Connect with us

Environment, Disasters & Accidents

ပြန်လည်တွေ့ရှိထားသော black box မှာ လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်ဖြစ်ဖွယ်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပျက်ကျသွားသော လေယာဉ်မှ ပြန်လည်တွေ့ရှိထားသော black box အား မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ကွမ်ရှီး (ကျွမ့်လူမျိူး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ပေါ်သို့ ပျက်ကျခဲ့သော China Eastern Airlines လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်မှ ပြန်လည်တွေ့ရှိခဲ့သော black box မှာ လေယာဉ်မှုးအခန်းမှ အသံဖမ်းစက် ဖြစ်ဖွယ်ရှိကြောင်း လေကြောင်းတာဝန်ရှိသူတစ်ဦးက မတ် ၂၃ ရက် ညပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။Black box ၏ အပြင်ဘက်မှာ ဆိုးဝါးစွာ ပျက်စီးသွားသော်လည်း စက်၏ အချက်အလက်ထိန်းသိမ်းထားသော ယူနစ်မှာမူ ပျက်စီးမှုအချို့ရှိသော်ငြားလည်း ပြည့်စုံသေးကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန၊ လေကြောင်းပျံသန်းမှုဘေးကင်းရေးရုံး အကြီးအကဲ Zhu Tao က ပြောကြားခဲ့သည်။ အဆိုပါ black box ၏အချက်ပြစနစ်ကို အဓိပ္ပါယ်ဖော်ခြင်း (decoding) ပြုလုပ်ရန် ပေကျင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခရီးသည် ၁၃၂ ဦး စီးနင်းလိုက်ပါလာသောလေယာဉ်သည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူကျိုးမြို့၊ ထိန်ရှန့်ခရိုင်အတွင်း မတ် ၂၁ ရက်က ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း သိရသည်။

အချက်အလက်များ ဒေါင်းလုတ်ပြုလုပ်ခြင်း (downloading) နှင့် အချက်ပြစနစ် အဓိပ္ပါယ်ဖော်ခြင်း (decoding) ပြုလုပ်ရန် အချိန်အချို့ယူရမည်ဖြစ်ကြောင်းနှင့် အကယ်၍ အသံဖမ်းစက် အတွင်းပိုင်းသိုလှောင်မှု၌ နှောင့်နှေးနေပါက လုပ်ငန်းစဉ်မှာ အချိန်ကြာနိုင်ကြောင်း Zhu က ဆိုသည်။

စုံစမ်းစစ်ဆေးသူများက လေယာဉ်ပျက်ကျရခြင်း အကြောင်းကို ပိုမိုပြည့်စုံစွာ ပုံဖော်နိုင်ရန် အခြား black box ဖြစ်သော လေကြောင်းပျံသန်းမှု အချက်အလက် အသံဖမ်းစက်ကို ရှာဖွေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောခဲ့သည်။ (Xinhua)

…………………………………………

Update: Recovered black box believed to be cockpit voice recorder: official

NANNING, March 23 (Xinhua) — The black box recovered from the China Eastern Airlines passenger plane that crashed into a mountain in Guangxi on Monday is believed to be the cockpit voice recorder, an aviation official told a press briefing on Wednesday night.

The exterior of the black box has been severely damaged, but its data storage unit is relatively complete despite some damage, said Zhu Tao, head of the aviation safety office of the Civil Aviation Administration of China. The black box is being sent to Beijing for decoding.

The plane carrying 132 people crashed on Monday in Tengxian County in the city of Wuzhou, south China’s Guangxi Zhuang Autonomous Region. No survivors have been found so far.

Downloading and decoding the data will take some time, and the process could be prolonged further if the internal storage unit is impaired, Zhu said.

The official said that investigators will continue to search for the flight data recorder, the other black box, to provide a more complete picture of what happened to cause the crash. ■

Photo : This image captured from video footage shows a black box of the crashed plane is recovered, in south China’s Guangxi Zhuang Autonomous Region, March 23, 2022. (Xinhua)