Connect with us

Asia

ဆိုးလ်မြို့ရှိ လူအုပ်ပိမှုအတွင်း တရုတ်နိုင်ငံသား ၄ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အီထယ်ဝန်ခရိုင်၌ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ဟောလိုဝင်းပွဲတော် လူစုဝေးမှုအတွင်း လူအုပ်ပိမှုကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး အခြား ၂ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လူအုပ်ပိမှု ဖြစ်ပွားပြီးနောက် တရုတ်သံရုံးအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအား ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း ၊ ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် သေဆုံးသည့်နိုင်ငံသားများအား သိရှိရန် ညတွင်းချင်းပင် တောင်ကိုရီးယားဘက်ထံ ဆက်သွယ်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသား မည်သူမဆို အကူအညီတောင်းခံလာပါက သိရှိနိုင်ရန် အင်တာနက် နှင့် လူမှုမီဒီယာပလက်ဖောင်းများအား ဂရုတစိုက် စောင့်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံးက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များကိုလည်း အကူအညီ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————-

Four Chinese nationals have been confirmed killed and two others suffered minor injuries in a #stampede that occurred Saturday night at #Itaewon, a district in Seoul, during Halloween gatherings, the Chinese embassy in South Korea said Sunday.
The Chinese embassy said shortly after the stampede that it immediately activated an emergency response mechanism, contacted the South Korean side overnight to learn about the cause of the accident and the nationalities of the victims, and paid close attention to the Internet and social media platforms to see if any Chinese nationals were seeking help.
The Chinese embassy has offered condolences and will provide assistance to the families of the victims.
Xinhua/Wang Yiliang