်လာကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တိုးတက်မှုအပြောင်းအလဲကို ကြုံတွေ့နေရပြီး ယင်းအား နည်းပညာနှင့် သုံးစွဲမှုတို့က ပိုမိုတွန်းအားဖြစ်စေကာ အင်တာနက်ကဏ္ဍသည် တရုတ်နိုင်ငံ စီးပွားရေးပုံစံအသစ်၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ နှစ်စဥ်ဝင်ငွေ ယွမ် ၅ သန်းအထက်ရှိသော စီးပွားရေးလုပ်ငန်းများကို MIIT က စာရင်းပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China’s major internet firms log rapid revenue growth
2021-07-03 10:07:26
BEIJING, July 3 (Xinhua) — China’s internet and related sectors saw double-digit growth in business revenue in the first five months of the year, official data showed.
The revenue of major internet companies surged 24.4 percent year on year to 598.1 billion yuan (about 92.43 billion U.S. dollars) in the January-May period, according to the Ministry of Industry and Information Technology (MIIT).
These companies raked in a total of 60.66 billion yuan in operating profits during the period, while the sector’s spending on research and development stood at 29.01 billion yuan, an increase of 16.3 percent, the data showed.
The internet sector has become a key component of China’s “new economy” as the country undergoes a growth shift, driven more by technology and consumption.
MIIT statistics cover enterprises with annual revenue from internet services of above 5 million yuan in the previous year. Enditem

Photo 1 – An AI-powered robot brews coffee during the China International Big Data Industry Expo 2021 in Guiyang, southwest China’s Guizhou Province, May 26, 2021. (Xinhua/Yang Wenbin)