Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတက ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ခြင်းကန့်သတ်ချက်ကို ဖြေလျှော့ပေးရန် ညွှန်ကြားထား

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Manila Bay Dolomite ကမ်းခြေသို့ လာရောက်လည်ပတ်သူများအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင်များ ပြန်လည်ဖော်ဆောင်ရန် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်ခြင်းကန့်သတ်ချက်များကို ဖြေလျှော့ရန် ညွှန်ကြားခဲ့ကြောင်း မတ် ၂၃ ရက် သမ္မတအမိန့်တစ်ရပ်အရ သိရသည်။
မတ် ၂၁ ရက်က ဒူတာတေးက လက်မှတ်ရေးထိုးလိုက်သော အမိန့်တွင် ကာကွယ်ဆေးထိုးနှံထားသော နိုင်ငံခြားသားများအား နိုင်ငံအတွင်းဝင်ရောက်ရာ၌ ကွာရန်တင်း (quarantine) ခြွင်းချက်များ ပံ့ပိုးခြင်း အပါအဝင် နိုင်ငံတကာခရီးသွား လိုအပ်ချက်များကို ထပ်မံဖြေလျှော့ရန် အစိုးရအား ပြောကြားခဲ့သည်။ ထို့ပြင် ဒေသန္တရခရီးသွားလုပ်ငန်း မြှင့်တင်ရန် ပြည်တွင်းခရီးသွား ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

စီးပွားရေးအား တိုးတက်မှုလမ်းကြောင်းဆီသို့ ပြန်လည်ဆောင်ကြဉ်းနိုင်ရေးအတွက် အစိုးရ၏ စီးပွားရေးပြန်လည်နာလန်ထူမှု အစီအစဉ်များနှင့် စီမံဆောင်ရွက်ချက်များကို ပြန်လည်ချိန်ညှိရန် လိုအပ်ချက်ကို ဒူတာတေးက အလေးထားပြောခဲ့သည်။

“လက်ရှိစီးပွားရေး တိုးတက်မှု ထိန်းသိမ်းဖို့၊ ကပ်ရောဂါရဲ့ ကာလရှည်ထိခိုက်စေမယ့် သက်ရောက်မှုတွေကို လျော့သွားဖို့နဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ပြန်လည်ထိန်းသိမ်းဖို့ စီးပွားရေးနာလန်ထူမှုဆိုင်ရာ မူဝါဒတွေ ပြဋ္ဌာန်းဖို့ အရေးတကြီး လိုအပ်ပါတယ်” ဟု အမိန့်ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ ဆောင်ရွက်ချက်များတွင် နိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည် အားကောင်းရေး၊ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် အရှိန်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်း၊ စီးပွားရေးပြန်လည်ဖွင့်လှစ်ခြင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစွမ်းဆောင်မှု ချဲ့ထွင်ခြင်း၊ လူကိုယ်တိုင်တက်ရောက်သင်ကြားမှု ပြန်လည်စတင်ခြင်းနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ခြင်း စသည်တို့ ပါဝင်သည်။

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါသည် ဖိလစ်ပိုင်နိုင်ငံစီးပွားရေးကို ဆိုးဝါးစွာ ထိခိုက်ခဲ့ကာ အလုပ်အကိုင်များ၊ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများစွာမှာလည်း ယာယီ သို့မဟုတ် အမြဲတမ်းပိတ်သိမ်းခဲ့ရသည်။

ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ၉.၆ ရာခိုင်နှုန်းရှိရာမှ ကျဆင်းစေခဲ့ပြီး နိုင်ငံ၏ ဆယ်စုနှစ်ရှည်ကြာစွာ အနှောင့်အယှက်ကင်းလျက် တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ကြောင်း၊ ၁၉၉၇-၁၉၉၈ ခုနှစ် အာရှငွေကြေးအကျပ်အတည်းဖြစ်ပွားချိန်မှစ၍ ပထမဆုံး စီးပွားရေးကျဆင်းခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဖိလစ်ပိုင်နိုင်ငံတွင် သေဆုံးသူ ၅၈,၂၈၁ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃.၆၇ သန်းကျော်ရှိနေပြီဖြစ်သည်။ လူဦးရေ ၆၅.၂ သန်းကျော် သို့မဟုတ် ရည်မှန်းထားသော လူဦးရေ ၇၂.၄၉ ရာခိုင်နှုန်းမှာ ယမန်နှစ် မတ်လက ကာကွယ်ဆေးထိုးနှံချိန်မှစ၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

#Philippine, #COVID_19, #ForeignTourists, #InternationalTourism, #Xinhua, #Myanmar, #XinhuaMyanmar, #ဖိလစ်ပိုင်, #ကိုဗစ်_၁၉ရောဂါ, #ကမ္ဘာလှည့်ခရီးသွား, #နိုင်ငံတကာခရီးသွားလုပ်ငန်း, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(English Version
Philippine president orders easing entry of foreign tourists
2022-03-23 13:47:28
MANILA, March 23 (Xinhua) — Philippine President Rodrigo Duterte has ordered easing entry of foreign tourists into the country to boost international tourism, increase foreign investments, and restore jobs in the tourism sector, according to an executive order released on Wednesday.
In the order Duterte signed on Monday, he asked the government to relax further the requirements on international travel, including providing quarantine exemptions to vaccinated foreigners entering the country. He also ordered reducing domestic travel restrictions to boost local tourism.
Duterte stressed the need to align the government’s economic recovery programs and measures to bring the economy back to the growth path.
“There is an urgent need to adopt policies on economic recovery to sustain current economic gains, minimize the pandemic’s long-term adverse effects, and restore the country’s development trajectory,” read the order.
The measures also include strengthening the healthcare capacity across the country, accelerating and expanding the vaccination program, further reopening the economy and expanding public transport capacity, resuming face-to-face learning, and accelerating digital transformation.
The COVID-19 pandemic, which broke out in 2020, has drastically affected the Philippine economy, resulting in jobs, productivity, and income loss. Many businesses were forced to close temporarily or permanently cease operations.
The pandemic impeded the country’s decade-long uninterrupted growth, contracting its gross domestic products by 9.6 percent in 2020, the first recession since the 1997-1998 Asian financial crisis.
The Philippines now has over 3.67 million confirmed COVID-19 cases, including 58,281 deaths. More than 65.2 million people, or 72.49 percent of the targeted population, have been fully vaccinated since the vaccine rollout in March last year. Enditem

Photo : People visit the Manila Bay Dolomite Beach in Manila, the Philippines, Oct. 21, 2021. (Xinhua/Rouelle Umali)