Connect with us

Sport

IOC က ၂၀၂၂ ပေကျင်း အိုလံပစ်ပွဲတော်အား ကျား-မ မျှတမှုအရှိဆုံး ဆောင်းရာသီ အားကစားပြိုင်ပွဲအဖြစ် ချီးကျူးဂုဏ်ပြု

ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် အိုလံပစ်မီးတောက်ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့ရှိ အိုလံပစ်မျှော်စင်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၀ ရက် က ပြသထားစဉ် (ဆင်ဟွာ)

မက္ကစီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (IOC) က ပေကျင်း ၂၀၂၂ ဆောင်းရာသီ အားကစားပြိုင်ပွဲကို သမိုင်းတစ်လျှောက် ကျား-မ မျှတမှုအရှိဆုံး ဆောင်းရာသီ အားကစားပြိုင်ပွဲအဖြစ် ကြေညာခဲ့သည်။
ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် “အားကစားသမားများ၏ ၄၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများအဖြစ် စံချိန်သစ်တင်ခဲ့’’ ကြောင်း IOC မှ ထုတ်ပြန်သော အချက်အလက်ကို ကိုးကား၍ ကျူးဘားအခြေစိုက် Prensa Latina သတင်းဌာန က ဖော်ပြခဲ့သည်။

IOC အားကစားဒါရိုက်တာ Kit McConnell ၏အဆိုအရ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမား ၂,၉၀၂ ဦးတွင် အမျိုးသမီး ၁,၃၂၅ ဦးပါဝင်ယဉ်ပြိုင်ခြင်းသည် ဆောင်းရာသီအားကစားပြိုင်ပွဲတွင် မကြုံစဖူးသော အချိုးအစားတစ်ခုဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

ဥပမာအားဖြင့် တောင်ကိုရီးယားရှိ Pyeongchang 2018 အားကစားပြိုင်ပွဲတွင် အားကစားသမားများ၏ ၄၁ရာခိုင်နှုန်းကို အမျိုးသမီးများကဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပေကျင်း ၂၀၂၂ ပွဲစီစဉ်သူများသည် အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်ရာတွင် ပိုအားကောင်းအောင်ကြိုးစားခဲ့သည်ဟု McConnell က ပြောကြားထားသည်။

IOC သည် Milano-Cortina ၂၀၂၆ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ မတိုင်မီ ကျား-မ တန်းတူပါဝင်မှု ရရှိရန် ရည်ရွယ်ထားကြောင်း အဆိုပါအေဂျင်စီမှ ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)

IOC hails Beijing 2022 Olympics as most gender-balanced Winter Games ever

MEXICO CITY, Feb. 9 (Xinhua) — The International Olympic Committee (IOC) has declared the Beijing 2022 Winter Games to be “the most gender-balanced” Winter Games in history.

The Beijing Winter Olympics has “women accounting for a record 45 percent of the athletes,” reported Cuba-based news agency Prensa Latina, citing data released by the IOC.

According to IOC Sports Director Kit McConnell, of the 2,902 athletes competing at the games, 1,325 are women, presenting an unprecedented ratio at a Winter Games, said the agency.

During the Pyeongchang 2018 Games in South Korea, for example, women represented 41 percent of the athletes, and the organizers of Beijing 2022 sought to do even better in promoting their participation, McConnell was quoted as saying.
The IOC aims to achieve gender-parity ahead of the Milano-Cortina 2026 Olympic Winter Games, said the agency. Enditem