Connect with us

Media

လူ့အခွင့်အရေးကို လုပ်ဇာတ်ခင်းသည့် အမေရိကန်အရာရှိများအား တရုတ်နိုင်ငံက အပြစ်ပေးသွားရန်ရှိ

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးရပ်တည်ချက်အပေါ် လုပ်ဇာတ်ခင်းကာ မုသားဆိုသည့် ကျင့်ဝတ်နှင့်မညီသော အမေရိကန် အရာရှိများကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာ ပိတ်ပင်သွားရန်ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်းဝန်ပင်း က မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။

“အမေရိကန်တို့က စံတင်လောက်တဲ့လိမ်လည်မှုတွေကို လုပ်ကြံပြောဆိုခဲ့တဲ့အပြင် တရုတ်နိုင်ငံက အရာရှိတွေကို ကန့်သတ်ချုပ်ချယ်ဖို့၊ တရုတ်နိုင်ငံကိုမဟုတ်မမှန် အပုတ်ချ ဝေဖန်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်ဖို့ သူတို့ကို အသုံးချခဲ့တာပါ၊

အဲဒီလို စဉ်းလဲတဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေတွေ ၊ နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းတွေကို စိုးရိမ်ဖွယ် ချိုးဖောက်နေတာဖြစ်ပါတယ်၊ တရုတ်နိုင်ငံက ဒီလုပ်ရပ်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်၊

တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးအပေါ် လုပ်ကြံလိမ်လည်ပြောဆိုမှုတွေလုပ်ဆောင်တဲ့အပြင် တရုတ်နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေဖြစ်အောင်တွန်းအားပေးပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုထိခိုက်စေတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ အမေရိကန်အရာရှိတွေကို တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ လုံခြုံရေးနဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ တရုတ် အရာရှိတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ နိုင်ငံခြား ပိတ်ဆို့မှုတားမြစ်ရေး ဥပဒေနဲ့အညီ ဗီဇာ ပိတ်ပင်သွားဖို့ တရုတ်နိုင်ငံကဆုံးဖြတ်လိုက်ပါတယ်” ဟုဆိုသည်။

ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များက ပေကျင်းမြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

…………………..

(English Version)

GLOBALink | China to punish U.S. officials for fabricating human rights lies

BEIJING, March 31 (Xinhua) — China has decided to impose reciprocal visa restrictions on U.S. officials who fabricate lies on China’s human rights status, Chinese Foreign Ministry spokesperson Wang Wenbin said on Thursday.

 

SOUNDBITE (Chinese/English interpretation): WANG WENBIN, Chinese Foreign Ministry spokesperson

“The U.S. fabricated egregious lies and use them to interfere in China’s internal affairs, denigrate China and impose restrictions on Chinese officials.

These unscrupulous acts gravely violate international laws and basic norms governing international relations. China firmly opposes them.

To defend China’s sovereignty, security and development interests and protect the rights and interests of Chinese personnel, and in accordance with the Anti-Foreign Sanctions Law,

 

China has decided to adopt visa restrictions in a reciprocal manner on U.S. officials who concoct lies about human rights in China, push for sanctions against China and undermine China’s interests.”

Xinhua News Agency correspondents reporting from Beijing.

(XHTV)