Connect with us

Europe

ယူကရိန်းတွင် အမေရိကန်က ထိန်းချုပ်ထားသော ဇီဝဓာတ်ခွဲခန်းများ သက်သေပြရန် အလုပ်အဖွဲ့များ ရုရှား ဖွဲ့စည်း

ရုရှားနိုင်ငံ၏ State Duma လွှတ်တော် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ- State Duma press release)

မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် အမေရိကန်နိုင်ငံက ထိန်းချုပ်ထားသော ဇီဝဓာတ်ခွဲခန်းများကို စုံစမ်းစစ်ဆေးရန် လုပ်ငန်းအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလျက် ရုရှား ကနဦးကော်မရှင်က ပထမဆုံးအစည်းအဝေးကို မတ် ၃၁ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင် အမေရိကန် ကျွမ်းကျင်သူများက ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုအတွင်း စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းအပေါ် ကော်မရှင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနထံမှ အချက်အလက်များ ကြားနာခဲ့ကြောင်း Russian State Duma သို့မဟုတ် ရုရှား ဖက်ဒရယ်ညီလာခံ အောက်လွှတ်တော်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးအတွင်း ယူကရိန်းနိုင်ငံပိုင်နက်မြေပေါ်ရှိ အမေရိကန်နိုင်ငံ၏ အန္တရာယ်ရှိသော ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင် ပူးတွဲဥက္ကဋ္ဌနှင့် State Duma ဒုတိယဥက္ကဋ္ဌ Irina Yarovaya က ပြောခဲ့သည်။
“ရုရှားရော ယူကရိန်းအတွက်ရော အန္တရာယ်ရှိပါတယ်။ ဇီဝလက်နက်တွေ ထုတ်လုပ်မယ့်လက္ခဏာတွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကနေ ထိန်းချုပ်ထားတဲ့ လျှို့ဝှက်လှုပ်ရှားမှုအကြောင်း ကျွန်မတို့ ပြောနေကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းအဖွဲ့ လေးဖွဲ့သည် ကျွမ်းကျင်အဆင့် အပါအဝင် အထောက်အထားများနှင့် အချက်အလက်များ အားလုံးကို အသေးစိတ်လေ့လာဆန်းစစ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဥပဒေပြုအမတ်က မှတ်ချက်ပြုခဲ့သည်။

“ဒီကနေ့ ကော်မရှင်ကလည်း ယူကရိန်းက စီမံကိန်းမှာ Hunter Biden ပါဝင်ပတ်သက်မှု အလားအလာများနှင့် ၎င်းကိုယ်တိုင်နှင့် Victoria Nuland ထံမှ ဖြေရှင်းချက်များအတွက် ဖိတ်ကြားခြင်း စတင်လုပ်ဆောင်ရန် ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ လုပ်ငန်းအဖွဲ့လေးဖွဲ့ကို ညွှန်ကြားထားကြောင်း ,” Yarovaya က ပြောခဲ့သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏သား Hunter Biden က စီမံခန့်ခွဲနေသော Rosemont Seneca ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက ယူကရိန်းနိုင်ငံရှိ ပင်တဂွန်၏ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒဆိုင်ရာ အစီအစဉ်အား ငွေကြေးထောက်ပံ့နေခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်သီတင်းပတ်၌ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် Victoria Nuland က “ယူကရိန်းတွင် ဇီဝသုတေသနအဆောက်အအုံများ ရှိသည်” ဟု ဝန်ခံထားကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံ လွှတ်တော်ဆိုင်ရာ ကော်မရှင်က ၎င်း၏ တွေ့ရှိချက်များကို သမ္မတ ဗလာတီမာ ပူတင်၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ အစီရင်ခံသွားမည်ဖြစ်သည်။ နောက်ထပ် အစည်းအဝေးကို ဧပြီ ၄ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Russia creates working groups to probe U.S.-controlled biolabs in Ukraine
Source: Xinhua
Editor: huaxia
2022-04-01 03:20:16
MOSCOW, March 31 (Xinhua) — A Russian parliamentary commission held its first meeting on Thursday, announcing the establishment of four working groups to investigate U.S.-controlled biological laboratories in Ukraine.
The commission heard information from the Russian Defense Ministry on the investigation into biological research by American specialists in Ukraine, the Russian State Duma or the lower house of the country’s Federal Assembly said in a statement.
During Russia’s special military operation, the dangerous biological activities of the United States on the territory of Ukraine were revealed, said Irina Yarovaya, co-chair of the commission and deputy chairperson of the State Duma.
“Dangerous both for Russia and for Ukraine itself. We are talking about secret activities controlled by the U.S. Department of Defense, with signs of the development of biological weapons,” she said.
The four working groups will conduct a detailed analysis of all documents and facts, including at the expert level, the senior lawmaker noted.
“Today the commission has instructed the working groups on defense, security and international law to start working on materials on the involvement of Hunter Biden in the project in Ukraine, as well as an invitation for explanations from him and Victoria Nuland,” Yarovaya said.
The investment fund Rosemont Seneca, currently managed by U.S. President Joe Biden’s son Hunter Biden, financed the Pentagon’s military biological program in Ukraine, the Russian Defense Ministry said last week.
U.S. Undersecretary of State for Political Affairs Victoria Nuland has admitted that “Ukraine has biological research facilities.”
The Russian parliamentary commission, which was founded last week, will report its findings to President Vladimir Putin, the government and international organizations. The next meeting of the commission will be held on April 4. ■
Photo : The building of Russia’s State Duma is seen in this picture. (State Duma press release)