Connect with us

North America

အမေရိကန်နိုင်ငံရှိ ပြည်နယ် ၄၉ ခုတွင် COVID-19 ၏ Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိ

နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော COVID-19 ၏ Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၄၉ ခုတွင် ပျံ့နှံ့လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ Wion သတင်းချန်နယ်က ဖော်ပြခဲ့သည်။နီဘရားစကားပြည်နယ်သည် အဆိုပါဗိုင်းရပ်စ်မတွေ့ရှိရသေးသည့် တစ်ခုတည်း ကျန်ရှိနေသော ပြည်နယ်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက် သတင်း၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ် အာလာဟာဘတ် (Prayagraj) မြို့ရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအား စောင့်ကြည့်နေရာ၌ လူအများစောင့်ဆိုင်းနေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မျိုးဗီဇပြောင်းဗိုင်းရပ်စ်အသစ်သည် လတ်တလော ကမ္ဘာ့နေရာအတော်များများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသော ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် (Delta variant) ထက် ပိုမိုကူးစက်မြန်ကြောင်း သတင်းက ဆိုသည်။

“Mu ဗီဇပြောင်းဗိုင်းရပ်စ်မှာ အသွင်ပြောင်းဗိုင်းရပ်စ်တွေစုစည်းနေပြီး ကိုယ်ခံအား လွတ်ထွက်မှုဖြစ်နိုင်ခြေ အလားအလာ လက္ခဏာရှိတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပြောကြားချက်အား ကိုကား၍ သတင်းက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သည် Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေ့ရှိသူ ၃၈၄ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သတင်းအရ သိရသည်။

အမေရိကန်နိုင်ငံသည် ဇူလိုင်လလယ်ပိုင်း၌ Mu မျိုးဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၎င်းသတင်းချန်နယ်အရ သိရသည်။ (Xinhua)

——————————————-
(English Version)

Mu variant of COVID-19 spreads to 49 U.S. states: media

NEW DELHI, Sept. 9 (Xinhua) — The Mu variant of COVID-19, first detected in Colombia, has spread to 49 U.S. states, India’s Wion news channel reported.

Nebraska is the only U.S. state which hasn’t detected it so far, said the report on Tuesday.
The new virus variant is reportedly more transmissible than the Delta variant, which has currently ravaged several parts of the world, said the report.

“The Mu variant has a constellation of mutations that indicate potential properties of immune escape,” the World Health Organization (WHO) was quoted by the report as saying.

In the United States, California has reported the highest number of cases of the Mu variant with 384 cases, according to the report.

The United States reportedly witnessed a peak of the Mu variant cases in mid-July, said the news channel. ■
1- People walk inside the Oculus center in New York, the United States, Sept. 6, 2021. (Xinhua/Wang Ying)

2- People wait in observation after receiving COVID-19 vaccines at a vaccination center in Prayagraj, India’s northern state of Uttar Pradesh, July 9, 2021. (Str/Xinhua)