Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ပါပူးအားပြည်နယ်တွင် ရေဖုံးလွှမ်းမှုနှင့် မြေပြိုမှုကြောင့် လူ ၆ ဦးသေဆုံး၊ လူရာပေါင်းများစွာ ထွက်ပြေး

ဂျကာတာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျား ပါပူးအားပြည်နယ်တွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လူ ၆ ဦးသေဆုံးပြီး အခြားသူ ၅၀၀ ဦးသည်လည်း ၎င်းတို့၏ ဆွေးမျိုးနီးစပ်နေအိမ်များသို့ ထွက်ပြေးခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။“ဇန်နဝါရီ ၆ ရက်ညပိုင်းကစပြီး ပါပူးအားပြည်နယ်၊ ဂျာယာပူရမြို့ရှိ ခရိုင်ခွဲ အတော်များများမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေ စပြီးဖြစ်ပွားခဲ့တယ်” ဟု အေဂျင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် Abdul Muhari က ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ပါပူးအားပြည်နယ် ဂျာယာပူရမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားသည့်တစ်နေရာအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – BASARNAS/Handout via Xinhua)

တာဝန်ရှိသူများက သေဆုံးသူ ၃ ဦးအား မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားသိနိုင်ရန် ဆောင်ရွက်နေပြီး ကျန်ရှိရုပ်အလောင်းများကိုမူ စုစည်းပြီးဖြစ်ကြောင်း၊ ကယ်ဆယ်ရေးသမားများက လှေများအသုံးပြုလျက် ရေဘေးသင့်သူများအား ၎င်းတို့၏နေအိမ်များမှ ကယ်ဆယ်ပေးလျက်ရှိကြောင်း၊ မြေပြိုမှုကြောင့် ပိတ်မိနေသူများကိုလည်း ထရပ်ကားဖြင့် သယ်ဆောင်ပေးခဲ့ကြောင်း Muhari က ဖြည့်စွက်ပြောခဲ့သည်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် မိုးအနည်းငယ် ရွာနေဆဲဖြစ်ကာ ရေဖုံးလွှမ်းမိုးမှုများမှာလည်း ဖြည်းဖြည်းချင်း လျော့ကျသွားခဲ့သော်လည်း ပိတ်ဆို့မှုများမှာမူ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

6 dead, hundreds flee as floods, landslides hit Indonesia’s Papua province
Source: Xinhua

Editor: huaxia
2022-01-07 16:29:45
JAKARTA, Jan. 7 (Xinhua) — Six people died and 500 others fled to homes of their closest relatives as floods and landslides hit Indonesia’s easternmost province of Papua, according to the country’s disaster management agency on Friday.

“Heavy rains since Thursday night have hit several sub districts in Jayapura City, Papua province, triggering floods and landslides,” the agency’s spokesperson Abdul Muhari said.

Officials were working to identify three bodies while the rest have been recognized, Muhari said, adding that rescuers were evacuating the flood-affected people from their homes using three boats, while a truck picked up those trapped by the landslides.

On Friday morning, light rains still fell and the floods gradually receded, but blackout still remained. ■
Photo 1 : People try to guide vehicles through a landslide area after heavy rain hit Jayapura in Papua province, Indonesia, Jan. 7, 2022. Six people died and 500 others fled to homes of their closest relatives as floods and landslides hit Indonesia’s easternmost province of Papua, according to the country’s disaster management agency on Friday. (BASARNAS/Handout via Xinhua)

Photo 2 : Photo taken on Jan. 7, 2022 shows a section of landslide area after heavy rain hit Jayapura in Papua province, Indonesia. Six people died and 500 others fled to homes of their closest relatives as floods and landslides hit Indonesia’s easternmost province of Papua, according to the country’s disaster management agency on Friday. (BASARNAS/Handout via Xinhua)