Connect with us

Asia

နိုင်ငံများစွာက ကုန်စည် သယ်ယူပို့ဆောင်ရေးအတွက် တရုတ်-လာအို ရထားလမ်းကိုအသုံးပြုလျက်ရှိကြောင်း လာအို တာဝန်ရှိသူပြော

ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) ၏ အထင်ကရစီမံကိန်းတစ်ခုဖြစ်သော တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွီရှီးမြို့ရှိ ယွီရှီးဘူတာရုံသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများသို့ ကုန်စည်များ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းများအတွက် ယခုအခါ တရုတ်-လာအို ရထားလမ်းကို အသုံးပြုလျက်ရှိကြောင်း လာအိုနိုင်ငံ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) အဖွဲ့ဝင်နိုင်ငံများကြား ၎င်းရထားလမ်းမှတစ်ဆင့် ကုန်စည်များအား ပိုမိုတင်ပို့လျက်ရှိကြောင်း လာအိုနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ Daovone Phachanthavong ၏ ပြောကြားချက်အား ကိုးကားလျက် Vientiane Times နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

“လာအို-တရုတ် ရထားလမ်းကို အသုံးပြုနေပြီဖြစ်တာကြောင့် အခုဆိုရင် လာအိုရဲ့ စီးပွားရေးဟာ ဒီနှစ်မှာ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးသမားတွေက ရထားလမ်းကို အသုံးပြုပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ မြင့်တက်နေပါပြီ” ဟု ၎င်းက ဆိုသည်။

“တရုတ်နဲ့ အဲဒီ အာဆီယံအဖွဲ့ဝင်နိုင်ငံ လေးနိုင်ငံကြား ကုန်စည်တွေ သယ်ယူပို့ဆောင်ဖို့ ကျွန်တော်ငှားရမ်းထားပါတယ်။ ပြီးတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ထိုင်းနိုင်ငံက ပြည်သူများစွာဟာ COVID-19 ရောဂါဖြစ်ပွားမှု လျော့ပါးချိန်က ရထားလမ်းဖြင့် ခရီးသွားလိုကြပြီး Vang Vieng မြို့နှင့် Luang Prabang မြို့သို့ သွားရောက်လည်ပတ်လိုကြတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ကပ်ရောဂါ မှေးမှိန်လာချိန်နဲ့ ခရီးသွားကန့်သတ်ချက်တွေ ဖြေလျှော့လာချိန်ကျရင် တရုတ်ပြည်သူများစွာဟာ လာအိုနဲ့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို လာရောက်လည်ပတ်မှာဖြစ်ပြီး ရထားလမ်းကို အသုံးပြုကြမှာဖြစ်သလို ကြိုဆိုဧည့်ခံရေးကဏ္ဍာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများ တိုက်ရိုက် အကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်” ဟု Daovone က ပြောခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဝန်ဆောင်မှု စတင်ဖွင့်လှစ်ခဲ့သော တရုတ်-လာအို ရထာလမ်းသည် ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ ရုရှားနှင့် ဥရောပသို့ ပို့ကုန်လမ်းကြောင်းများ တိုးချဲ့နိုင်စွမ်းကို မြှင့်တင်လျက်ရှိကြောင်း သိရသည်။

“ကုမ္ပဏီများစွာက လာအိုမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေကြတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကုန်စည်တွေဟာ လာအို-တရုတ် ရထားလမ်းကတစ်ဆင့် ဥရောပကို ပို့နိုင်ပြီဖြစ်ပါတယ်” ဟု Daovone က ပြောကြားခဲ့သည်။

“လာအိုမှ ဆန်နဲ့ ကော်ဖီတွေက ရထားနဲ့ ဥရောပကို တင်ပို့နေပါပြီ။ ပင်လယ်ရေကြောင့် ပို့ဆောင်ရေးထက် အချိန်ကုန် အများကြီး သက်သာသွားပါတယ်”

တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ စတင်လည်ပတ်စဉ်မှစ၍ ခရီးသည် ၁ သန်းကျော်နှင့် ကုန်စည်တန်ချိန်ပေါင်း ၅၀၀,၀၀၀ ကျော် တင်ပို့ပေးနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲမည့် လာအိုနိုင်ငံ၏ မဟာဗျူဟာကြား ချိတ်ဆက်ပေးသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ (Xinhua)

—————————-
(English Version)
More countries use China-Laos Railway for goods transport: Lao official
Source: Xinhua| 2022-02-01 11:49:30|Editor: huaxia
VIENTIANE, Feb. 1 (Xinhua) — Business operators from Thailand, Vietnam, Cambodia and Myanmar are now using the China-Laos Railway to import and export goods to and from China and beyond, according to a Lao official.
Local daily Vientiane Times on Tuesday quoted Vice President of the Lao National Chamber of Commerce and Industry, Daovone Phachanthavong, as saying that more goods are being shipped between China and ASEAN (Association of Southeast Asian Nations) member countries through the railway.
“I think Laos’ economy will improve this year now that the Laos-China Railway is in use. Businesses in Laos, Vietnam, Thailand, Cambodia and Myanmar are increasingly engaged in trade with China using the railway,” he said.
“I have been hired to transport goods between China and these four ASEAN countries. In addition, many people in ASEAN countries, particularly Thailand, want to travel on the railway and visit Vang Vieng and Luang Prabang once the COVID-19 outbreak has subsided.”
“I am sure that when the pandemic wanes and travel restrictions are lifted, many Chinese people will also visit Laos and other ASEAN countries, and will use the railway, which will directly benefit hotels, restaurants and other businesses in the hospitality sector,” Daovone said.
Opening for service in December 2021, the China-Laos Railway has opened up the possibility of extending export routes to Central Asia, the Middle East, Russia and Europe.
“Many companies are considering investing in Laos because goods from ASEAN countries can now be sent to Europe through the Laos-China Railway,” Daovone said.
“Rice and coffee from Laos have been shipped to Europe by rail, which saves a lot of time compared to sea transport.”
The China-Laos Railway has so far transported more than one million passengers and 500,000 tons of cargo including 100,000 tons of cross-border goods since it became operational in December 2021.
The China-Laos Railway is a docking project between the China-proposed Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub. ■
Photo : An electric multiple unit (EMU) train of the China-Laos Railway arrives at Yuxi Railway Station in Yuxi, southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Hu Chao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.