Connect with us

Asia

တောင်ကိုရီးယား F-5E တိုက်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူးသေဆုံးကြောင်း သတင်းဖော်ပြ

ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုတွင် လေယာဉ်မှူးအား အသက်သေဆုံးလျက် ရှာဖွေတွေ့ရှိကြောင်း Yonhap သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။တောင်ကိုရီးယားလေတပ်၏ အမှတ် ၁၀ တိုက်လေယာဉ်အုပ်စုမှ F-5E တိုက်လေယာဉ်တစ်စင်းသည် ဆိုးလ်မြို့မှ တောင်ဘက် ၆၀ ကီလိုမီတာခန့်အကွာ Hwaseong ဒေသရှိ တောင်တန်းတစ်ခုပေါ်သို့ ယနေ့ ဇန်နဝါရီ ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်လေယာဉ်သည် မြေပြင်မှ ပုံမှန်ပျံတက်သွားပြီးနောက် သတ်မှတ်အမြင့်ပေအရောက်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပျက်ကျသွားရခြင်းအကြောင်းအရင်းကို မသိရှိရသေးပေ။

ဂျက်တိုက်လေယာဉ်ပေါ် လိုက်ပါသွားသည့် တစ်ဦးတည်းသော လေယာဉ်မှူးကို အခင်းပျက်ကျရာ နေရာအနီးတစ်ဝိုက်၌ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းတောင်တန်းပေါ်တွင် လေယာဉ်ပျက်ကျမှုကြောင့် အရပ်သားသေဆုံးမှုရှိသည်ဆိုသော မည်သည့်သတင်းပေးပို့ချက်မှ လက်ခံရရှိထားခြင်းမရှိကြောင်း နှင့် ယင်းဂျက်လေယာဉ်ပေါ်တွင် မည်သည့်ဗုံးမျှ တင်ဆောင်ထားခြင်းမရှိကြောင်း သိရသည်။(Xinhua)

……………………………………

(English Version)
Pilot found dead in S.Korea’s fighter crash – media

SEOUL, Jan. 11 (Xinhua) — A pilot was found dead in South Korea’s fighter jet crash accident, Yonhap news agency reported Tuesday.
An F-5E combat plane of the 10th Fighter Wing of the South Korean Air Force crashed at a hill in Hwaseong, around 60 km south of Seoul, at about 1:44 p.m. local time (0444 GMT).

After taking off normally, the fighter jet crashed while gaining altitude. The cause of the accident was not known.
The pilot, a single passenger aboard the fighter, was found dead near the crash site.
No civilian casualties were reported yet as the plane crashed at a hill. No bomb was reportedly loaded on the fighter jet. E