Connect with us

Africa & Middle East

ဆော်ဒီအာရေးဗျနိုင်ငံက လာမည့်ဟာ့ဂျ်ဘုရားဖူးရာသီတွင် ပြည်တွင်း/ပြည်ပ ဘုရားဖူး တစ်သန်း လက်ခံသွားမည်

ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့ရှိ ကြီးကျယ်မြင့်မြတ်သောဗလီကြီး၌ ဟာ့ဂျ်ဘုရားဖူများအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေးဗျနိုင်ငံက ယခုနှစ်လာမည့်ဟာ့ဂျ်ဘုရားဖူးရာသီတွင် ပြည်တွင်း/ပြည်ပ မက္ကာဟာ့ဂျ်ဘုရားဖူး တစ်သန်း ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံဟာ့ဂျ် နှင့် Umrah ဝန်ကြီးဌာနက စနေနေ့(ဧပြီ ၉ ရက်)တွင် ထုတ်ဖော်ကြေညာခဲ့သည်။ယင်းဆုံးဖြတ်ချက်ရည်ရွယ်ချက်မှာ ကမ္ဘာတစ်လွှားရှိ အရေအတွက်များစွာသော မွတ်စလင်ဘာသာဝင်များအတွက် ဟာ့ဂျ်ဘုရားဖူးဝတ်ပြုနိုင်ရန်အတွက် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့ရှိ ကြီးကျယ်မြင့်မြတ်သောဗလီကြီး၌ ဟာ့ဂျ်ဘုရားဖူများအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများနှင့် အသက် ၆၅ နှစ်အောက် အရွယ်ရှိသူများသာ ဟာ့ဂျ် ဘုရားဖူးများအဖြစ်လာရောက်သင့်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုထားသည်။

နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဆော်ဒီအာရေးဗျနိုင်ငံသို့ မထွက်ခွာမီ ၇၂ နာရီအတွင်း စစ်ဆေးထားသော PCR စစ်ဆေးမှု negative ရလဒ်အဖြေပြသရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

လာမည့်ဘုရားဖူးရာသီတွင် ဟာ့ဂျ်သို့ နိုင်ငံခြားသား ဘုရားဖူးများ ပထမဆုံး ပြန်လည်ဝင်ရောက်ခွင့်ပြုရန် မျှော်လင့်ထားကြောင်း ၊ ကိုဗစ်-၁၉ ကပ်ရောဂါပြန့်နှံ့ခြင်းကို တားဆီးရန်အတွက် ပြည်တွင်းဘုရားဖူးများကိုသာ ပြီးခဲ့သော နောက်ဆုံး ဘုရားဖူးရာသီနှစ်ခုတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က ဘုရားဖူး ၂.၅ သန်းအထိ လက်ခံခဲ့သည့် ကြီးမြတ်သောဘာသာရေးမြို့တော်ဖြစ်သည့် မက္ကာမြို့သည် ၂၀၂၁ ခုနှစ်တွင် ဘုရားဖူး ၆၀,၀၀၀ ခန့်ကိုသာ လက်ခံခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

——————————
(English Version)

Saudi Arabia to receive 1 mln domestic, foreign pilgrims in upcoming Hajj season
RIYADH, April 9 (Xinhua) — Saudi Arabia will allow 1 million domestic and foreign pilgrims to join the Mecca Hajj pilgrimage in the upcoming Hajj season this year, the Saudi Ministry of Hajj and Umrah announced on Saturday.
The decision aims to enable the largest number of Muslims worldwide to perform the pilgrimage rituals, it said.
The pilgrims coming to perform Hajj should be less than 65 years old and are fully vaccinated with the COVID-19 vaccine, noted the ministry.
Foreign pilgrims must submit a negative PCR test taken within 72 hours before their departure to Saudi Arabia, it added.
The upcoming season is expected to be the first to allow foreign pilgrims to perform Hajj, as the last two seasons were limited only to domestic pilgrims to prevent the spread of the COVID-19 pandemic.
In 2021, the holy city of Mecca received around 60,000 pilgrims, while the number in 2019 was 2.5 million, according to the ministry.

Pilgrims circumambulate the sacred site Kaaba in the Grand Mosque in Mecca, Saudi Arabia on July 29, 2020. (Saudi Arabia’s Ministry of Media/Handout via Xinhua)