Connect with us

North America

အမေရိကန်က ယူကရိန်းအကျပ်အတည်း အရှိန်အဟုန်မပြတ်မြင့်တက်အောင် နောက်ကွယ်မှ တွန်းပို့သူဖြစ်

ဂျာမနီနိုင်ငံ ဘာလင်မြို့ နိုင်ငံတကာလေကြောင်းပြပွဲတွင် ပြသထားသည့် F-35 တိုက်လေယာဉ်အား ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာစကားရည်ထိုးစစ်တွင် ထူးဆန်းသည့်အရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာသည်မှာ ပဋိပက္ခနှင့် အလျဉ်းသက်ဆိုင်မှုမရှိသော တရုတ်နိုင်ငံက နေရင်းထိုင်ရင်း ထိုးနှက်ခံရခြင်း ဖြစ်သည်။ အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံအချို့က အခြားသောရည်ရွယ်ချက်ဖြင့် ဝေဖန်ရေးအမြောက်ပစ်ကာ ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မြင့်တက်အောင် တရုတ်က ဆိတ်ဆိတ်နေခြင်းဖြင့် ခွင့်ပြုနေပြီး ရုရှားကို ပြစ်တင်ရှုတ်ချမှုမရှိခြင်းက စစ်ပွဲများကို လွှတ်ပေးရာရောက်ကြောင်း နည်းလမ်းစုံဖြင့်အဆုံးစွန် အပြစ်ဖို့ပြောကြားရန် ကြိုးပမ်းခဲ့သည်။

အမှန်စင်စစ်တွင်မူ သူခိုးကလူဟစ်သည့် ဖြစ်ရပ်၊ တရုတ်နိုင်ငံအား ဘီလူးတစ္ဆေအသွင်အိုးမည်းသုတ်ရန် ကြိုးပမ်းချက်၊ နိုင်ငံတကာအသိုက်အဝန်း အာရုံလွှဲရန်ကြိုးပမ်းချက်သာဖြစ်သည်။ ယူကရိန်းအကျပ်အတည်းအမှားအမှန်ဖြစ်ပျက်ပုံ ပကတိအခြေအနေကို နားလည်သူတိုင်းက ရုရှား-ယူကရိန်းအကျပ်အတည်း အရှိန်အဟုန်မပြတ်မြင့်တက်ရန်ကြိုးပမ်းသည့် နောက်ကွယ်ကလက်မည်းကြီး အမှန်စင်စစ်မှာ ယနေ့ အကြီးဆုံးဗိုလ်ကျစိုးမိုးနေသော အမေရိကန်နိုင်ငံ သာ ဖြစ်သည်။

ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံစလုံးက တရုတ်နိုင်ငံ၏မိတ်ဆွေများ ဖြစ်ကြပြီး ယူကရိန်းအရေး ယခုကဲ့သို့အခြေအနေ ပြောင်းလဲလာရခြင်းမှာ တရုတ်နိုင်ငံမြင်တွေ့လိုသည့်အရာ မဟုတ်ပေ။ ယူကရိန်းအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာတွင် တရုတ်နိုင်ငံဘက်က အစဉ် တာဝန်ယူမှုတာဝန်ခံမှုရှိစွာဖြင့် အကျပ်အတည်းကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရေး တွန်အားပေးရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖျောင်းဖျရာ၌ တက်ကြွစွာ တွန်းအားဆောင်ရွက်သည့်အခါတွင်ဖြစ်စေ၊ ယူကရိန်းလူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း လျှော့ချရေးကြိုးပမ်းဆောင်ရွက်မှုတွင် ဖြစ်စေ တရုတ်နိုင်ငံက တစ်သမတ်တည်းသော တရားမျှတမှုနှင့်တာဝန်ယူတာဝန်ခံမှုရှိသည့် ရပ်တည်ချက်ကို ထင်ဟပ်ပြသနိုင်ခဲ့သည်။

သို့သော် အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့နိုင်ငံများက ယူကရိန်းသို့ စစ်လက်နက်များပေးကာ စစ်ပွဲမီးလျှံသို့ လောင်စာဆီလောင်းနေခဲ့ခြင်းဖြစ်သည်။ အနောက်နိုင်ငံများက ရုရှားအပေါ် ဘက်ပေါင်းစုံ ခွဲခြားမှုမရှိသည့် ပိတ်ဆို့မှုများကလည်း အခြေအနေကို ပို၍ရှုပ်ထွေးတင်းမာစေခဲ့သည်။ ပိတ်ဆို့မှုများ တစ်ဆင့်တိုးမြှင့်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်စသည့်တို့မှာ ဆိုးဝါးသည့်အကျပ်အတည်းများ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး နဂိုမူလက ခက်ခဲနေသည့်ကမ္ဘာ့စီးပွားရေးကို တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်စေမည်သာ ဖြစ်သည်။ စစ်ပွဲနှင့် ပိတ်ဆို့မှုက ငြိမ်းချမ်းရေးကို မဆောင်ကြဉ်းပေးနိုင်သည်ကို လက်တွေ့တွင် သက်သေသာဓကများ ရှိပြီးဖြစ်သည်။

အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံအချို့က ယူကရိန်းအကျပ်အတည်းကို မီးလောင်ရာလေပင့်နေပြီး နိုင်ငံတကာတွင် “အဖြူ-အမည်း အုပ်စုခွဲ”ရပ်တည်ရန်၊ “ငါနှင့်မတူ ၊ငါ့ရန်သူ” ထိပ်တိုက်ရင်ဆိုင်ရန် အင်တိုက်အားတိုက် ဖန်တီးလုပ်ဆောင်နေခြင်းသည် ကမ္ဘာကြီးကွဲပြားလှုပ်ခတ်၊ မငြိမ်မသက်ဖြစ်နေမှုကို ပို၍ ဆိုးဝါးစေမည် ဖြစ်သလို အကျပ်အတည်းဖြေရှင်းရေးအတွက်လည်း ပို၍အခက်တိုးစေသည်။ ယူကရိန်းအရေးတွင် တရုတ်နိုင်ငံကို အကျပ်ကိုင်ရန် အမေရိကန်၏ စိတ်ကူးယဉ်ခြင်းသည် ၎င်း၏ မာနထောင်လွှားမှုကြီးစိုးမှုအား ပြသခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချင်ကန်း အမေရိကန်ရုပ်သံမေးမြန်းမှုတွင် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ပြောကြားရာ၌ ကြိမ်ဖန်များစွာ စကားဖြတ်ပြောခံရပြီး မေးမြန်းသူကသာ အမေရိကန်၏ရပ်တည်ချက်ကို ထည့်သွင်းပြောကြားခြင်းမှာ ဗိုလ်ကျစိုးမိုးမှုလုပ်ရပ်၏ နောက်ထပ် ပုံရိပ်တစ်ခုဖြစ်သည်။

အမေရိကန်ဘက်က ယူကရိန်းအကျပ်အတည်း၌ မပြတ်မီးထိုးနေခြင်းသည် အကျိုးအမြတ်ကြီးရရှိနိုင်မည့် စီးပွားရေးတစ်ခုကို ကြံစည်ခြင်း ဖြစ်သည်။ ရုရှား-ယူကရိန်း အကျပ်အတည်း ဖြစ်ပွားပြီးနောက် စတော့ရှယ်ယာဈေးနှုန်း အသီးသီးကျဆင်းခဲ့သော်လည်း Lockheed Martin Corp နှင့် Raytheon Technologies Corp အမေရိကန်စစ်ဘက်ဆိုင် ကုမ္ပဏီ နှစ်ခု၏ စတော့ရှယ်ယာဈေးများက ယခုတစ်လအတွင်း ၁၃ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းခန့် အသီးသီး မြင့်တက်ခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းအကျပ်အတည်းတွင် အမြဲမပြတ်မီးထိုးခြင်းသည် ယူကရိန်းကို အမေရိကန်၏ ပထဝီနိုင်ငံရေးရည်မှန်းချက် ပေါင်းကူးအဖြစ်ထားရာ၌ အကျိုးရှိစေရာ ယူကရိန်းကို လက်သုံးခံအဖြစ်ထားရှိပြီး ရုရှားကို ပို၍ ဖိနှိပ်နိုင်ခြင်းကြောင့်ဖြစ်သည်။
ယူကရိန်းသည် ရုရှားတားဆီးရေး၏ “ငါးစာ”ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိဟောင်း မိုက်ကယ်မလိုဖ်က ဆိုသည်။ အမေရိကန်နိုင်ငံရေးသုံးသပ်သူ ဆာလ်ဖိုဒယ်စ်က အမေရိကန်နိုင်ငံသည် ယူကရိန်းကို အသုံးချပြီး ရုရှားနှင့်ဥရောပသမဂ္ဂ ကုန်သွယ်စီးပွား အသွားအလာကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ကို ဖော်ဆောင်လိုက်သည်မှာ ထင်ရှားကြောင်း ပြောကြားခဲ့သည်။

ထိုအကြောင်းအရင်းများကို ကြည့်မည်ဆိုလျှင် ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်အဟုန် မြင့်တက်အောင် တွန်းပို့သူမှာ မည်သူဖြစ်သည်ကို ပေါ်လွင်နေပေသည်။ ယူကရိန်းအကျပ်အတည်းဖြစ်ပွားသည့် သမိုင်းဖြစ်စဉ်နှင့်လက်တွေ့အလားအလာကို ကြည့်မည်ဆိုလျှင်လည်း ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး”သော့ချက်”သည် အကျပ်အတည်းကို အစပျိုးသူ အမေရိကန်နိုင်ငံ၏လက်ထဲတွင်သာ ရှိသည်။ ၎င်းတို့အတွက် အကျပ်အတည်းကို မဖြေရှင်းနိုင်ခြင်းမဟုတ်ဘဲ မဖြေရှင်းခြင်းသာဖြစ်သည်။ အမေရိကန်လွှတ်တော်အမတ်ဟောင်း Gabbardက အမေရိကန်ဘက်ကသာ ယူကရိန်းကို နေတိုးအဖွဲ့တွင် လက်ခံမည်မဟုတ်ကြောင်း အာမခံလျှင် ဤအကျပ်အတည်းအဆုံးသတ်နိုင်မည်ဖြစ်ကာ စစ်မက်ကိုတားဆီးနိုင်မည် ဖြစ်သော်လည်း အမေရိကန်အစိုးရက ထိုသို့ မလုပ်ဆောင်ခဲ့ဟု ဆိုသည်။

တရုတ်နိုင်ငံအား ဦးတည်သည့် အခြေအမြစ်မရှိ စွပ်စွဲအပြစ်တင်ခြင်းက အဆုံးတွင် ကျရှုံးမည်သာဖြစ်သည်။ ယူကရိန်းအကျပ်အတည်းကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ရပ်တည်ချက်က သမိုင်း၏ဆန်းစစ်မှုကို ခံနိုင်ရည်ရှိသလို နိုင်ငံအများစု၏မျှော်လင့်ရာနှင့် တစ်ထပ်တည်းတူညီမှုရှိရာ တရုတ်နိုင်ငံ၏ရပ်တည်ချက်သည် သမိုင်း၏မှန်ကန်သည့်ဘက်အခြမ်းတွင် တည်ရှိခြင်းကို အချိန်က သက်သေပြလိမ့်မည်ဖြစ်သည်။ ယူကရိန်းအကျပ်အတည်း အကြီးဆုံးတွန်းပို့သူ အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ကာ မီးလောင်ရာလေပင့်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပြီး ယူကရိန်းအခြေအနေ ဆောလျင်စွာ အပူမီးလျော့ကျရေးအတွက် ငြိမ်းချမ်းရေးကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန် တွန်းအားပြုရမည် ဖြစ်ပေသည်။ (Xinhua)

……………………….
(Chinese Version)
美国是乌克兰危机不断升级的幕后推手——俄乌冲突系列评论之二
2022-04-01 09:43:24
新华社北京4月1日电题:美国是乌克兰危机不断升级的幕后推手——俄乌冲突系列评论之二
新华社记者郑汉根
俄乌冲突发生以来,国际舆论场出现了一件咄咄怪事:与冲突发生毫无关系的中国“躺枪”了!以美国为首的一些西方国家别有用心地炮制舆论,诬称中国“默许”俄乌冲突升级、中国不谴责俄罗斯是在纵容战争云云,再次无所不用其极地企图嫁祸中国。
这实在是贼喊捉贼,是企图妖魔化中国的“舆论浑水”,是妄图转移国际社会视线的“障眼法”。了解乌克兰危机是非曲直的人都明白,真正推动俄乌冲突不断升级的黑手,正是当今最大的霸权国家——美国。
俄乌双方都是中国的朋友,乌克兰问题演变到这个地步,是中方不愿看到的。面对乌克兰危机,中方一直在采取负责任态度,为推动危机最终以和平方式解决发挥建设性作用。无论是积极劝和促谈,还是为缓解乌克兰人道主义危机作出实际努力,都体现着中方一贯的公正和负责任立场。
然而,正是以美国为首的北约国家持续向乌方提供武器,对战争拱火浇油。西方对俄罗斯实施的全方位、无差别制裁,也让局势更加复杂紧张。如果制裁进一步升级,还会引发全球经贸、金融、能源等严重危机,使本已困难的世界经济雪上加霜。实践证明,战争和制裁都不可能带来和平。
以美国为首的一些西方国家拱火乌克兰危机,在国际上大力制造“非黑即白”的阵营对立,大搞“要么跟我一起、要么就是与我为敌”的对抗,正在加剧世界的分裂动荡,也让危机变得更加难以解决。美方妄想在乌克兰问题上胁迫中国,显示出的只是美国的傲慢与专横。中国驻美大使秦刚日前在美国电视访谈中陈述中方立场被频频打断、被主持人“硬塞”美方立场的一幕,正是这一专横霸道做派的反映。
美方不断拱火乌克兰危机,盘算的是一笔大有赚头的生意。俄乌冲突爆发,各路股价纷纷下挫,而洛克希德-马丁和雷神两家美国军工企业股价在近一个月内上涨了约13%和约10%。美方不断拱火乌克兰危机,也有利于将乌克兰作为美国实现其地缘政治目标的“桥头堡”,借乌克兰这枚“棋子”加大对俄罗斯的打压。前美国国防部官员迈克尔·马卢夫说,乌克兰就是遏制俄罗斯的一个“鱼饵”;美国政治分析人士萨拉·弗隆德斯认为,显然美国正在利用乌克兰,达到切断俄罗斯与欧盟经贸往来的目的。
如此看来,到底是谁在推动俄乌冲突升级,不言自明。从乌克兰危机发生的历史经纬和现实走向来看,解决乌克兰危机的“钥匙”就在危机的始作俑者美国手中。非不能也,乃不为也。美国前国会议员加巴德就曾表示,美方只要保证不接纳乌克兰加入北约,就可以结束此次危机,阻止爆发战争,但美国政府不这么做。
针对中国的无端指责和嫁祸终将失败。面对乌克兰危机,中国的立场经得起历史的检验,同大多数国家的愿望相一致,时间将证明,中方的主张是站在历史正确的一边。反倒是乌克兰危机的最大推手美国应该反躬自省,立即停止火上浇油,推动乌克兰局势早日降温、和平早日实现。(完)
图说: 这是2018年4月27日在德国柏林国际航空航天展上拍摄的“F-35”型战机。新华社记者单宇琦摄