Connect with us

Europe

ယူကရိန်းသမ္မတ၏ ထိပ်တန်းလက်ထောက် ပစ်မှတ်ထား လုပ်ကြံခံရသော်လည်း သေဘေးမှ လွတ်မြောက်

ကီးယက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သော Serhiy Shefir သည် စက်တင်ဘာ ၂၂ ရက်က ၎င်း၏မော်တော်ကားကို အမည်မသိသော လုပ်ကြံသူများမှ တိုက်ခိုက်ချိန်တွင် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ယူကရိန်း အမျိုးသား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အဆိုပါ လုပ်ကြံမှုသည် ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်မှ ၂၀ ကီလိုမီတာခန့်အကွာ Lesniki ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Shefir မှာ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း၊ သို့ရာတွင် ၎င်း၏ယာဉ်မောင်းမှာမူ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့၏ ပြန်ကြားရေးက စက်တင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံရေးအာဏာချုပ်ကိုင်ထားသော လူနည်းစုအသိုင်းအဝိုင်းဆန့်ကျင်ရေးဆိုင်ရာ ဇယ်လန်းစကီး (Zelensky) ၏ လှုံ့ဆော်မှုနှင့် Shefir အား လုပ်ကြံရန်ကြိုးပမ်းမှုကို OPU က ဆက်စပ်ကြည့်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ သမ္မတရုံး (OPU) အကြီးအကဲ အကြံပေး Mikhail Podolyak က ဒေသတွင်း သတင်းအေဂျင်စီ Interfax-Ukraine မှ ထုတ်လွှင့်ချက်၌ ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် နယူးယောက်သို့ ရောက်ရှိနေသော ဇယ်လန်းစကီးအား လုပ်ကြံမှုနှင့်ပတ်သက်၍ သတင်းပို့ထားခဲ့ကြောင်း သမ္မတ၏ ပြန်ကြားရေးက ပြောခဲ့သည်။

တိုက်ခိုက်မှု အချက်အလက်များအရ ရာဇဝတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ထားကြောင်းနှင့် အမျိုးသား ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား ရှာဖွေရေး အထူးစစ်ဆင်ရေး စတင်ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Ukrainian president’s top aide targeted in assassination attempt

KIEV, Sept. 23 (Xinhua) — Serhiy Shefir, a top aide to Ukrainian President Volodymyr Zelensky, survived an assassination attempt on Wednesday when his car came under attacks by unidentified assailants, the National Police of Ukraine has said.

Shefir was unharmed in the assault, which took place near the village of Lesniki, about 20 km from the Ukrainian capital Kiev, but his driver was wounded, the national police’s press service said Wednesday.

Adviser to the head of the Office of the President of Ukraine (OPU) Mikhail Podolyak, in a commentary to the local news agency Interfax-Ukraine, said the OPU associates the attempt on Shefir with Zelensky’s campaign against the oligarchs.

Zelensky, who is currently in New York, was promptly informed about the assault, according to the president’s press service.
Criminal proceedings have been opened regarding the fact of the attack, and the national police have launched a special operation to search for the criminals. Enditem

Photo: Ukrainian President Volodymyr Zelensky speaks during a press conference in Riga, Latvia, Oct. 16, 2019. (Photo by Edijs Palens/Xinhua)