Connect with us

Asia

ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်ဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ကမ္ဘာလှည့်ခရီးသွားများကို စောင့်ကြိုနေ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ဝေဟင်ပေါ်မှ ရိုက်ကူးထားစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှစတင်ကာ နိုင်ငံတကာခရီးသွားများအားလုံးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားနေရာတစ်ခုဖြစ်သည့် ဘာလီကျွန်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ ယင်းအပန်းဖြေကျွန်းသို့ လာရောက်လည်ပတ်ရန် ကြိုတင်စာရင်းပေးသွင်းမှု အမြောက်အမြားကို သူ့ခရီးသွားအေဂျင်စီက လက်ခံရရှိထားကြောင်း အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှ အကြီးအကဲဖြစ်သူ Putu Winastra က ဆိုသည်။အချိန်ကာလအားဖြင့် နှစ်နှစ်နီးပါးကြာ ဝင်ရောက်ခွင့်ပိတ်ထားခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘာလီကျွန်းသို့ နိုင်ငံတကာတိုက်ရိုက်လေကြောင်းပျံသန်းမှုကို အင်ဒိုနီးရှားအစိုးရက ပြန်လည်ခွင့်ပြုခဲ့ရာ ထိုသို့ခွင့်ပြုပေးလိုက်ခြင်းဖြစ် COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ပြင်းထန်စွာသက်ရောက်မှုဒဏ်ခံစားခဲ့ရသည့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Tanah Lot သို့ ခရီးသည်များသွားရောက်လည်ပတ်နေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သော ရက်သတ္တပတ်က အင်ဒိုနီးရှားနိုင်ငံအလံချယ်မှုန်ထားသည့် Garuda Indonesia လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ Narita အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘာလီကျွန်းပေါ်ရှိ Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အပတ်စဉ် ပုံမှန်လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့သည်။

စင်ကာပူလေကြောင်းလိုင်း နှင့် ဩစတြေးလျ Jetstar လေကြောင်းလိုင်းအပါအဝင် အချို့သော လေကြောင်းလိုင်းများကလည်း ဘာလီကျွန်းသို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ယင်းမှာ Winastra ကဲ့သို့သော ပြည်တွင်းခရီးသွားလုပ်ငန်းများအတွက် ပြည်ပရပ်ခြားမှ (ဟိုတယ်ခန်း+လေယာဉ်လက်မှတ်+အငှားကား) စသည်ဖြင့် ခရီးသွားကြိုတင်လက်မှတ်များ စာရင်းပေးသွင်းမှုကို မြင့်တက်စေခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း Tanah Lot တွင် လူတစ်ဦးရေလွှာချောစီးနေသည်ကို၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ ဥရောပတိုက်ကလာကြမယ့် ခရီးသည်တွေဆီက ကြိုတင်ဘွတ်ကင်စာရင်းပေးသွင်းမှုတွေ အများကြီး လက်ခံရရှိထားပြီးပါပြီ ၊ ဒါက သိပ်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ် ” ဟု ဘာလီရှိ အင်ဒိုနီးရှားနိုင်ငံခရီးသွားလုပ်ငန်းအသင်း အကြီးအကဲဖြစ်သူ Winastra က ဆင်ဟွာနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

သို့သော်လည်း အင်ဒိုနီးရှားသို့လာရောက်ကြမည့် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသော နိုင်ငံတကာခရီးသွားများအား မဖြစ်မနေ သီးခြားခွဲနေထိုင်မှု(q) ငါးရက်သတ်မှတ်ချက်ကို အစိုးရက ပယ်ဖျက်ပေးရန် သူ့အနေဖြင့် မျှော်လင့်နေဆဲဖြစ်ကြောင်း ၊ ယင်းကန့်သတ်ချက်သည် ဘာလီကျွန်းသို့ ခရီးသွား အများအပြားဝင်ရောက်လာရန် အတားအဆီးတစ်ခုဖြစ်နေဆဲဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း Duda Village ကျေးရွာတွင် ဒေသအခေါ် “Siat Geni” ရိုးရာ မီးကစားပွဲတော်ကျင်းပနေသည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် အင်ဒိုနီးရှားအစိုးရက ဘာလီကျွန်းသို့ လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသား ခရီးသွားများအားလုံးအတွက် “Warm-Up Vacation” ဟု အမည်ပေးထားသည့် ခရီးသွားအစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းအစီအစဉ်အရ ဘာလီကျွန်းသို့ရောက်ရှိလာသော ပြည်ပခရီးသွားများအနေဖြင့် ပထမဆုံး ၅ ရက်ကို အစိုးရကထောက်ခံအတည်ပြုပေးထားသည့် ဘေးကင်းလုံခြုံသော ဟိုတယ်များတွင် သီးခြားနေထိုင်သွားရမည်ဖြစ်သည်။
လူဦးရေ ၄.၃၆ သန်း နေထိုင်သည့် ဘာလီကျွန်းတွင် ပြည်သူများအကြား ကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်နေသည်။

လက်ရှိအချိန်ထိ ကျွန်းပေါ်ရှိ ပြည်သူ ၃.၅ သန်းသည် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူထားပြီး ယင်းတို့အနက် လူပေါင်း ၃.၁ သန်းမှာ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် အနည်းဆုံး ကျွန်ပေါ်ရှိ လူပေါင်း ၃၃၀,၀၀၀ ဦးသည် ကာကွယ်ဆေးသုံးကြိမ်(အားဖြည့်ကာကွယ်ဆေး) ထိုးနှံထားပြီးဖြစ်ကြောင်း ဘာလီကျန်းမာရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အရှေ့တောင်အာရှ၏အကြီးဆုံး စီးပွားရေးဈေးကွက်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားရန် ရှိနေသည်။

ဘာလီကျွန်း၏ ခရီးသွားကုမ္ပဏီတစ်ခုဖြစ်သည့် Tjokorda Bagus Pemayun ခရီးသွားလုပ်ငန်းအကြီးအကဲနှင့် ဆင်ဟွာသတင်းဌာနသို့ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ၎င်းက အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါတစ်ကြော့ပြန် မြင့်တက်လာခြင်းကြောင့် ဘာလီသို့ ခရီးသွားဝင်ရောက်မှုကို တုံ့ဆိုင်းနှေးကွေးစေခဲ့ကြောင်း ဆိုသည်။

“ ခရီးသွားတွေ အလွယ်တကူဝင်ရောက်လာနိုင်ဖို့ ဘာလီကျွန်းအာဏာပိုင်တွေ စဉ်းစားလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ဒါကြောင့် ဘာလီဟာ သူ့ရဲ့ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးပြန်လည်နလံထူဖို့ကို အရှိန်အဟုန်မြင့် လုပ်နိုင်မှာပါ ” ဟု Pemayun ကဆိုသည်။(Xinhua)

—————————————-
(English Version)

Indonesia’s Bali awaiting more travelers as restrictions ease

JAKARTA, Feb. 9 (Xinhua) — Balinese tourism entrepreneur I Putu Winastra has been energized recently as his travel agency has received more bookings since the reopening of Indonesia’s resort island of Bali for all international travelers starting from last Friday.

For the first time after a nearly two-year pause, the government has permitted international direct flights to land on the holiday island, a move aimed at reviving the tourism sector that has been hit hard by the COVID-19 pandemic.

Last week, the country’s flag carrier Garuda Indonesia initiated the reopening by resuming its weekly flights from Japan’s Narita International Airport to Bali’s I Gusti Ngurah Rai International Airport.

Some airlines, including Singapore Airlines and Australian airline Jetstar, are reportedly planning to resume international direct flights to Bali.

That is highly praised by local tourism entrepreneurs, including Winastra, whose travel agency sees a growing increase in holiday bookings from abroad.

“We’ve already received a number of bookings from customers in Europe. This is exciting,” said Winastra, who is also the head of the Association of the Indonesian Tours and Travel Agencies in Bali, in an interview with Xinhua.

However, he still hoped that the government would soon remove a mandatory five-day quarantine period for fully-vaccinated international travelers to Indonesia, which he considered as an obstacle in the drive to revive tourism in Bali.

“Bali is not the only tourist destination in Asia. Some nations are already simplifying entry procedures for foreign travelers,” Winastra said, adding that he believed removing the protocol would attract more international tourists to visit Bali.

At present, the government is implementing a bubble system under a program called “Warm-Up Vacation” designated to all foreign tourists visiting Bali.

For the first five days after arriving on the island, tourists are required to only have their activities and enjoy the facilities at some safe hotels recommended by the government.

Bali, which has a population of approximately 4.36 million, continues to accelerate vaccinations for the public.
More than 3.5 million people have so far received their first doses of vaccines, while over 3.1 million have taken the second doses. At least 330,000 people on the island have received their third doses, according to official figures provided by Bali’s Health Agency.

All eyes are on Indonesia, Southeast Asia’s biggest economy, as this year Bali hosts the G20 summit.
In an interview with Xinhua, Bali’s tourism agency head Tjokorda Bagus Pemayun said that the surge of COVID-19 cases worldwide due to the Omicron variant has made tourists reluctant to travel to Bali.

“Bali authorities are considering to make it easier for tourists to enter, so that Bali can accelerate its tourism and economic recovery,” Pemayun said.

Photo(1) Aerial photo taken on Dec. 19, 2021 shows a sea bridge in Bali, Indonesia. (Xinhua/Xu Qin)
Photo(2) People visit Tanah Lot in Bali, Indonesia, Dec. 18, 2021. (Xinhua/Xu Qin)
Photo(3) A man surfs near Tanah Lot in Bali, Indonesia, Dec. 18, 2021. (Xinhua/Xu Qin)
Photo(4) People participate in a fire war ceremony, locally called “Siat Geni”, at Duda Village in Bali, Indonesia, Jan. 31, 2022. (Photo by Bisinglasi/Xinhua)