International Organizations
မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သောဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ကြောင်း အတည်ပြု
ပြုံယမ်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ(DPRK)က အသံထက်မြန်သော ဒုံးကျည်တစ်စင်းအား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဇန်နဝါရီ ၆ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဒုံးကျည်အား ဇန်နဝါရီ ၅ ရက်တွင် ကာကွယ်ရေးသိပ္ပံအကယ်ဒမီက ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး ကီလိုမီတာ ၇၀၀ အကွာရှိ ပစ်မှတ်အား ထိမှန်ခြင်း မပြုမီ ဘေးတိုက်အနေအထား ဖြင့် ကီလိုမီတာ ၁၂၀ကို ဝေ့ဝိုက် လှုပ်ရှားသွားကြောင်း နှင့် ယင်းမှာ လောင်စာဆီစနစ်သစ်၏ ယုံကြည်အားထားရမှုကို သက်သေပြခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံက ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အသံထက်မြန်သောဒုံးကျည် Hwasong-8 အား ပစ်လွှတ်ပြီးနောက် ဒုတိယအကြိမ် စမ်းသပ်ပစ်လွတ်ခြင်း ဖြစ်သည်။ အသံထက်မြန်သော ဒုံးကျည်အခန်းကဏ္ဍတွင် စမ်းသပ်ပစ်လွှတ်မှုများ ဆက်တိုက်အောင်မြင်ခြင်းသည် နိုင်ငံ၏ ဗျူဟာမြောက်လက်နက်ကိုင်တပ်ဖွဲ့ ခေတ်မီစေရေးအတွက် အလျှင်အမြန်လှုပ်ရှားဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်ရာ မဟာဗျူဟာမြောက်အရေးပါမှု ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
ဆောင်းရာသီဥတုအခြေအနေအောက်တွင် လောင်စာဆီစနစ်၏ ယုံကြည်အားထားရမှုရှိသည်လည်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
………………………………….
(English Version)
DPRK confirms successful test fire of hypersonic missile
PYONGYANG, Jan. 6 (Xinhua) — The Democratic People’s Republic of Korea (DPRK) has successfully test-fired a hypersonic missile, the official Korean Central News Agency reported on Thursday.
The missile, launched by the Academy of Defence Science on Wednesday, manoeuvred 120 km laterally before it precisely hit a target 700 km away, which proved the reliability of a new fuel system, the report said.
This is the second test fire of hypersonic missile confirmed by the DPRK after the country launched Hwasong-8 in September. The “successive successes in the test launches” in the hypersonic missile sector “have strategic significance in that they hasten a task for modernizing strategic armed force of the state,” it added.
The reliability of the fuel system under the winter weather conditions was also verified, the report said. Enditem
Photo – This picture taken on September 30, 2021 and released from DPRK’s official Korean Central News Agency (KCNA) on October 1 shows a test-fire of a “newly developed” anti-aircraft missile carried out by the Academy of Defence Science of the DPRK. (KCNA)