Connect with us

Africa & Middle East

အီရတ်နိုင်ငံက ၁၅ ရက်အတွင်း ပြည်ပတပ်ဖွဲ့များ ထွက်ခွာရန် ပြောကြား

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ Green Zone အနီးတွင် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့များအား နိုဝင်ဘာ ၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အီရတ်တပ်ဖွဲ့များအား ပံ့ပိုးကူညီရန် နေထိုင်မည့် အကြံပေးပုဂ္ဂိုလ်အချို့မှလွဲ၍ ပြည်ပတိုက်ခိုက်ရေးတပ်ဖွဲ့များသည် ၁၅ ရက်အတွင်း အီရတ်နိုင်ငံမှ ထွက်ခွာသွားရမည် ဖြစ်ကြောင်း အီရတ် ပူးပေါင်းစစ်ဆင်ရေးဌာနချုပ်(JOC) က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ပတပ်ဖွဲ့များ တည်ရှိခြင်းကို အဆုံးသတ်ခြင်းသည် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် နိုင်ငံအနောက်ပိုင်း Anbar ပြည်နယ်ရှိ Ayn al-Asad လေတပ်စခန်း၌ အကန့်အသတ်ဖြင့် ရှိနေခြင်းမှလွဲ၍ ပြည်ပတပ်ဖွဲ့များအတွက် စစ်တပ်အခြေစိုက်စခန်း မရှိကြောင်း JOC ၏ ပြောရေးဆိုခွင့်ရှိသူ Tahseen al-Khafaji က နိုင်ငံပိုင် အီရတ်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အီရတ်တပ်ဖွဲ့များထံသို့ လက်နက်များ နှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ရန် အချိန်ဇယားလုပ်ငန်းစဉ်တစ်ခုရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဇူလိုင်လတွင် အမေရိကန်နိုင်ငံ နှင့် အီရတ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံက ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး အီရတ်နိုင်ငံမှ အမေရိကန်တိုက်ခိုက်ရေးတပ်များအားလုံး ရုပ်သိမ်းရေးအပေါ် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Iraq says foreign forces to leave in 15 days
BAGHDAD, Nov. 24 (Xinhua) — Iraqi Joint Operations Command (JOC) said on Wednesday that foreign combat forces will leave Iraq within 15 days, except for some advisers who will stay to support the Iraqi forces.
JOC’s Spokesman Tahseen al-Khafaji told the official Iraqi News Agency that ending the presence of the foreign forces is proceeding according to the plan, and there is no military base for them except for limited presence in Ayn al-Asad Air Base in the western province of Anbar.
There is “a schedule for handing over weapons and equipment to the Iraqi forces,” he added.
In July, the United States and Iraq held a session of strategic dialogue, during which the two countries agreed on withdrawing all U.S. combat troops from Iraq by Dec. 31. Enditem
Photo – Members of the riot police stand in the vicinity of the Green Zone after a failed attempt to assassinate Iraqi Prime Minister Mustafa al-Kadhimi in Baghdad, Iraq, on Nov. 7, 2021. Iraqi Prime Minister Mustafa al-Kadhimi was unharmed in an assassination attempt carried out by a drone targeting his official residence on Sunday, the Iraqi military said.
The media office of the Iraqi Joint Operations Command said in a statement that an unknown drone bomb hit al-Kadhimi’s residency at dawn in the heavily fortified Green Zone in the center of the capital, but the prime minister escaped the attack unhurt. (Xinhua/Khalil Dawood)