Connect with us

Africa & Middle East

အာဖဂန် ကြားဖြတ်အစိုးရ သံတမန်ရေးအသိအမှတ်ပြုခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အန်းဟွေးပြည်နယ် ထွန်ရှီး၌ ကျင်းပသည့် တတိယအကြိမ်မြောက် အာဖဂန်အိမ်နီးချင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲဖေ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အန်းဟွေးပြည်နယ် ထွန်ရှီး၌ ကျင်းပသည့် တတိယအကြိမ်မြောက် အာဖဂန်အိမ်နီးချင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဖဂန်အိမ်နီးချင်းနှင့် အာဖဂန် ကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝမ်ရိက အစည်းအဝေးအရေးကြီးသဘောတူညီချက်၊ ရလဒ်များနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အာဖဂန် တာလီဘန် ကြားဖြတ်အစိုးရကို သံတမန်ရေးအသိအမှတ်ပြုရန် တရုတ်နိုင်ငံအနေဖြင့် စဉ်းစားမည်လားဟူသော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ရိက သံတမန်ရေးအသိအမှတ်ပြုခြင်းသည် အာဖဂန်ကြားဖြတ်အစိုးရ အလေးထားဂရုပြုသည့်ကိစ္စရပ်ဖြစ်သလို နိုင်ငံတကာအသိုက်အဝန်း အများဂရုပြုကြသည် အရေးကိစ္စလည်းဖြစ်ကြောင်း ဆိုသည်။
အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် အာဖဂန်သည် ကျရှုံးသည့်နိုင်ငံ မဖြစ်သင့်သလို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကျဉ်ခံရခြင်းမှာ ပို၍မဖြစ်သင့်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်ယူဆကြောင်း ပြောကြားခဲ့သည်။ အာဖဂန်သည် နှစ်ပေါင်းများစွာ စစ်ပွဲမီးလျှံ၏ဒုက္ခဒဏ်ကို အပြည့်အဝခံစားခဲ့ရပြီး ကမ္ဘာဖွံ့ဖြိုးရေးခြေလှမ်းတွင် နောက်ကျကျန်ရစ်နေပြီဖြစ်ကြောင်း ၊ ထိုအခြေအနေမျိုး ဆက်လက်မဖြစ်ပွားသင့်တော့ကြောင်း၊ အာဖဂန်ပြည်သူများတွင် တည်ငြိမ်အေးချမ်းပြီးစားဝတ်နေရေးပြည့်စုံသည့်ဘဝမျိုး ပိုင်ဆိုင်ခွင့်ရှိသလို အာဖဂန်ပြည်သူများတွင် ကမ္ဘာ့လူမျိုးစုသစ်တောကြီး၌ တန်းတူညီမျှ ရပ်တည်ပိုင်ခွင့်လည်း ရှိကြောင်း ပြောခဲ့သည်။

ဝမ်ရိက မိမိတို့အနေဖြင့် သတိထားမိသည်မှာ အာဖဂန်ကြားဖြတ်အစိုးရတည်ထောင်ပြီးနောက်ပိုင်း အခြေအနေတည်ငြိမ်ရေးနှင့်စီမံအုပ်ချုပ်ရေးအတွက် ကြိုးပမ်းမှုများရှိပြီး အထိုက်အလျောက် ရလဒ်များရရှိခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အာဖဂန်ဘက်က အမှီအခိုကင်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆုံးဖြတ်ချက်ကို အားထားဆောင်ရွက်သွားလိုကြောင်း မိတ်ဆက်ပြောကြားခဲ့သလို အိမ်နီးချင်းနိုင်ငံနှင့်နိုင်ငံတကာအသိုက်အဝန်း၏ ပို၍နားလည်မှုနှင့်အားပေးထောက်ခံမှုကို ရရှိလိုသည့်သဘောဆန္ဒကို ဖော်ပြပြီး သံတမန်ဆက်ဆံရေးအပြုသဘောကို ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အာဖဂန်ကြားဖြတ်အစိုးရအပေါ် ဂရုပြုမှုများနှင့် မျှော်လင့်မှုများ အများအပြားရှိနေသေးသည်ကို သတိထားမိကြောင်း၊ အာဖဂန်ကြားဖြတ်အစိုးရ၏အခန်းကဏ္ဍ လျင်မြန်စွာ ပြောင်းလဲလာမည်ဟု မျှော်လင့်ကြရာ အမျိုးသားရင်ကြားစေ့ရေးကို တွန်းအားပေးပြီး ပို၍အများပါဝင်လက်ခံသည့်အုပ်ချုပ်ရေး တည်ဆောက်ရန်၊ အမျိုးသမီးနှင့်ကလေးသူငယ် အလုပ်အကိုင်၊ပညာရေးအခွင့်အလမ်းများကို အာမခံပေးရန် စသည့်ကဏ္ဍများတွင် ပို၍ တိုးတက်မှု ရှိစေလိုကြကြောင်း၊ အထူးသဖြင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် ပိုမိုခိုင်မာသည့်သဘောထားနှင့် ပို၍များပြားသည့်လက်တွေ့မျက်မြင်ရလဒ်များ ရှိစေလိုကြကြောင်း ပြောကြားခဲ့သည်။

ပကတိအတိုင်းကြည့်မည်ဆိုလျှင် အထက်ပါအရေးကိစ္စများ ဖြေရှင်းရေး၌ မဆုတ်မနစ်ကြိုးပမ်းရန်လိုအပ်နေဆဲဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။ ဘက်ပေါင်းစုံဂရုပြုမှုများကို အားကောင်းသည့် တုံ့ပြန်ဆောင်ရွက်မှုများရှိလာခြင်းနှင့်အတူ အာဖဂန်အစိုးရ၏ သံတမန်ရေးအသိအမှတ်ပြုမှုက ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့အနေဖြင့် အာဖဂန်အစိုးရက မှန်ကန်သည့်ဦးတည်ချက်ကို ခိုင်မာစွာ မပြတ်လျှောက်လှမ်းပြီး လက်တွေ့ကျသည့် ကြိုးပမ်းမှုများလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
王毅谈阿富汗临时政府外交承认问题
2022-04-01 11:06:29
新华社合肥4月1日电(记者岳媛媛)3月31日,国务委员兼外长王毅在安徽屯溪主持召开第三次阿富汗邻国外长会和阿富汗邻国与阿临时政府首次外长对话会。会后,王毅召开新闻发布会,介绍会议重要共识和成果并回答记者提问。
针对记者问及中方是否考虑外交承认阿富汗塔利班临时政府,王毅说,外交承认是阿富汗临时政府重点关切,也是国际社会普遍关心的问题。作为阿富汗传统友好邻邦,中方始终认为,阿富汗不应该成为失败国家,更不应被排除在国际社会之外。阿富汗已经多年饱受战火之苦,落后于世界发展的步伐,这种状况不应再继续下去了。阿富汗人民有权利过上安宁、温饱的生活,阿富汗民族也有权利平等地屹立于世界民族之林。
王毅说,我们注意到,阿富汗临时政府成立以来,在稳局施政方面做了不少努力,取得一定成果。在对话交流中,阿方介绍了致力于实现自主发展的决心,表达了希望获得邻国和国际社会更多理解和支持的愿望,展现了对外交往的积极姿态。同时我们也注意到,包括邻国在内的国际社会对阿临时政府仍有不少关切和期待,希望阿临时政府早日完成角色转变,在推动民族和解、更加包容建政、保障妇女儿童就业和教育权利等方面取得更多进展,尤其在打击恐怖主义方面采取更加坚定态度,拿出更多可视性成果。
王毅说,客观地看,上述问题的解决,仍需要付出不懈努力。相信随着各方关切得到更有力回应,对阿富汗政府的外交承认将是一个水到渠成的事情。我们希望并期待阿富汗临时政府朝着这个正确方向不断迈出坚实步伐,做出切实努力。(完)
图说1:3月31日,国务委员兼外长王毅在安徽屯溪主持召开第三次阿富汗邻国外长会。 新华社记者 周牧 摄