Connect with us

Africa & Middle East

အီကွေဒေါနိုင်ငံ Galapagos ကျွန်းများတွင် Wolf မီးတောင် ပေါက်ကွဲ

ကီတို၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ Galapagos ကျွန်းစုရှိ အမြင့်ဆုံးဖြစ်ပြီး Isabela ကျွန်းပေါ်တွင်တည်ရှိသော Wolf မီးတောင် သည် ဇန်နဝါရီ ၇ ရက် နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ကြောင်း ဘူမိရူပအင်စတီကျူမှ သတင်းထုတ်ပြန်ခဲ့သည်။၎င်းမီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၀၀:၂၀ နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၉၀၀ နှင့် ၃၈၀၀ အကြား မီးခိုးငွေ့နဲ့ ပြာများအား မှုတ်ထုတ်ခဲ့ကြောင်း အင်စတီကျူ၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးတောင်အနီး သို့မဟုတ် ပြာမီးခိုးများ ဦးတည်ရာသည် လူနေထူထပ်သည့်နေရာများ မဟုတ်သည့်အတွက် ၎င်းဖြစ်စဉ်ကြောင့် အရေးပေါ်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၀၈ မီတာအမြင့်တွင်ရှိပြီး မှောက်ထားသော ပန်းကန်ပြားပုံသဏ္ဍာန်ရှိသည့် ၎င်းမီးတောင်သည် ၂၀၁၅ ခုနှစ် မေလတွင် နောက်ဆုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်အား စောင့်ကြည့်နေသော အဖွဲ့အစည်းမှ ဝန်ထမ်းများက ရိုက်ကူးထားသည့် မီးတောင်စတင်ပေါက်ကွဲမှု ဓာတ်ပုံကို Galapagos အမျိုးသားဥယျာဉ် ညွှန်ကြားရေးမှူးရုံး၏ တွစ်တာအကောင့်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

တစ်ချိန်တည်းတွင် ကျွန်းပေါ်ရှိ ပန်းရောင်ဖွတ်များ၊ အဝါရောင် ဖွတ်များ နှင့် စူဠလိပ်ကဲ့သို့သော မျိုးစိတ်များအပေါ် ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

#အီကွေဒေါ #မီးတောင် #ကီတို #ဆင်ဟွာ
#Ecuador #Volcano #Quito #Xinhua #Myanmar #XinhuaMyanmar

…………………………………………
(English Version)

Wolf Volcano erupts in Ecuador’s Galapagos Islands

QUITO, Jan. 7 (Xinhua) — Wolf Volcano, the tallest in Ecuador’s Galapagos archipelago, located on Isabela Island, erupted early Friday morning, the country’s Geophysical Institute reported.

According to a statement from the institute, the eruption began at 00:20 a.m. local time, generating a cloud of gas and ash with a variable height between 1,900 and 3,800 meters above sea level.

The natural event did not cause any immediate damage, since “there are no populated areas near the volcano or in the direction of the ash clouds,” the institute said.

The volcano, 1,707 meters above sea level and in the shape of an inverted plate, last erupted in May 2015.
The Directorate of the Galapagos National Park published a photograph of the beginning of the eruption on its Twitter account taken by personnel of the institution observing the event.

Meanwhile, the Ministry of Environment has not yet reported on the possible effects on species, such as pink iguanas, yellow iguanas and giant tortoises on the islands. Enditem