International Organizations
အမေရိကန်နိုင်ငံ အရှေ့ပိုင်း၌ ဆောင်းရာသီမုန်တိုင်း တိုက်ခတ်
နယူးယောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ Maine ပြည်နယ်မှ ဗာဂျီးနီးယားပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်းဒေသ အများအပြားကို ဆောင်းရာသီ မုန်တိုင်းတစ်ခု ဇန်နဝါရီ ၇ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်းပိတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် လေကြောင်းခရီးစဉ်ဖျက်သိမ်းခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် အထူးသဖြင့် နယူးဂျာစီပြည်နယ်နှင့် ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးများက ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာရန် ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။
Interstate-95 လမ်းမကြီးတွင် ၂၄ နာရီကျော်ကြာယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားစေခဲ့သော ဗာဂျီးနီးယားပြည်နယ်တွင် ယခုသီတင်းပတ်အစောပိုင်းက နှင်းမုန်တိုင်းကျရောက်မှုကို ရည်ညွှန်းလျက် ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Ralph Northam က “မုန်တိုင်းတွ ဆက်တိုက် တိုက်ခတ်နေတာကြောင့် ပုံမှန်ထက်ပိုပြောင်းလဲလွယ်တဲ့ အထင်ကရ ဆောင်းရာသီပုံစံဖြစ်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဆက်ပြီးရင်ဆိုင်နေရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
နယူးယောက်မြို့၏ တချို့အပိုင်းများတွင် ဆီးနှင်းကျဆင်းမှုမှာ ၈ လက်မကျော်ကျဆင်းနေစဉ်အတွင်း အိမ်နီးချင်းဖြစ်သော ကန်နက်တီကတ်ပြည်နယ်တွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဆီးနှင်းကျဆင်းမှု ၁၀ လက်မကျော် ရှိခဲ့ကြောင်း အမျိုးသားမိုးလေဝသဌာန (NWS) မှ သိရသည်။ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့ ၌ ဆီးနှင်းများ ၈ လက်မ မှ ၁၀ လက်မ အထိ ကျဆင်းခဲ့သောကြောင့် ၎င်းမြို့ရှိ အစိုး စာသင်ကျောင်းများ ပိတ်ခဲ့ရကြောင်း သိရသည်။
ဝါရှင်တန်ဒီစီရှိ အစိုးရရုံးများအား ရာသီဥတုအခြေအနေကြောင့် ဇန်နဝါရီ ၇ ရက်တွင် ပိတ်ထားခဲ့ရကြောင်း သိရသည်။ ဗာဂျီးနီးယားပြည်နယ်၌ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဓာတ်အားသုံးစွဲ သူ ၆၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု စောင့်ကြည့်ရေး PowerOutage.US. ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းအထိ အမေရိကန်နိုင်ငံ၌ လေယာဉ်ခရီးစဉ် ၂,၄၀၀ ကျော်အားဖျက်သိမ်းလိုက်ရကြောင်း လေယာဉ်ခရီးစဉ်စောင့်ကြည့်ရေး FlightAware.com မှ သိရသည်။
ကင်တပ်ကီပြည်နယ်နှင့် ဗာဂျီးနီးယားပြည်နယ်တို့တွင် ပြင်းတန်စွာတိုက်ခတ်ခဲ့သော ဆောင်းရာသီမုန်တိုင်းကြောင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်တစ်ဝန်း နေရာအနှံ့အပြားတွင် အပျက်အစီးများဖြစ်ပွားခဲ့ပြီး ယင်းဒေသ၏အဓိကမြို့ကြီးများတွင် ဆီးနှင်းထု ၄ လက်မမှ ၁၂ လက်မကြား ရှိခဲ့ကြောင်းသိရသည်။
အမေရိကန်နိုင်ငံ၏ အခြားဒေသသေများတွင်လည်း ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်တွင် ဆိုးရွားသည့်ရာသီဥတုကို ကြုံတွေ့ခဲ့ရကြောင်း၊ ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်နိုင်ငံတောင်ပိုင်း၌ စတင်ခဲ့သော နှင်းမုန်တိုင်းကြောင့် အဝေးပြေးလမ်းမများပေါ်တွင် နှင်းများစုပုံကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ကင်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က ဇန်နဝါရီ ၆ ရက်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ကို အသင့်အနေအထားရှိစေခဲ့ကြောင်း သိရသည်။
ဝါရှင်တန်ပြည်နယ်တွင် နှင်းကျဆင်းမှုနှင့် မိုးရွာသွန်းမှု စံချိန်တင်ခဲ့ပြီး အချို့မြို့များတွင် မိုးရေချိန် ငါးလက်မကျော်ရှိပြီး အချို့မြို့များတွင် ဆီးနှင်းများ နှစ်ပေနီးပါးအထိ ကျဆင်းကာ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ဆီးနှင်းပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း NWS မှ ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Eastern U.S. attacked by winter storm
NEW YORK, Jan. 7 (Xinhua) — A winter storm stretching from the U.S. states of Maine to Virginia on Friday blanketed large parts of the East Coast, causing school closures, power outages and flight cancellations, and particularly leading the governors of New Jersey and Virginia to declare a state of emergency.
Citing a snowstorm earlier this week in Virginia which played a role in the more than 24-hour traffic jam on Interstate-95, Virginia Governor Ralph Northam said that “these back-to-back storms will generate landmark winter weather that requires extra flexibility — particularly as many continue to deal with power outages.”
Parts of New York City saw more than eight inches of snowfall, while more than 10 inches fell in parts of neighboring Connecticut by Friday morning, according to the National Weather Service (NWS). Boston Public Schools in Massachusetts were closed as eight to 10 inches of snow were expected to fall in the city.
Federal offices in Washington, D.C., closed on Friday because of the weather. About 60,000 customers were experiencing power outages in Virginia Friday morning, according to outage tracker PowerOutage.US. More than 2,400 U.S. flights were canceled as of midday Friday, according to the flight tracker FlightAware.com.
The fast-moving winter storm that pummeled parts of Kentucky and Virginia is expected to cause widespread disruption across the Northeast on Friday and Saturday, dumping between 4 and 12 inches of snow on the region’s major cities.
Other parts of the United States also experienced inclement weather Thursday and Friday. A snowstorm in the South that began Thursday led to pileups and jams on highways. Kentucky Governor Andy Beshear activated the National Guard on Thursday.
Washington state had record snow and rainfall, with some towns seeing more than five inches of rain and others getting nearly two feet of snow, leading to flooding, landslides and the threat of avalanches, said NWS. Enditem