Connect with us

Asia

တောင်ကိုရီးယားနိုင်ငံက ရေငုပ်င်္ဘောမှပစ်ခတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်

တောင်ကိုရီးယားနိုင်ငံက ထုတ်လုပ်ထားသော တန်ချိန် ၃,၀၀၀ ရှိသော Dosan Ahn Chang-ho ရေငုပ်သင်္ဘောအား စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Yonhap)

ဆိုးလ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက ပြည်တွင်းထုတ် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ စစ်တပ်အရင်းအမြစ်အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက စက်တင်ဘာ ၇ ရက်၌ သတင်းဖော်ပြခဲ့သည်။

စက်တင်ဘာ ၁ ရက်တွင် တန် ၃,၀၀၀ ရှိသော ပြည်တွင်းထုတ် ရေငုပ်သင်္ဘောမှ ပထမဆုံး SLBM ၏ ရေအောက်မှပစ်ခတ်မှုဖြစ်ကြောင်း နိုင်ငံပိုင် Agency for Defense Development (ADD) ၏ ပြောကြားချက်အား ကိုးကား၍ စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က ပြောကြားထားသည်။

SLBM သည် နောက်ထပ်စမ်းသပ်မှုများ နှစ်ကြိမ်ပြုလုပ်ပြီးနောက် အမြောက်အမြားထုတ်လုပ်ခြင်းနှင့် တပ်ဖြန့်ခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းပဲ့ထိန်းဒုံးကျည်အား ဩဂုတ် ၁၃ ရက်တွင် တာဝန်ထမ်းဆောင်သည့် ထောင်လိုက်ပစ်ခတ်နိုင်သောပြောင်း ၆ ခုပါဝင်သည့် Dosan Ahn Chang-ho ရေငုပ်သင်္ဘောတွင် တပ်ဆင်သွားမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော Hyunmoo-2B ပဲ့ထိန်းဒုံးကျည် နည်းပညာကို အခြေခံတည်ဆောက်ထားသဖြင့် အဆိုပါ SLBM အား “Hyunmoo 4-4” ဟု အမည်ဝှက်ပေးထားကြောင်း ၊ ၎င်းအား သမားရိုးကျထိပ်ဖူးဖြင့် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
S. Korea test-fires submarine-launched ballistic missile: media
2021-09-07 13:14:27
SEOUL, Sept. 7 (Xinhua) — South Korea has successfully test-fired a homegrown submarine-launched ballistic missile (SLBM), Yonhap news agency reported Tuesday citing an unnamed military source.
The military source was quoted as saying the state-run Agency for Defense Development (ADD) conducted its first underwater ejection test of the SLBM from a domestically-developed 3,000-ton submarine on Sept. 1.
The SLBM will be mass-produced and deployed after a couple of additional tests. It will be mounted on the Dosan Ahn Chang-ho submarine with six vertical launch tubes that was put into commission on Aug. 13.
The SLBM was reportedly codenamed ‘Hyunmoo 4-4’ as it was developed based on the technology of the country’s Hyunmoo-2B ballistic missile with a range of about 500 km. It will fitted with conventional warheads. Enditem

This photo, taken Sept. 14, shows the 3,000-ton diesel-electric air-independent propulsion submarine, named after a prominent South Korean independence fighter, the Dosan Ahn Chang-ho, sitting at the Okpo Shipyard of Daewoo Shipbuilding and Marine Engineering Co. on the southern island of Geoje. (Yonhap)