Media
သိုသိုသိပ်သိပ်နေထိုင်သည့် တာလီဘန် ထိပ်တန်းခေါင်းဆောင်ကြီး ကန်ဒါဟာသို့သွားရောက်ခဲ့
ကဘူးလ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တာလီဘန်တို့၏ သိုသိုသိပ်သိပ်လျှို့ဝှက်စွာနေထိုင်တတ်သည့် ထိပ်တန်း ခေါင်းဆောင်ကြီး Mullah Haibatullah Akhundzada သည် အောက်တိုဘာ ၃၀ ရက်တွင် တာလီဘန်တို့၏ မူလဇာတိဖြစ်သည့် ကန်ဒါဟာ ရှိ ဘာသာရေးကျောင်းတစ်ခုသို့ လာရောက်လည်ပတ်ခဲ့ကြောင်း ယင်းဘာသာရေးကျောင်းအကြီးအကဲဖြစ်သူ မော်လဝီဆရာ Ahmad Sayed က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
“ထိပ်တန်းခေါင်းဆောင်ကြီး Haibatullah Akhundzada Sahib က Al-Hakimia မဒရာဆာကျောင်းကို မနေ့က မနက် ၁၀ နာရီခွဲလောက်က လာရောက်ခဲ့ပါတယ်” ဟု မော်လဝီဆရာ က ဆင်ဟွာသို့ပြောသည်။
တာလီဘန်လှုပ်ရှားမှုများကို ၂၀၁၆ ခုနှစ်ကတည်းက ဦးဆောင်လှုပ်ရှားခဲ့သူ Akhundzada သည် မဒရာဆာ (ဘာသာရေးကျောင်း) တွင် ကျောင်းသားများအား ၁၀ မိနစ်ခန့်မိန်ခွန်းပြောကြားခဲ့ကြောင်း မော်လဝီဆရာ က ဆိုသည်။
မဒရာဆာမှ အခြားတာဝန်ခံတစ်ဦးကလည်း ၎င်း၏ သားနှစ်ယောက်၊ တူနှစ်ယောက် နှင့် ညီတို့လည်း Akhundzada ၏ ခရီးစဉ်တွင်လိုက်ပါခဲ့ကြောင်းပြောကြားခဲ့သည်။
မဒရာဆာတွင်ခေါင်းဆောင်ကြီးလာရောက်လည်ပတ်သည့် ဓါတ်ပုံတစ်ခုခုရှိမရှိမေးမြန်းရာတွင် မော်လဝီဆရာက “ဘာသာရေးအကြီးအကဲများက ဓါတ်ပုံများ နှင့် ဗီဒီယိုများရိုက်ကူးခြင်းကို မနှစ်သက်ကြောင်း မဒရာဆာသို့ ထိပ်တန်းခေါင်းဆောင်ကြီးလာရောက်လည်ပတ်သည့်ခရီးစဉ်အတွင်း ဆဲလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ထားကြောင်း”ဆိုသည်။
မျက်မြင် သက်သေ တစ်ဦးဖြစ်သည့် Hazrat Shah က “ ကျွန်တော်တို့ ရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီး Mullah Haibatullah Akhundzada ဟာ ဗလီကိုလာရောက်တဲ့အပြင် လူအများရှေ့ထွက်လာတဲ့အတွက် သူ့ကို ကွယ်လွန်သွားပြီလား ဒဏ်ရာပဲရနေတာလားဆိုပြီး ထွက်ပေါ်နေတဲ့ သံသယတွေ ကောလဟာလ တွေအားလုံးကို အဆုံးသတ်သွားစေတာမို့ သိပ်ကိုဝမ်းမြောက်မိပါတယ်” ဟု ဆိုသည်။
ဩဂုတ်လလယ်ပိုင်းတွင် တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံအား သိမ်းယူခဲ့ပြီးနောက် တာလီဘန်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ကြီးသည် မည်သည့်နေရာတွင်ရှိသည်ကို မည်သူမှမသိကြသည့်အပြင် မြို့တော်ကဘူးလ်သို့ သွားရောက်သည်သတင်းလည်းမရှိခဲ့ကြောင်းသိရသည်။ (Xinhua)
……………………………….
(English Version)
GLOBALink | Taliban supreme leader makes debut in Kandahar
KABUL, Nov. 1 (Xinhua) — The Taliban’s elusive leader Mullah Haibatullah Akhundzada made his debut in the group’s birthplace Kandahar on Saturday and visited a religious school there, head of the school Mawlawi Sayed Ahmad Sayed said Sunday.
“The supreme leader Haibatullah Akhundzada Sahib visited Al-Hakimia Madrasa at 10:30 a.m. local time yesterday,” Mawlawi Sayed told Xinhua.
Akhundzada, who has been leading the Taliban movement since 2016, also delivered a 10-minute speech to the students of the Madrasa (religious school) in Kandahar, said Mawlawi Sayed.
Another official of the Madrasa said that his two sons, two nephews and his brother accompanied Akhundzada during the visit.
When asked if any photo from the supreme leader had been left in the Madrasa, Mawlawi Sayed replied, “the great Ulema (religious scholars) doesn’t like pictures and videos and the use of cell phones was prohibited during Haibatullah (Akhundzada)’s tour to the Madrasa.”
Since Afghanistan’s takeover by the Taliban in mid-August, the group’s supreme leader whose whereabouts is unknown has not reportedly visited Afghanistan’s capital Kabul.
Produced by Xinhua Global Service