Connect with us

North America

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့ Arden ရပ်ကွက်ရှိ ဘုရားရှိခိုးကျောင်းတစ်ခုအနီး ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ့် ၊ မတ် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့တော် Arden Fair mall ဈေးဝယ်စင်တာအနီးရှိ ဘုရားရှိခိုးကျောင်းတစ်ခု၌ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။ကလေး သုံးယောက်ဖခင်ဖြစ်သည့် ယင်းသေနတ်သမားသည် နောက်ပိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ သွေးထွက်သံယိုမှုသည် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင်ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်ကို အိမ်တွင်းအကြမ်းဖက်မှုတစ်ခုအဖြစ် သတ်မှတ်ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။
Sacramento မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲတပ်ကြပ်ကြီး Rodney Grassmann ၏ ပြောကြားချက်ကိုကိုးကား၍ အသတ်ခံရသော ကလေးငယ် သုံးဦးစလုံးမှာ အသက် ၁၅ နှစ်အောက်အရွယ် လူမမယ်များဖြစ်ကြကြောင်း Sacramento Bee သတင်းစာတွင်ဖော်ပြထားသည်။

လေးဦးမြောက် သေဆုံးသွားခဲ့ရသူမှာ အရွယ်ရောက်ပြီးသူ လူကြီးပိုင်းတစ်ဦးဖြစ်ကြောင်း သိရသည်။ သေဆုံးသူများ နှင့် သေနတ်သမားအကြား ပတ်သက်ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်း ချက်ချင်းမသိရှိရသေးကြောင်း နှင့် သေဆုံးသွားသူများသည် “ တစ်ယောက်နဲ့တစ်ယောက် အားလုံးသိကျွမ်းကြသူများဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားခဲ့သည်။

Sacramento မြို့တော်ကောင်စီလူကြီးတစ်ဦးဖြစ်သူ Eric Guerra က ဘုရားရှိခိုးကျောင်းမှတဆင့် သတင်းစကားပါးရာတွင် အခင်းဖြစ်စဉ်ကို “ လူများစွာသေဆုံးရသည့် သေနတ်ပစ်ခတ်မှု”တစ်ခုအဖြစ်ရေးသားဖော်ပြခဲ့ပြီး ယင်းနယ်မြေတွင်နေထိုင်ကြသူများအနေဖြင့် နိုးနိုးကြားကြားရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က တွစ်တာလူမှုကွန်ရက်မှတဆင့် “ အမေရိကန်မှာ နောက်ထပ်မိုက်မဲလွန်းတဲ့ သေနတ်အကြမ်းဖက်မှုတစ်ခုပေါ့ – ဒီတစ်ခါမှာတော့ ကျွန်တော်တို့အိမ်နောက်ဖေးမှာပဲ ဖြစ်သွားတယ်၊ ကလေးငယ်တွေရှိနေတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုထဲမှာပေါ့ ၊ သိပ်ကို စိတ်ပျက်စရာကောင်းပါတယ် ” ဟု ရေးသားဖော်ပြခဲ့သည်။(Xinhua)
————————————-
(English Version)
5 killed in U.S. shooting incident California

LOS ANGELES, Feb. 28 (Xinhua) — Five people, including three children, were killed on Monday night after a man opened fire in a church near Arden Fair mall in Sacramento, the capital city of California.
The gunman, who killed himself later, was the three children’s father. The bloodshed, which occurred at around 5:00 p.m. local time, stemmed from a domestic violence incident, local media reported.
Sgt. Rodney Grassmann, spokesman for the Sacramento County Sheriff’s Office, was quoted by the Sacramento Bee newspaper as saying that the three children killed were all under 15 years old.
The forth victim shot dead on the scene was an adult. Grassmann said the victim’s connection to the gunman wasn’t immediately clear, adding that victims “all knew each other.”
Sacramento City Councilman Eric Guerra referred to the incident as a “mass casualty shooting” at a church in a message, urging people to be alert in the area.

Weighing in on Twitter just after the shooting, California Governor Gavin Newsom said: “Another senseless act of gun violence in America — this time in our backyard. In a church with kids inside. Absolutely devastating.” Enditem

Photo- Law enforcement are seen near a church in the Arden area of Sacramento County on February 28.