Connect with us

Africa & Middle East

ဆော်ဒီလေဆိပ်အား ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယီမင်ဟူတီ စစ်သွေးကြွပြော

ဆော်ဒီအာရေးဗျနိုင်ငံတောင်ပိုင်းရှိ Abha အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဦးတည်၍ ယီမင်ဟူတီစစ်သွေးကြွများက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်နေပုံကို ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှတဆင့် ကြည့်ရှုနေသော အမျိုးသားတစ်ဦးအား ယီမင်နိုင်ငံ ဆန်နားမြို့၌ ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဆန်နာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံရှိ ဟူတီစစ်သွေးကြွများက ဆော်ဒီအာရေးဗျနိုင်ငံ Abha လေဆိပ်အား ဒရုန်းပေါ်မှနေ၍ ဗုံးပစ်ချ တိုက်ခိုက်မှုတစ်ခုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ အဲဒီတိုက်ခိုက်မှုဟာ လေဆိပ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အရာဝတ္တုတစ်ခုကို တိတိကျကျ ထိမှန်သွားပါတယ်” ဟု ဟူတီစစ်သွေးကြွအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yehya Sarea က ဟူတီပိုင် al-Masirah ရုပ်မြင်သံကြားမှတဆင့် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ထည့်သွင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ဟူတီစစ်သွေးကြွအဖွဲ့သည် ဆော်ဒီအာရေးဗျနိုင်ငံအတွင်းရှိ အရပ်ဖက်သုံးလေဆိပ်များကို ပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်အဟုန်မြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။
“ ဟူတီစစ်သွေးကြွတွေက စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ဆန်နားမြို့က အရပ်သားနေရာတွေမှာရောက်ရှိနေသူတွေကို ကယ်ထုတ်ဖို့ ကျွန်တော်တို့ အချိန် ၇၂ နာရီပေးထားပါတယ်” ဟု ညွန့်ပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်ကို ဆော်ဒီအစိုးရပိုင် Al-Arabiya ရုပ်သံတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ဟူတီစစ်သွေးကြွများသည် ဆော်ဒီအာရေးဗျ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ကို ဦးတည်၍ နယ်စပ်ဖြတ်ကျော် ပဲ့ထိန်းဒုံးကျည်များ နှင့် ဒရုန်းများအသုံးပြု၍ မကြာခဏသေးခင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြီးခဲသော လတွင် ယီမင်နိုင်ငံ အလယ်ပိုင်းရှိ ရေနံပေါ်ကြွယ်ဝသော Shabwa ပြည်နယ် နှင့် Marib ပြည်နယ်အတွင်းရှိ မဟာဗျူဟာမြောက် ခရိုင်အများအပြားကို ဟူတီစစ်သွေးကြွများက လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။  (Xinhua)

…………………………………….
(English Version)
Yemen’s Houthis claim responsibility for drone attack on Saudi airport
SANAA, Feb. 10 (Xinhua) — Yemen’s Houthi militia on Thursday claimed responsibility for a bomb-laden drone attack on Abha airport in Saudi Arabia.
“The attack hit a military object at the airport accurately,” Yehya Sarea, Houthi military spokesman said in a statement reported by the Houthi-run al-Masirah TV.
Meanwhile, the Saudi-led coalition said the Houthi militia chose blatant escalation by targeting civilian airports in Saudi Arabia.
“We give 72 hours for civilians in Sanaa to evacuate civilian sites used militarily by the Houthi militia,” the coalition said in a statement reported by the Saudi-owned Al-Arabiya TV.
The Iran-backed Yemeni Houthi militia has recently intensified cross-border ballistic missile and drone attacks against Saudi Arabia and the United Arab Emirates.
The Houthi militia lost several strategic districts in the oil-rich provinces of Shabwa and Marib in central Yemen last month.

Photo – A man watches TV news on Yemen’s Houthi rebels attacking the Abha International Airport in the southern province of Saudi Arabia, in Sanaa, Yemen, July 2, 2019. (Xinhua/Mohammed Mohammed)