Connect with us

Europe

ပွင့်လင်းကောင်းကင်ယံ စာချုပ်မှ တရားဝင်နုတ်ထွက်ကြောင်း ရုရှားပြော

မော်စကို ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် ပွင့်လင်းကောင်းကင်ယံ သဘောတူစာချုပ် (Treaty on Open Skies) မှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။“ စာချုပ်ကို ယုံကြည်မှု နဲ့ လုံခြုံမှု မြှင့်တင်ရေးအတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုရင်း သူ့ကို ဆယ်စုနှစ်များစွာ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ရည်မှန်းချက်တစ်ခုအတွက် ဖြည့်စွက်အခွင့်အလမ်းတွေကို ဖန်တီးပေးပြီးတော့ စာချုပ်ပါ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ နဲ့ စစ်ဘက်ဆိုင်ရာအလားအလာတွေကို ဘက်မလိုက်ဘဲအကဲဖြတ်ပေးပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသဘောတူစာချုပ်၌ ရုရှားနိုင်ငံ၏ ပါဝင်ခဲ့မှု ကာလတစ်လျှောက်လုံးတွင် နိုင်ငံအနေဖြင့် လေကြောင်းပျံသန်းမှု ၆၄၆ ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း လေကြောင်းပျံသန်းမှု ၁,၅၈၀ ကြိမ်အနက် ရုရှားပိုင်နက်ကောင်းကင်ပြင်ပေါ်တွင် လေကြောင်းပျံသန်းမှု ၄၄၉ ကြိမ်ကို ခွင့်ပြုပေးခဲ့ကြောင်း ဝန်ကြီးဌာနက မီးမောင်းထိုးပြခဲ့သည်။“ ကံအကြောင်းမလှစွာဘဲ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးဟာ ရေးသားပြဌာန်းချက်တွေအတိုင်း စာချုပ်ကို ဆက်ပြီးထိန်းသိမ်းသွားဖို့ ခွင့်မပြုပေးခဲ့ဘူး” ၎င်းက ဆိုသည်။

“ဒီပွင့်လင်းကောင်းကင်ယံစာချုပ် ပျက်စီးသွားရလေအောင် ကနဦးအစလုပ်ခဲ့သူဖြစ်တဲ့ အမေရိကန်မှာ လုံးလုံး တာဝန်ရှိပါတယ် ” ဟု ဝန်ကြီးဌာနက ဆိုသည်။
ယင်းသဘောတူစာချုပ်မှ အမေရိကန်နိုင်ငံက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ၌ တရားဝင် နုတ်ထွက်သွားပြီးနောက်တွင် ရုရှားနိုင်ငံအနေဖြင့် ယင်းစာချုပ်မှ တရားဝင် နုတ်ထွက်နိုင်ရန်အတွက် ပြည်တွင်းဥပဒေရေးရာလုပ်ထုံးလုပ်နည်းများအား ညှိနှိုင်းဆောင်ရွက်မှုကို ယခုနှစ် ဇန်နဝါရီတွင် စတင်လုပ်ဆောင်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ယင်းသဘောတူစာချုပ်မှ နုတ်ထွက်ရန် ဥပဒေတစ်ရပ်ကို ဇွန် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၂၀၀၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော ယင်းဘက်စုံသဘောတူစာချုပ်သည် စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများအား အခြားအဖွဲ့ဝင်များ၏ ပိုင်နက်နယ်မြေများပေါ်တွင် စစ်ရေးလှုပ်ရှားမှုများ နှင့် စစ်ဘက်ဆိုင်ရာသတင်းအချက်အလက်များ စုဆောင်းရန်အတွက် လက်နက်မဲ့ ကင်းထောက်လေယာဉ်များပျံသန်းမှုကို အချိန်တို-ပျံသန်းခွင့် ခွင့်ပြုပေးထားကြောင်း သိရသည်။(Xinhua)

———————————
(English Version)
Russia officially withdraws from Open Skies Treaty

MOSCOW, Dec. 18 (Xinhua) — Russia has officially withdrawn from the Treaty on Open Skies, the Russian Foreign Ministry announced Saturday in a statement.
“Decades of fruitful implementation of the treaty showed that it has served well as a tool for strengthening confidence and security, creating additional opportunities for an objective and unbiased assessment of the military potential and military activities of the participating states,” it said.

The ministry mentioned that during Russia’s participation in the treaty, the country has conducted 646 flights, and allowed for 449 flights to be carried out over its territory among the 1,580 total flights made.

“Unfortunately, all our efforts did not allow us to preserve the treaty as it was intended by its authors,” it said.
“The entire responsibility for the degradation of the agreement lies with the initiator of the collapse of the Treaty on Open Skies: the United States of America,” the ministry said.
After the formal U.S. withdrawal in November 2020, the Russian Foreign Ministry said this January that the country had started domestic legal procedures for the official pullout from the treaty.

On June 7, Russian President Vladimir Putin signed a law to quit the treaty.The multilateral pact, which came into effect in 2002, allows its states-parties to conduct short-notice, unarmed reconnaissance flights over the others’ territories to collect data on military forces and activities.
A file photo of a U.S. OC-135 plane for Open Skies flights