Connect with us

China

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံက ကိုယ်ကျိုးစီးပွားလုပ်နေသည်ဟု အမေရိကန်က သတင်းမှားဖြန့်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ပေကျင်းမြို့၌ မတ် ၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် ယူကရိန်းအရေးအပေါ် တရုတ်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ “ တရုတ်နှင့်ရုရှားကို တစ်ပြိုင်တည်း နှိပ်ကွပ်ရန် ချောင်းမြောင်းအကွက်ရှာနေခြင်းဖြစ်ကြောင်း” တရုတ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး မတ် ၉ ရက်တွင်ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးကို တရုတ်နိုင်ငံက ခပ်စောစောပိုင်းကတည်းက ကြိုတင်သိရှိနေပြီးသားဖြစ်သည် ဆိုသည့် နယူးယောက်တိုင်းသတင်းစာတွင် လိုရာဆွဲရေးသားထားသော ဆောင်းပါးနှစ်ပုဒ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း တုန့်ပြန်ဖြေကြားခဲ့ပြီး ယင်းဇာတ်လမ်းအားလုံး၏ နောက်ကွယ်တွင် အမေရိကန်အရာရှိတစ်ဦးရှိနေကြောင်း ၎င်းက ဆိုသည်။
“ ယူကရိန်းအရေးမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး လမ်းကြောင်းလွှဲအပြစ်တင်ဖို့ ၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ဖို့နဲ့ အဲဒီအရေးအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်တွေနဲ့အတူ အမေရိကန်ဟာ သတင်းအမှားတွေကို ဖြန့်ဝေမှု ပြုလုပ်နေပါတယ်” ဟု ကျောက် ကပြောကြားခဲ့ပြီး ” ဒါဟာ စက်ဆုတ်ရွံရှာဖွယ် အကောက်ကြံတဲ့ အမူအကျင့်ပဲ” ဟု ဆက်လက်ပြောကြားခဲ့သည်။
“ယူကရိန်းအရေးနဲ့ပတ်သက်လို့ ဘယ်လို အဝင်အထွက်တွေရှိနေလဲဆိုတာ ဒီကနေ့မှာ သိပ်ကိုရှင်းနေပါတယ်၊ အဲဒီကိစ္စမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ရုရှား-ယူကရိန်း တင်းမာမှု စိုးရိမ်ရေမှတ်အမြင့်ဆုံးရောက်အောင် တွန်းပို့ခဲ့တာပဲလေ” ဟု ကျောက်ကပြောကြားခဲ့သည်။
မိမိကိုယ်တိုင်တာဝန်ယူတာဝန်ခံရမည့်အရာမှ ခပ်ဝေးဝေးသို့ရှောင်ထွက်နေစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသည် ၎င်း၏ ဗိုလ်ကျစိုးမိုးရေးဝါဒကိုဆက်လက်ထိန်းသိမ်းရေး အမြင်တစ်ခုနှင့်အတူ ယူကရိန်းအရေးအပေါ် တရုတ်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ဝေဖန်ခြင်းဖြင့်“ တရုတ်နဲ့ရုရှားကို တစ်ပြိုင်တည်း နှိပ်ကွပ်ဖို့ ချောင်းမြောင်းအကွက်ရှာနေပါတယ်” ဟု ၎င်းက ဆိုသည်။
“ သူ့ရဲ့ဦးနှောက်က တရုတ်နဲ့ပတ်သက်ပြီး ပိုပြီး အလိမ်အညာဇာတ်လမ်းတွေနဲ့ဖောင်းထုလေလေ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သူ့အပေါ်ယုံကြည်မှုကျဆင်းအောင် သူဟာသူ ပိုပြီးဖော်ပြလေလေ ဖြစ်မှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)

……………………….
(English Version)

U.S. spreading disinformation about China on Ukraine for own benefit: spokesperson
BEIJING, March 9 (Xinhua) — A Chinese spokesperson on Wednesday said the United States criticizes China’s position on Ukraine to “seek space for the plot of simultaneously suppressing China and Russia.”
Foreign Ministry spokesperson Zhao Lijian made the remarks in response to the media report that the two New York Times articles about China’s so-called prior knowledge of Russia’s military operation against Ukraine were both made-to-order. And the director behind all this is a U.S. official.
“The U.S. has been disseminating disinformation about China on the Ukraine issue, with the attempt to shift blame, stoke confrontation and profit from the issue,” Zhao said. “The practice is despicable and malicious.”
The ins and outs of how the Ukraine issue has evolved to what it is today are very clear. The moves by the U.S.-led NATO have pushed the Russia-Ukraine tension to the breaking point, Zhao said.
While looking away from its own responsibility, the United States criticizes China’s position on Ukraine to seek space for the plot of simultaneously suppressing China and Russia, with a view to maintaining its hegemony, he said.
“The more it racks its brains to discredit China with lies and hype things up, the more it exposes its credibility deficit to the international community,” he said.