Connect with us

Asia

ပါကစ္စတန်နိုင်ငံက Shaheen-II ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က အစ္စလာမ်မာဘတ်မြို့၌ ၂၀၂၁ ခုနှစ် မတ် ၂၅ ရက်တွင် ပြုလုပ်သည့် ပါကစ္စတန်နေ့ စစ်ရေးပြပွဲတွင် တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှုနေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံက Shaheen-III မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်အား ဧပြီ ၉ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် လက်နက်စနစ်၏ အမျိုးမျိုးသောပုံစံ နှင့် နည်းပညာ ကန့်သတ်ချက်ဘောင်များအား ပြန်လည်အတည်ပြုရန် ရည်ရွယ်ကြောင်း ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှု (ISPR) မှ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယင်းစမ်းသပ်ပစ်လွှတ်မှုကို မဟာဗျူဟာစီမံချက်ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nadeem Zaki Manj နှင့် အခြားအဆင်မြင့်စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ နိုင်ငံ၏ မဟာဗျူဟာအဖွဲ့အစည်းများမှ သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများ၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

သမ္မတ Arif Alvi ၊ ဝန်ကြီးချုပ် Imran Khan နှင့် အခြားတာဝန်ရှိသူများက အောင်မြင်သောစမ်းသပ်မှုပြုလုပ်ခြင်းအပေါ် သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများအား ချီးကျူးဂုဏ်ပြုခဲ့ကြောင်း ISPR ထံမှ သိရသည်။ (Xinhua)
—————————-

(English Version)

Pakistan conducts successful flight test of Shaheen-III ballistic missile: army

ISLAMABAD, April 9 (Xinhua) — Pakistan on Saturday conducted successful flight test of Shaheen-III surface-to-surface ballistic missile, the Pakistani military said.

“The test flight was aimed at re-validating various design and technical parameters of the weapon system,” a statement from the Inter-Services Public Relations (ISPR) said.

The flight test was witnessed by Director General of Strategic Plans Division Lt. Gen. Nadeem Zaki Manj, other senior military officials, scientists and engineers of strategic organizations of the country, the statement added.

President Arif Alvi and Prime Minister Imran Khan and other officials congratulated the scientists and engineers on the successful conduct of the test, according to the ISPR. ■

Photo – Pakistani President Arif Alvi reviews the armed forces during Pakistan Day military parade in Islamabad, capital of Pakistan, March 25, 2021. (Str/Xinhua)