Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ယာဉ်တိုက်မှုကြောင့် လူ ၁၅ ဦး ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်၌ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ် တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလိ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက် အစောပိုင်းတွင် အတည်ပြုခဲ့သည်။Uttar Pradesh ပြည်နယ် Barabanki ခရိုင်၌ ကုန်တင်ယာဉ်တစ်စီး နှင့် ရပ်တန့်ထားသည့် ဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ကြခြင်းဖြစ်သည်။
သေဆုံးသူ အများစုမှာ ဘတ်စ်ကားဖြင့် ခရီးသွားလာနေကြသော အလုပ်သမားများ ဖြစ်ကြပြီး Bihar ပြည်နယ် အရှေ့ပိုင်းသို့ သွားရောက်သည့် လမ်းပေါ်တွင် ကားပျက်သွားခဲ့ရာ လမ်းဘေးရပ်ထားစဉ် အရှိန်ပြင်း မောင်းနှင်လာသည့် ကုန်တင်ယာဉ်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများ သယ်ဆောင်လာသည့် ဘတ်စ်ကားသည် Haryana ပြည်နယ်မြောက်ပိုင်းမှ ထွက်ခွာလာခဲ့ကြောင်း ရဲအရာရှိက ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ကုန်တင်ယာဉ်မောင်းသည် ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————————-
(English Version)
Over 15 killed in road mishap in northern India

NEW DELHI, July 28 (Xinhua) — More than 15 people died and many injured in a road mishap in India’s northern state of Uttar Pradesh, a local cop confirmed early on Wednesday.
The road accident occurred between a truck and a stationary bus in Uttar Pradesh’s Barabanki district.

Most of the dead were laborers who were travelling in the bus that broke down on the way to eastern state of Bihar and was parked on roadside when the speeding truck rammed into it.
The private bus carrying the laborers was going from the northern state of Haryana, said the cop, adding that the injured were admitted to a local hospital.
The truck driver fled from the spot after the mishap. Enditem

Photo – People stand nearby the damaged bus on the outskirts of Agra district, Uttar Pradesh, India, on July 8, 2019. The death toll in Monday morning’s bus mishap in north India has risen to 29, while 18 people were injured, government sources confirmed. The mishap occurred when a passengers bus heading towards Delhi from Lucknow, the capital city of northern state of Uttar Pradesh, fell in an around 50-feet deep drain in the wee hours of Monday in Agra district of Uttar Pradesh. (Str/Xinhua)